Wednesday 22 July 2015

ကာဇတ်စတန်တွင် ကမ်းခြေ၌ သေမင်းအသွင် ၀တ်ဆင်ပြီး သတိပေး

ကာဇတ်စတန်နိုင်ငံရှိ ကယ်ဆယ်ရေး သမားများသည် သေမင်းအသွင် ၀တ်ဆင်ပြီး ကမ်းခြေတွင် ရေကစားသူများ ဘေးကင်းလုံခြုံရေးကို လိုက်လံသတိပေးသည့် ပုံစံသစ်တစ်မျိုးကို ကျင့်သုံးလျက်ရှိကြောင်း သိရသည်။

အဆိုပါ အံ့သြဖွယ်ရာ နည်းလမ်းသစ်မှာ အတ်စ်ကာမင်နိုဂေါ့စ် ရေကန်ကြီးတွင် ရေကစားပြီးနောက် ရေနစ်သေဆုံးမှုများ စံချိန်တင် များပြားလာခြင်းကို တားဆီးနိုင်ရန် တာဝန်ရှိသူများက လုပ်ဆောင်ခဲ့သော လှုပ်ရှားမှုလည်း ဖြစ်သည်။ ကာဇတ် သတင်းဝက်ဘ်ဆိုက် Informburo အဆိုအရ ယခု နွေရာသီတွင် ပုံမှန်ထက် ပိုပူ၍ ရေကစားသူ များပြားကာ လူ(၄၀)ခန့်ထိ သေဆုံးခဲ့သည်။

တာဝန်ရှိသူများက လူအများ ရေနစ်သေဆုံးမှု များလာခြင်းမှာ လက်ရှိအပူလှိုင်း ဖြတ်သန်းမှုကို အပြစ်တင်ထားပြီး အချို့မှာလည်း ရေကစားနေချိန် အရက်သောက်ထား ကြခြင်းကြောင့် မူးပြီး ရေနစ်သေဆုံးခြင်း ဖြစ်ကြောင်း ဆိုသည်။

အချို့ရေကစားသူများကမူ ဘေးကင်းလုံခြုံရေး အတွက် ထိုသို့သေမင်းပုံစံနှင့် လူတစ်ဦးက ၎င်းတို့ အနီးရောက်လာသည်ကို မကြိုက်ကြောင်း ဆိုသည်။

“အဲဒါက တော်တော် ထူးခြားပါတယ်။ ခင်ဗျား ရေကူးနေချိန်မှာ ရုတ်တရုက်ပဲ သေမင်းပုံစံကြီး ၀တ်ထားတဲ့ သူတစ်ဦး ရောက်လာတယ်ဆိုတော့လေ”ဟု ပြော သည်။ အခြားသူတစ်ဦးကမူ ၎င်းတို့သည် ထိုသို့ သတိပေးသည်ကို ဂရုမစိုက်ဘဲ အရက်ပြင်းများ ဆက်သောက်နေပြီးနောက် ရေငုပ် ကစားခဲ့ကြောင်းလည်း ပြောသည်။

Source: BBC

No comments:

Post a Comment