Friday 10 July 2015

ရွေးကောက်ပွဲမတိုင်မီ အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးရန် ကေ အင်န်ယူသဘောတူ

အစိုးရနှင့် တိုင်း ရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအကြား တစ်နိုင်ငံလုံး အပစ်အခတ်ရပ် စဲရေးစာချုပ်ကို ရွေးကောက်ပွဲမတိုင်မီ လက်မှတ်ရေးထိုးနိုင်ရေး နိုင်ငံ တော်သမ္မတ၏ သဘောထားကိုက ရင်အမျိုးသားအစည်းအရုံး (KNU) က သဘောတူညီကြောင်း ပြောကြား လိုက်သည်။

''ကျွန်တော်တို့အနေနဲ့လဲ သဘောထားက တစ်သဘောထားထဲ ရှိပါတယ်။ အဖွဲ့တွေအနေနဲ့လဲ ဆက် ပြီး တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်နေ ကြတယ်လေ။ အမြန်ဆုံးလက်မှတ်ရေး ထိုးနိုင်ရင် ကောင်းပါတယ်'' ဟု က ရင်အမျိုးသားအစည်းအရုံး (KNU) အထွေထွေအတွင်းရေးမှူးချုပ် ပဒို စောကွယ်ထူးဝင်းက ပြောသည်။

ဇူလိုင် ၉ ရက်က ပြည်သူသို့ပြော ကြားခဲ့သည့် ရေဒီယိုမိန့်ခွန်းတွင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က အ ပစ်ရပ်စာချုပ်အား ရွေးကောက်ပွဲမတိုင်မီ လက်မှတ်ရေးထိုးနိုင်ရန် ကြိုး ပမ်းမည်ဟု ပြောကြားသွားခဲ့သည်။

''အစိုးရအနေနဲ့လဲ ဒီအဆင့်ထိ တက်လှမ်းလာနိုင်အောင် ကြိုးပမ်း ပေးခဲ့ကြ တဲ့ ခေါင်းဆောင်အသီးသီး ရဲ့ နိုင်ငံရေးစေတနာကို လေးစားတဲ့အတွက် ဒီ NCA စာချုပ်ကို ရွေး ကောက်ပွဲမတိုင်မီ လက်မှတ်ရေးထိုးနိုင်ဖို့ ဆက်လက် ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ် ဟာ အခု အချိန်ထိ အခြေအနေကောင်းများ ရှိနေသေးတယ်လို့လဲ အလေးအ နက် ယုံကြည်ထားပါတယ်''ဟု နိုင်ငံတော် သမ္မတက မိန့်ခွန်းတွင်ပြောကြား သွား ခဲ့သည်။

လက်ရှိတွင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်းအား တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့် အစိုးရအကြား သဘောတူ လက်မှတ်ရေးထိုးထားပြီး တိုင်း ရင်းသား လက်နက်ကိုင်အဖွဲ့များက အဆိုပါ စာချုပ်မူကြမ်းပါ အချက်အချို့အား ပြန်လည်ပြင်ဆင်လို၍ ထပ်မံ ညှိနှိုင်းဆွေးနွေးနေကြခြင်းဖြစ်သည်။

စာချုပ်လက်မှတ်ရေးထိုးနိုင်ရေး အတွက် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များ၏ NCA အဆင့်မြင့် ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့၏ ဒုတိယအကြိမ် အစည်းအဝေးကို ဇူ လိုင် ၂ ရက်မှ ၅ ရက်အထိ ထိုင်းနိုင် ငံ ချင်းမိုင်မြို့တွင်ပြုလုပ်ခဲ့ပြီး ဇူလိုင် လတတိယပတ်အတွင်း ပြည်ထောင် စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် တွေ့ဆုံ ညှိနှိုင်းဆွေးနွေးသွားမည်ဖြစ်သည်။

NY(MMK)
‎Democracytoday‬

No comments:

Post a Comment