Wednesday 22 July 2015

စစ်ကိုင်းတိုင်း ရေဘေးကြောင့် စာသင်ကျောင်းပေါင်း ၇၀ ကျော် ယာယီပိတ်ထားရဟုဆို

 ကောလင်းမြို့နယ်ရှိ မူလတန်းကျောင်း တစ်ကျောင်း ရေကြီးနေ မှုကို တွေ့ရစဉ် ဓာတ်ပုံ-ကျော်လှမင်းမင်း
ဇူလိုင် ၁၅ ရက် မှ စတင်ရွာသွန်းခဲ့သော မိုးကြောင့် ရေကြီးရေ လျှံမှုများ ဖြစ်ပေါ်ခဲ့ပြီး စစ် ကိုင်းတိုင်းဒေ သကြီးရှိ ခရိုင်လေးခုမှ စာသင်ကျောင်းပေါင်း ၇၉ ကျောင်း ကို ယာယီပိတ်ထား ရကြောင်း တိုင်း ပညာရေးမှူးရုံးမှ သိရသည်။

တိုင်းပညာရေးမှူး ရုံးမှ လက် ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင် မြင့်မေက ''ကံကောင်းတာက ပုံနှိပ် စာအုပ်တွေတစ်ခုမှ မပျက်စီးဘူး။ ကျောင်း ဝတ် စုံတွေရောပေါ့။နောက် ပြီး ဆင်းရဲနွမ်းပါးတဲ့ စာသင်ကျောင်း တွေကိုလှူဖို့ ပို့ထားတဲ့စာသင်ခုံတွေ လဲမပျက်စီးဘူး''ဟု ပြောသည်။
ယာယီပိတ်ထားသော ကျောင်း များက ဇူလိုင် ၁၆ ရက်မှစတင်ပိတ် ထားခြင်းဖြစ်ပြီး သက်ဆိုင်ရာမြို့နယ် ပညာရေးမှူးရုံး များမှပြန်ဖွင့် နိုင်ရန် သင့်လျော်သောအချိန်ရောက်မှ ဖွင့် လှစ်မည်ဖြစ်ကြောင်း သိရသည်။

''ရေကျသွားပေမယ့် သန့်ရှင်း ရေးလုပ်ရမှာတွေရော၊ နောက်ပြီး ကလေးတွေ အတွက် ခြင်အန္တရာယ် ပိုးမွှားအန္တရာယ်တွေ မဖြစ်အောင် လုပ်ရဦးမှာ''ဟု တိုင်းပညာရေးမှူးရုံး စီမံဌာနမှ ဆရာမကြီးတစ်ဦးကပြော သည်။

ရေဘေးကျရောက်သော ဒေသ များရှိ စာသင်ကျောင်းများသို့ ကွင်း ဆင်း စာရင်းကောက် စစ်ဆေးနေ သော တိုင်းပညာရေးမှူး ဦးသိန်းမြင့် က ''ကောလင်းမြို့နယ်မှာပိတ်ထား ရတဲ့ ကျောင်း ၁၆ ကျောင်းမှာ တစ် ကျောင်း ကတော့ မကြာခင်ရက်ပိုင်း ပြန်ဖွင့် နိုင် မယ်။ ကျန်တဲ့ကျောင်း တွေကတော့ တစ်ပတ်လောက် အချိန် ယူရဦးမယ်''ဟု ပြောသည်။

ကသာခရိုင် ကောလင်းမြို့နယ် ၌ မူလတန်းစာသင်ကျောင်းအချို့ မှာ ခေါင်းမိုးထိပင် နစ်မြုပ်နေသည် အထိ အခြေအနေဆိုး ရွား ခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။

ရေကြီးရေလျှံမှုကြောင့် ပိတ် သိမ်းထားရသော ကျောင်းများ မှာ ရွှေဘို ခရိုင် ရွှေဘိုမြို့နယ်တွင် ရှစ် ကျောင်း၊ ရေဦးမြို့နယ်တွင် ခုနစ် ကျောင်း၊ ကန့်ဘလူမြို့နယ်တွင် ၁၀ ကျောင်း၊ တန့်ဆည်မြို့နယ်တွင် တစ် ကျောင်း၊ ခင်ဦးမြို့နယ်တွင် နှစ် ကျောင်း၊ ဒီပဲယင်းမြို့နယ် တွင်ခြောက် ကျောင်း၊ ယင်းမာပင်ခရိုင် ကနီမြို့ နယ်တွင် တစ်ကျောင်း၊ ကသာခရိုင် ကောလင်းမြို့နယ်တွင် ၁၆ ကျောင်း၊ အင်းတော်မြို့နယ်တွင် ၂၄ ကျောင်း၊ မုံရွာခရိုင် ဘုတလင်မြို့နယ်တွင် လေးကျောင်းတို့ဖြစ်ကြောင်း သိရ သည်။ 

KTS
Democracytoday

No comments:

Post a Comment