Wednesday 22 July 2015

ခုနှစ်ပေခန့်ရှည်သော လင်းပိုင် ကျောက်ဖြူပင်လယ်ကမ်းခြေတွင် သောင်တင်သေဆုံး

သေဆုံးလင်းပိုင်အားတွေ့ရစဉ်- ဓာတ်ပုံ- နိရဉ္စရာ/ သိန်းဇော်
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ဇင်ချောင်းပင်လယ်ကမ်းခြေတွင် လွန်ခဲ့သော ရက်အနည်းက အရှည် ၇ ပေခန့်ရှိသော ရခိုင်အခေါ် လင်းရှူ၊ မြန်မာအခေါ် လင်းပိုင် တစ်ကောင်အား သောင်တင် သေဆုံးလျက် တွေ့ရှိခဲ့ရသည်ဟု သိရသည်။


မည်ကဲ့သို့သော အကြောင်းကြောင့် လင်းပိုင် ခုလို သေဆုံးပြီး သောင်တင်နေသည်ကို မသိ ရှိရသေးသော်လည်း ဒေသခံများကမှု အသက်အရွယ်ကြီးရင့်လာရာမှ သောင်ပေါ်တင် သေဆုံးခြင်း ဖြစ်နိုင်ကြောင်း ခန့်မှန်း ပြောဆိုကြသည်ဟု ဒေသခံ တစ်ဦးဖြစ်သူ ဦးသိန်းဇော်က ပြောသည်။

“ ခန္ဓာကိုယ်ပေါ်မှာ ဒဏ်ရာ ဒဏ်ချက်မပါတဲ့ အတွက် လူတွေ ခန့်မှန်းတာကတော့ အသက်အရွယ်ကြီးရင့်လို့ သေတယ်လို့ဘဲ မှတ်ယူကြတယ်။ လင်းပိုင်တွေ အသက်အရွယ်ကြီးရင့်လာရင် ခုလိုဘဲ သောင်ပေါ်တက်ပြီး သေကြတယ်လို့ လူကြီးတွေက ပြောပါတယ်” ဟု ဆိုသည်။

ရခိုင်ပြည်နယ် ကျောက်ဖြူ ပင်လယ်တွင် ယခုအခါ ရေနံတင် သင်္ဘောကြီးများ ၀င်ထွက်သွားလာမှု များပြားလာသဖြင့် ရေနေသတ္တ၀ါများအတွက် အန္တရာယ်များရှိနေသည်ဟုလည်း သူကဆိုသည်။

နိရဉ္စရာ 

No comments:

Post a Comment