Wednesday 22 July 2015

ဘရာဇီးကြယ်ပွင့် ပါတို ကို ပရီးမီးယားလိဂ်မှာ မြင်တွေ့ခွင့်ရတော့မှာလား

ကမ္ဘာ့ဘောလုံးလောကတွင် ဘရာဇီး ကစားသမားများမှာ ခြေစွမ်းပြနိုင် သူများ ဖြစ်ခဲ့ကြပြီး ဥရောပဘောလုံးရပ်ဝန်းတွင် လည်း ထင်ပေါ်ကျော်ကြား သူများဖြစ် ခဲ့ သည်။ ထိုကစားသမားများထဲ၌ ဘရာဇီး တိုက်စစ်မှူးပါတို ပါဝင်ခဲ့ပြီး အေစီမီလန် ၌ ခြေစွမ်းပြ ကစား ခဲ့သူတစ်ဦးလည်းဖြစ်ခဲ့သည်။ အသက် ၁၆ နှစ် အရွယ်ကပင် ဘရာဇီးဘော လုံးလောက၌ ပါတိုမှာ နာမည်ကျော်ကြား လာခဲ့သူဖြစ်ပြီး ပထမဆုံးစတင်ကစားခဲ့ သည့် ပွဲမှာပင် ပထမဆုံး မိနစ်၌ ပထမဆုံး ဂိုးကို သွင်းယူထားနိုင်ခဲ့ခြင်းက ပါတိုကို လူသိများစေသည့်အချက်ဖြစ်သည်။

ပါတိုသည် ပရော်ဖက်ရှင် နယ်ဘောလုံးသမားဘဝကို ငယ်မွေးခြံပေါက် အသင်း ဖြစ်သည့် အင်တာနာ စီအိုနယ်အသင်းနှင့် အတူ ၂၀၀၆ ခုနှစ် ၌စတင်ခဲ့ပြီး ၂၀၀ရ ခုနှစ်၌ စီးရီးအေက လပ် အေစီမီလန်အသင်း သို့ ရောက်ရှိလာ ခဲ့သည်။ ၂၀၀၆ ခုနှစ် တွင် ကျင်းပပြုလုပ်ခဲ့သည့် ဖီဖာကမ္ဘာ့ ကလပ်ချန်ပီယံရှစ်ပြိုင်ပွဲတွင် ပါဝင်လာခဲ့ ပြီး အင်တာနာစီအိုနယ်အသင်း အတွက် ပွဲထွက် ကစား ခွင့်ရခဲ့ရာ အာဖရိကကလပ် အယ်လ်အာလီ အသင်း ဘက် သို့ ဂိုးသွင်း နိုင်ခဲ့ခြင်းကြောင့် ဖီဖာအဆင့်ပြိုင်ပွဲများတွင် ဂိုးသွင်းယူနိုင် သည့် အသက်အငယ်ဆုံးက စားသမားအဖြစ် စံချိန်တင်နိုင်ခဲ့ သည်။ ပါ တို သည် အသက် ၁၇ နှစ်နှင့် ၁၀၂ ရက် သာရှိသေးပြီး ဖီဖာ အဆင့်ပြိုင်ပွဲ၌ ဂိုးသွင်း နိုင်ခဲ့သူဖြစ်ကာ ဘရာဇီးဂန္ထဝင်ကစား သမား ပီလီတင်ထားသည့် အသက် ၁ရ နှစ်နှင့် ၂၃၉ ရက်စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့သည်။

၂၀၀၆ခုနှစ်မှာ ပါတိုအတွက် အင်တာ နာစီအိုနယ်အသင်းနှင့် အတူ အောင်မြင် သည့်နှစ်တစ်နှစ်ဖြစ်ခဲ့ပြီး ပွဲထွက်ကစားခွင့် ၁ဝပွဲသာ ရရှိခဲ့သော်လည်း သွင်းဂိုး ၆ဂိုးအ ထိရယူပေးနိုင်ခဲ့သည်။ ထို့သို့ခြေစွမ်းပြနေ သူပါတိုကို ၂၀၀၆ချန်ပီယံလိဂ် ချန်ပီယံ အေ စီမီလန်က ၂၀၀၇၊ ဩဂုတ်၂ ရက်နေ့၌ ခေါ် ယူနိုင်ခဲ့သည်။ သို့သော် ပါတိုမှာ ဖီဖာမှ ကန့်သတ်ထားသည့် စည်းမျဉ်းများအရ ၂၀၀၈ ခုနှစ် ဇန်နဝါရီလအထိ အေစီမီလန်အသင်း အတွက် ကစားခွင့်မရခဲ့ပေ။ သူသည် နာပို လီနှင့်ရင် ဆိုင်ခဲ့သည့်ပွဲ၌ပွဲထွက် ခွင့်ရခဲ့ပြီး ဂျီနိုအာကိုအနိုင်ရသည့်ပွဲ တွင် အေစီမီလန် အတွက် အဖွင့်ဂိုးသွင်းယူပေး နိုင်ခဲ့သည်။ 

၂၀၀၇-၂၀၀၈ ဘောလုံးရာသီတွင် ဒုတိယရာသီဝက်မှသာ က စားခွင့်ရခဲ့ပြီး ပွဲပေါင်း ၂၀ ကစားပေးခဲ့ရာ သွင်းဂိုး ၉ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ သည်။ 

ပါတိုသည် ၂၀၀၇ ခု နှစ်မှ ၂၀၁ဝခုနှစ် ဘော လုံးရာသီအထိ အေစီမီ လန်အသင်းအ တွက် စီးရီးအေနှင့် ဥရောပပြိုင်ပွဲများ တွင် ခြေစွမ်းပြ ကစား နိုင် ခဲ့သော်လည်း ၂၀၁၀ ဘောလုံးရာသီ နှစ်ပွဲကစားပြီးချိန် တွင် ဒဏ် ရာရရှိခဲ့ ကာ ပွဲစဉ်သုံးပွဲကို လွဲချော်ခဲ့ခြင်း က ပါတိုအတွက် အေစီမီလန်နှင့် ဇာတ်လမ်းအ ဆုံးသတ်ရန် ဖြစ်လာခဲ့သည်ကို ထိုအချိန်က မသိခဲ့ပေ။ ဒဏ်ရာမှပြန် လည်ကောင်းမွန် လာပြီးနောက် အသင်းအတွက် ပုံမှန်ပွဲထွက် ခွင့်ရခဲ့သော်လည်း အဆိုပါရာသီတွင်ပါတို မှာ ဒဏ်ရာသုံးကြိမ်ထက်မနည်း ရရှိခဲ့ပြီး မကြာခဏအနားယူခဲ့ရခြင်းကြောင့် ခြေ စွမ်းပိုင်းကျဆင်းလာ ခဲ့သည်။

အေစီမီလန်အသင်းနှင့်ပွဲထွက်ကစား ခွင့်ရချိန်တွင် ဘာစီလိုနာအသင်းဘက် သို့ ချန်ပီယံလိဂ်၏ ငါးကြိမ်မြောက်အမြန်ဆုံး ဂိုးကို သွင်းယူနိုင်ခဲ့ပြီး ၂၀၁၂ဘော လုံးရာသီ မှာ တံကောက်ကြောဒဏ်ရာမှာ ပိုမိုဆိုးရွား လာခဲ့ပြီး ပွဲထွက်ခွင့်ရရန် ရုန်းကန်ခဲ့ရသည်။ ထို့ကြောင့်ပင် ၂၀၁၃၊ ဇန်နဝါရီ ၃ရက်နေ့ တွင် ပါတိုကို ဘရာဇီးကလပ်ကိုရင်သီရန် အသင်း က ပြောင်းရွှေ့ကြေးပေါင် ၁၂ဒသမ ၁၈သန်းအသုံးပြုပြီး အေစီမီလန် အသင်းထံ မှ ခေါ်ယူခဲ့သည်။ ပါတိုသည် ကိုရင်သီရန် အသင်းနှင့်အတူ ပွဲဦးထွက်ပွဲစဉ် အဖြစ် အော့စ် တီနှင့်ဆုံတွေ့ခဲ့ရာ ပထမဆုံးထိချက်မှာပင် ပထမဆုံးဂိုးကို သွင်းယူနိုင်ခဲ့သည်။ ကိုရန် သီရန်အသင်းအတွက် ပွဲပေါင်း ၃ဝကစား ခဲ့ပြီး ၉ဂိုးသွင်းယူနိုင်ပြီးနောက် ဆာအိုပေါ် လိုအသင်းသို့ အငှားချခံခဲ့ရသည်။

ဘရာဇီးလက်ရွေးစင်အသင်းတွင် လည်း ပါတိုမှာခြေစွမ်းပြနိုင်ခဲ့သူဖြစ်ပြီး ၂၇ ပွဲကစားပေးခဲ့ပြီး ၁ဝဂိုးသွင်းယူပေးနိုင်ခဲ့ သည်။ သို့သော်ပါတိုမှာ ၂၀၁၂ခုနှစ်နောက် ပိုင်းတွင် လက်ရွေးစင်အသင်းအတွက်ရွေး ချယ်ခံ ရခြင်းမရှိတော့ပေ။ လက်ရှိအချိန်တွင် အသက် ၂၅နှစ်အရွယ်သာ ရှိသေးပြီး ခြေ စွမ်းအကောင်းဆုံးပိုင်ဆိုင်ထားသေးသည့် ပါတိုမှာ ပရီးမီးယားလိဂ်ကလပ်အသင်းအ များစု၏ ခေါ်ယူရန် ပစ်မှတ်ထား ခံနေရသည် ဟု ဘရာဇီးမီဒီယာများ တွင် ဖော်ပြလျက်ရှိ နေ သည်။

ပါတိုကိုခေါ်ယူရန် ပရီးမီးယား လိဂ်အလယ်အလတ်အသင်းများက စိတ်ဝင် စားနေကြပြီး လန်ဒန်သို့မဟုတ် မန်ချက်စ တာမြို့ သို့ရောက် ရှိရန် ရှိနေကြာင်း၊ ထို့အ တူ ခရစ္စတယ်ပဲလေ့စ်၊ ဝက်စ်ဟမ်းအသင်း များကလည်း ပါတိုကိုခေါ်ယူရန် ချဉ်းကပ် မှုများပြုလုပ်နေကြောင်း သိရသည်။ ထို သို့သော အရည်အချင်းများရှိနေသည့် ပါ တိုကို ပရီးမီးယားလိဂ်တွင် ပြန်မြင်တွေ့ရ မည့်အရေးကိုမူ စောင့်ကြည့်ရပေမည်။

AST
Democracytoday

No comments:

Post a Comment