Wednesday 22 July 2015

အများသုံး သောက်ရေကန်အတွင်း လူတစ်ဦး သေဆုံး

သုံးခွမြို့နယ်၊ တောစွန်းကျေးရွာရှိ အများသုံး သောက်ရေကန်အတွင်း လူတစ်ဦး ရေနစ်သေဆုံးမှုတစ်ခု ဇူလိုင်လ(၂၀)ရက် နေ့၊ ညနေ(၅)နာရီခန့်တွင် ဖြစ်ပွားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ထုတ်ပြန်ချက်အရ သိရသည်။

သေဆုံးသူမှာ သုံးခွမြို့နယ်နေ အသက် (၃၀)အရွယ် စန်းမင်းဖြစ်ပြီး၊ ၎င်းသည် အရက် အလွန်အကျွံ သောက်စားသူဖြစ်ကာ အခင်းဖြစ်ပွားသောနေ့တွင် ၎င်းမှာ နေအိမ်တဲနောက်ဘက် လယ်ကွင်းသို့ ထွက်သွားသဖြင့် ဇနီးဖြစ်သူနှင့် ဦးလေးတော်စပ်သူမှာ  လိုက်လံရှာဖွေရာမှ   နေအိမ်နှင့် အနောက်ဘက်ပေ(၂၀၀)ခန့်အကွာရှိ ပေ (၆၀) ပတ်လည်၊ အနက်ရှစ်ပေခန့်ရှိ အများသုံး သောက်ရေကန်အတွင်း ရေနစ်သေဆုံး နေသည်ကို တွေ့ရှိခြင်းဖြစ်ကြောင်း သိရသည်။

သေဆုံးသူ အလောင်းကို စစ်ဆေးရာ  မျက်နှာပြင်၊ နှုတ်ခမ်းပြာ၊ ခြေဖ၀ါး၊ လက်ဖ၀ါး တို့ တွန့်နေခြင်းအပြင် ပြင်ပဒဏ်ရာ တစ်စုံတစ်ရာ မတွေ့ရှိသဖြင့် သုံးခွမြို့နယ်၊ ပြည်သူ့ ဆေးရုံသို့ ပို့အပ်ရာ PR-020 ဖြင့် လက်ခံထားရှိ၍ ဓမ္မတာ အတိုင်း သေဆုံးခြင်း ဟုတ်မဟုတ် စစ်ဆေးနိုင်ရန် ရဲအုပ်ဝင်းဗိုလ်မှ တရားလိုပြုလုပ်၍ သုံးခွမြို့မ ရဲစခန်း၌ သေမှုသေခင်း အမှတ်စဉ်(၁၂/၂၀၁၅) ဖြင့် စစ်ဆေးအရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Messenger News Journal​ 

No comments:

Post a Comment