Wednesday 22 July 2015

ဦးကိုကိုကြီးအပါအဝင် ငါးဦးကို တရားရုံးက ဒဏ်ငွေတစ်သောင်း ချမှတ်”.

တောင်ဥက္ကလာပမြို့နယ်တရားရုံးရှေ့တွင် တွေ့ရသော ဦးကိုကိုကြီး / ဓာတ်ပုံ-ဂျေမောင်မောင်(အမရပူရ) 
ပုဒ်မ၁၉ဖြင့် အမူဖွင့်အရေးယူခံထားရသော ၈၈ ငြိမ်း/ပွင့်မှ ဦးကိုကိုကြီး အပါအဝင် ငါးဦး၏အမှုကို တောင်ဥက္ကလာပမြို့နယ်ရဲတပ်ဖွဲ့က ယနေ့နေလည်ပိုင်းတွင် တရားရုံးသို့ လွှဲပို့ပြီးနောက် ချက်ချင်းပင် မြို့နယ် တရားသူကြီးက အမှုအား စစ်ဆေးခြင်းမရှိဘဲ အမိန့်ချမှတ်လိုက်သည်။ 


ဦးကိုကိုကြီးအပါအဝင် ငါးဦးကို ဒဏ်ငွေ တစ်သောင်းပေးဆောင်ရန် အမိန့်ချမှတ်လိုက်ခြင်း ဖြစ်ပြီး ဒဏ်ငွေမဆောင်ပါက ထောင်ဒဏ် ၂၁ ရက် ကျခံရမည် ဖြစ်သည်။

ထိုသို့ အမှုကို မစစ်ဆေးဘဲ စီရင်ချက်ချမှတ်မှုအပေါ် ဦးကိုကိုကြီးက ကန့်ကွက်ခဲ့ပြီး ဒဏ်ငွေပေးဆောင်မည်မဟုတ်ဟု မီဒီယာများအား ပြောကြားသည်။ 

ယခု ၈၈မျိုးဆက်ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းရုံးခန်းတွင် တရားရုံး၏ အမိန့် ချမှတ်မှုနှင့် ပက်သက်၍ ဦးကိုကိုကြီးက သတင်းစာရှင်းလင်းပွဲပြုလုပ်နေပြီ ဖြစ်သည်။

7Day DAILY 

No comments:

Post a Comment