Friday 10 July 2015

လူစုံတက်စုံ ဖျော်ဖြေမယ့် အိုင်စီရဲ့ မိုးရာသီရော့ခ်ဂီတပွဲ

 အိုင်းရင်းခရော့စ်အဖွဲ့၏ မိုးရာသီရော့ခ် ဂီတပွဲတော်ကို ဩဂုတ် ၁ ရက်တွင် ပြုလုပ်မည် ဖြစ်ကြောင်း သတင်းရရှိသည်။

ယင်းဖျော်ဖြေပွဲကို မင်းဓမ္မ လမ်းရှိ MCC ခန်းမ၌ ပြုလုပ်မည် ဖြစ်ပြီး ည ၇ နာရီမှစ၍ ဖျော်ဖြေ ပေးမည်ဖြစ်သည်။

‘‘ဒီပွဲကတော့ အရင်လို လေး နာရီနီးပါးကြာတဲ့ ဖျော်ဖြေပွဲပါ။ မိုးရာသီရော့ခ်ဖျော်ဖြေပွဲပေါ့’’ဟု ယင်းဖျော်ဖြေပွဲစီစဉ်သည့် ပုဂံ အင်တာတိန်းမန့်မှ ဈေးကွက်မန် နေဂျာ ကိုညီက ပြောသည်။

ဖျော်ဖြေပွဲတွင် အိုင်းရင်း ခရော့စ်အဖွဲ့၏ ပင်တိုင်အဆိုရှင် များဖြစ်သည့် လေးဖြူ၊ အငဲ၊ မျိုးကြီးနှင့် ဝိုင်ဝိုင်းတို့ လေးဦးက ဖျော်ဖြေပေးမည်ဖြစ်ပြီး ဧည့်သည် အဆိုရှင်ပါဝင်ခြင်းမရှိဟု ၎င်းက ပြောသည်။

အိုင်းရင်းခရော့စ်အဖွဲ့ဝင် များ၏ မိနစ် ၉၀ စာ  တစ်ကိုယ် တော်ဖျော်ဖြေပွဲများကို ပြီးခဲ့သည့် မေလမှစတင်ကျင်းပခဲ့ပြီး လေး ဖြူ၊ အငဲနှင့် မျိုးကြီးတို့၏ တစ် ကိုယ်တော်ဖျော်ဖြေပွဲများ ဆက် တိုက်ပြုလုပ်ခဲ့ကာ ဝိုင်ဝိုင်း၏ တစ်ကိုယ်တော်ဖျော်ဖြေပွဲကို ဩဂုတ်အတွင်း ပြုလုပ်မည်ဖြစ် သည်။

7Day DAILY 

No comments:

Post a Comment