Friday 10 July 2015

ဓာတုလက်နက်များ တားမြစ်ရေးအဖွဲ့တွင် မြန်မာပါဝင်လာ

မြန်မာနိုင်ငံသည် ဓာတု လက်နက်များဆိုင်ရာ သဘောတူ ညီချက်ကို အတည်ပြုလက်မှတ် ရေးထိုးလိုက်ပြီး ဓာတုလက်နက်များ တားမြစ်ရေးအဖွဲ့(OPCW) ၏ အမှတ်စဉ်(၁၉၁)မြောက် အဖွဲ့ဝင် နိုင်ငံ ဖြစ်လာတော့မည်ဟု OPCW က ဇူလိုင် ၉ ရက်တွင်ကြေညာသည်။

မြန်မာနိုင်ငံအဖွဲ့ဝင်ဖြစ်မှု မှာ ရက်ပေါင်း ၃၀ အတွင်း သက် ရောက်မှုရှိတော့မည် ဖြစ်သည်။ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံ များအားလုံးအနက် ထိုသဘော တူညီချက်ကို အတည်ပြုလက် မှတ်မရေးထိုးဘဲ မြန်မာအပါအ ၀င် ကျန်ရှိနေသည့် နိုင်ငံခြောက်နိုင်ငံသားရှိခဲ့ရာ ယခုအချိန်တွင် အင်ဂိုလာ၊ အီဂျစ်၊ အစ္စရေး၊ မြောက်ကိုရီးယားနှင့် တောင်ဆူဒန်တို့သာ ကျန်ရစ်တော့သည်။

‘‘မြန်မာရဲ့ အဖွဲ့ဝင်မှုဟာ ဓာတုလက်နက်တွေကို ကမ္ဘာအ နှံ့၊ အထူးသဖြင့် အာရှမှာ တားမြစ် မှုကို သိသိသာသာ ထင်ထင်ရှား ရှား ခိုင်မာစေလိမ့်မယ်’’ဟု OPCW ညွှန်ကြားရေးမှူးချုပ် အာမက်ယူ ဇမ္မက္ကယူးက ပြောကြားသည်။

ဇန်န၀ါရီက ပြုလုပ်ခဲ့သော OPCW အလုပ်အမှုဆောင်ကောင် စီ(၄၈)ကြိမ်မြောက် အစည်းအ ဝေးတွင် မြန်မာသည် ထိုပဋိညာဉ် ကို အတည်ပြုလက်မှတ်ရေးထိုးရန် မဲ ပေးခဲ့ပြီး သမ္မတဦးသိန်းစိန်၏ လက်မှတ်အတွက် စာရွက်စာတမ်းနှင့် တရားဝင်တင်ပြမှုကို ကမ္ဘာ့ ကုလသမဂ္ဂ အထွေထွေအတွင်း ရေးမှူးချုပ်ထံသို့ တင်သွင်းမည် ဖြစ်ကြောင်း ကြေညာခဲ့သည်။

မြန်မာနိုင်ငံသည် ဓာတု လက်နက်များ ဆိုင်ရာသဘောတူ ညီချက် (CWC) ကို ၁၉၉၃ ဇန်န ၀ါရီ ၁၄ ရက်တွင် လက်မှတ်ရေး ထိုးခဲ့ဖူးသည်။ ပြင်သစ်နိုင်ငံ ပါရီ မြို့တွင် ထိုပဋိညာဉ်ကို လက် မှတ်ရေးထိုးရန် ဖွင့်လှစ်ထားခဲ့ပြီး နောက်တစ်ရက်တွင် ဖြစ်သည်။ သို့သော် အတည်ပြုလက်မှတ် ရေးထိုးခြင်းဖြင့် မြန်မာသည် ဓာတု လက်နက်များ ဖျက်သိမ်းသည့် ၁၉၁ နိုင်ငံမြောက် အဖွဲ့ဝင်နိုင်ငံ ဖြစ်လာစေသည်။ တရားဝင်တင် ပြပြီးနောက် တစ်လအကြာတွင် ပဋိညာဉ် သက်ရောက်မှုရှိမည် ဖြစ်သည်။

‘‘မြန်မာနိုင်ငံဟာ သဘော တူညီချက်အောက်မှာ တာဝန်တွေ ကို ဖြည့်ဆည်းဆောင်ရွက်ဖို့ ဆန္ဒ ရှိပြီး ဓာတုလက်နက် လုံးဝကင်း စင်တဲ့ ကမ္ဘာတစ်ခုကို ဆောင် ကြဉ်းဖို့အတွက် တခြားနိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ စောင့်စား မျှော်လင့်ပါတယ်’’ဟု မြန်မာနိုင်ငံ ခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် က ကြေညာချက်တစ်ခုတွင် ပြော ကြားခဲ့သည်။

နယ်သာလန်နိုင်ငံ အခြေစိုက် OPCW အဖွဲ့ကို ၁၉၉၇ တွင် ဖွဲ့စည်းခဲ့ပြီး ဓာတုလက်နက် တားမြစ်ရေးစာချုပ်ကို အကောင်အ ထည်ဖော်ရန် ရည်ရွယ်ခဲ့သည်။ ဆီးရီးယားနိုင်ငံတွင် ဓာတုလက် နက်ဖျက်သိမ်းရေး ကြိုးပမ်းမှု ကြောင့် ၂၀၁၃ ၌ ငြိမ်းချမ်းရေး နိုဗယ်ဆု ရရှိခဲ့သည်။

မြန်မာနိုင်ငံသည် ၁၉၇၂ ဇီဝ လက်နက်များဆိုင်ရာ သဘောတူ ညီချက် (BWC)ကို ၂၀၁၄ ဒီဇင်ဘာ ၁ ရက်တွင် အတည်ပြု လက်မှတ်ရေးထိုးခဲ့ပြီးနောက် BWC ၏ (၁၇၁)နိုင်ငံမြောက် အဖွဲ့ဝင်နိုင်ငံ ဖြစ်လာခဲ့သည်။

7Day DAILY 

No comments:

Post a Comment