Wednesday 22 July 2015

တရုတ်အရှေ့ပိုင်းတွင် ပေါက်ကွဲမှုကြောင့် (၃) ဦး သေဆုံး

တရုတ်နိုင်ငံအရှေ့ပိုင်း၊ ရှန်တုန် ပြည်နယ်ထဲရှိ ပန်းခြံတစ်ခုတွင် ပေါက်ကွဲမှု တစ်ခုဖြစ်ခဲ့ရာ ဖောက်ခွဲသူဟု သံသယရှိရသူ အပြင် အခြားလူနှစ်ဦးပါ သေဆုံးခဲ့ရကြောင်း ဆင်ဟွာသတင်းက ဖော်ပြသည်။

တနင်္လာ ညပိုင်းတွင် ဖြစ်ခဲ့သော ထိုပေါက်ကွဲမှုတွင် သံသယရှိသည့် တိုက်ခိုက်သူမှာ (၃၃)နှစ်အရွယ် အလုပ်လက်မဲ့ တစ်ဦးဖြစ်သော ရှီရှင်းတန်ဆိုသူ ဖြစ်ကြောင်း သိရသည်။ ဆင်ဟွာသတင်းကမူ ထိုတိုက်ခိုက်မှုမှာ မည်သည့် ရည်ရွယ်ချက်ကြောင့် ဖြစ်ခဲ့သည်ဆိုသည်ကို ထုတ်ဖော်ခြင်း မရှိပေ။ တရုတ်လူမှုကွန်ရက် Weibo တွင် ပြန့် နှံ့ နေသော ပုံများအရ ရဲတပ်ဖွဲ့မှာ ထိုပေါက်ကွဲမှုဖြစ်သည့် နေရာကို တားမြစ်နယ်မြေ လုပ်ထားပြီး အပျက်အစီးများစွာ တွေ့နေရကာ လူအများစုလည်း ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။

ဆင်ဟွာ သတင်းတွင်လည်း ဒဏ်ရာရသူများမှ သုံးဦးမှာ အရေးပေါ် အခြေအနေ ဖြစ်နေကြောင်း ဆိုသည်။ တရုတ်ပြည်သူ့ နေစဉ်သတင်း ဖော်ပြချက်တွင်မူ တိုက်ခိုက်ခဲ့သည့် တရားခံရှီမှာ စိတ်ကျန်းမာရေး မကောင်းသူ ဖြစ်ပြီး၊ မကြာမီကလည်း စိတ်အခြေအနေ ပိုမိုဆိုးရွားလာခဲ့သူ ဖြစ်ကြောင်း ဖော်ပြထားသည်။ 

Source: Reuters
Messenger News Journal 

No comments:

Post a Comment