Friday 10 July 2015

ဗြိတိန်က လူသားချင်းစာနာထောက်ထားမှု အကူအညီ ပေါင် ၈၂ သန်း ထောက်ပံ့မည်

လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ အကူအညီ အနေဖြင့် မြန်မာနိုင်ငံကို ဗြိတိန် နိုင်ငံက ယခုနှစ်အတွင်း ပေါင် ၈၂ သန်း ထောက်ပံ့ရန် လျာထား ကြောင်း ဗြိတိန်အစိုးရ၏ နိုင်ငံတ ကာဖွံ့ဖြိုးရေးဝက်ဘ်ဆိုက်တွင် သတင်းထုတ်ပြန်ထားသည်။

ဗြိတိန်နိုင်ငံ၏ လူသားချင်း စာနာထောက်ထားမှုအကူအညီ ရရှိသော နိုင်ငံများစာရင်းတွင် မြန် မာနိုင်ငံက ထောက်ပံ့ကြေးငွေအ များဆုံးရရှိသော နိုင်ငံဖြစ်ကြောင်း ဗြိတိန်အစိုးရက ထုတ်ပြန်သည်။

‘‘ကြမ်းတမ်းတဲ့ခရီးရှည်ကြီး တွေ ဖြတ်သန်းပြီး ဒေသအတွင်း နိုင်ငံတွေကို ဘင်္ဂါလီ (မူရင်းအသုံးအနှုန်းတွင် ရိုဟင်ဂျာ)တွေ သွားနေရတာဆိုတာ ရှင်းပါတယ်။ မြန်မာပြည်မှာ ရိုဟင်ဂျာတွေရဲ့ အခြေခံလူနေမှုအခြေအနေတွေက ကြမ်းတမ်းနေလို့ပါပဲ။ ဒီပြဿနာမယုံနိုင်လောက်အောင် ရှုပ်ထွေးပြီး အဖြေမရှိတဲ့ ပြဿနာတစ်ခုပါပဲ’’ဟု ကူညီထောက်ပံ့ရခြင်းနှင့် ပတ်သက်၍ နိုင်ငံတကာဖွံ့ဖြိုးရေးဝန်ကြီး Mr. Desmond Swayne က ပြောသည်။

အဆိုပါ ထောက်ပံ့ငွေဖြင့် ရခိုင်ပြည်နယ်တွင် နေထိုင်သော ဘင်္ဂါလီဒုက္ခသည်များ နေထိုင်စား သောက်ရေးအတွက် အစားအ သောက်ပေးဝေရေး၊ သန့်ရှင်း သော ရေပေးဝေရေးနှင့် လူမှုဘ၀ များတွင် အသုံးပြုမည် ဖြစ်ကြောင်း ဗြိတိန်အစိုးရက ဆိုသည်။

မိခင်လောင်းများ၊ အမျိုး သမီးများနှင့် (၅) နှစ်အောက် က လေးငယ်များအား ထောက်ပံ့ကူညီမည့် အစီအစဉ်များလည်း ပါဝင် သည်။

၂၀၁၅-၁၆ ဘဏ္ဍာနှစ် အတွင်း မြန်မာနိုင်ငံအား လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရန် ပေါင် ၈၂ သန်း လျာထားရာမှ ပေါင် ခြောက်သန်းကို ယခုနှစ်ဆန်းပိုင်းတွင် ကူညီပေးခဲ့ပြီးဖြစ်သည်။ ၂၀၁၂ မှစတင်ကာ ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်များအား ဗြိတိန်နိုင်ငံက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးရန် စုစုပေါင်း ပေါင် ၁၈ သန်းသုံးစွဲခဲ့သည်။

 ယခုနှစ်အတွက် ဗြိတိန်နိုင်ငံက ထောက်ပံ့ကူညီရန် လျာထားသော ငွေကြေးသည် ယခင်နှစ်များထက် ပိုများသည်။

7Day DAILY 

No comments:

Post a Comment