Friday 10 July 2015

တောင်သူလယ်သမားကျောမွဲတွေဘဝကို သရုပ်ဖော်မယ့်‘ငဘ’ဇာတ်ရုပ်နဲ့ ကျော်သူ

သုဘရာဇာဇာတ်ရုပ် ‘ပရော်ဖက်ဆာဒေါက်တာဆိတ်ဖွား’ဇာတ်ကားဖြင့် အနုပညာလောကသို့ တစ်ကျော့ပြန် ပြန်လည်ဝင်ရောက်လာသည့် ကျော်သူက ဂျပန်ခေတ်တောင်သူလယ်သမားတစ်ယောက်၏ဘဝကို ပုံဖော်ရိုက်ကူးမည့် ‘ငဘ’ရုပ်ရှင် တွင် ပါဝင်ရိုက်ကူးရန် လက်ခံထားကြောင်း ပြောသည်။

‘‘ဆရာကြီးမောင်ထင်ရဲ့ ‘ငဘ’ကိုရိုက်မှာပါ။ အရင်ကတည်းကပြောထားတဲ့ အတိုင်း ပြည်သူ လူထုအတွက် အကျိုးရှိမယ့်ဟာ ဆိုရင် လုပ်မယ်လို့ပြောထား တယ်။ ဒါကလည်း တောင်သူလယ်သမားတွေရဲ့ ဘဝအတွက် ရေးထားတဲ့ ဇာတ် မို့လို့ လက်ခံဖြစ် တာ’’ဟု ၎င်းကပြောသည်။

ယင်းရုပ်ရှင်ကို ဒါရိုက်တာ ခင်စောမျိုးနှင့်မျိုးထူးတို့က တာဝန်ယူရိုက်ကူးမည် ဖြစ်ပြီး ဇူလိုင်လကုန်ပိုင်း၌ စတင်ရိုက်ကူးမည် ဟု သိရသည်။ အဆိုပါရုပ်ရှင် ရိုက်ကူးရန် ဇာတ်လမ်းကို လွန်ခဲ့သည့်တစ်ပတ်က တင်ထားပြီး ကျော်သူနှင့် အတူ ကျော်ရဲအောင် လည်း ပါဝင်မည်ဖြစ်ကြောင်း ဒါရိုက်တာခင်စောမျိုးက ပြောသည်။ ကျော်သူသည် ရုပ်ရှင်လောကမှ နှစ်အတန်ကြာအနားယူခဲ့ပြီး ယခုနှစ်အတွင်း ပရော်ဖက်ဆာ ဒေါက်တာဆိတ်ဖွားရုပ်ရှင်ကို ပြန်လည် ရိုက်ကူးခဲ့သည်။

7Day DAILY 

No comments:

Post a Comment