Friday 10 July 2015

အထောက်အထားမပါသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားနှင့် ဖိလစ်ပိုင်နိုင်ငံသူ ဘူးသီးတောင်မြို့တွင် ဖမ်းမိ

အထောက်အထား တစ်စုံတစ်ရာမပါသည့် ဘင်္ဂလား ဒေ့ရှ်နိုင်ငံသား တစ်ဦးနှင့် ဖိလစ် ပိုင်နိုင်ငံသူ တစ်ဦးတို့ကို ဘူးသီး တောင်မြို့ အမြန်ရေယာဉ်ဆိပ် ကမ်းတွင် ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

မြ၀တီနယ်စပ်မှ ၀င်ရောက် လာသော ဘင်္ဂလားဒေ့ရှ်နိုင်ငံသား နှင့် ဖိလစ်ပိုင်နိုင်ငံသူတို့ကို စစ် တွေမှ ဘူးသီးတောင်သို့ ထွက်ခွာ လာသည့် အမြန်ရေယာဉ်ပေါ်တွင် ဇူလိုင် ၅ ရက်က ဖမ်းဆီးမိခဲ့ပြီး လူဝင်မှုကြီးကြပ်ရေး(ချုပ်နှောင်ခြင်း) နည်းဥပဒေအပိုဒ် ၂ (၁) အရ ချုပ်နှောင်ထားကြောင်း ဘူးသီးတောင်မြို့မရဲစခန်းမှ သတင်းရရှိသည်။

‘‘လောလောဆယ်ချုပ်ထား ပြီးတော့ စစ်ဆေးမှုတွေ ပြုလုပ် နေပါတယ်။ စစ်ဆေးမှုတွေအရ မြ၀တီ နယ်စပ်က ၀င်လာတာလို့ ပြောပါတယ်။ ဥပဒေနဲ့အညီ လာရာလမ်းအတိုင်း ပြည်နှင်မိန့် လျှောက်ထားဆဲဖြစ်ပါတယ်’’ဟု ခရိုင်လ၀ကဦးစီးဌာနမှ တာဝန်ရှိ သူတစ်ဦးကပြောသည်။

ဘူးသီးတောင်မြို့မှ အရပ် ဘက်အဖွဲ့အစည်းလူမှုကွန်ရက် အဖွဲ့ဝင်တစ်ဦးကလည်း ‘‘မြ၀တီ ကနေလာပြီးတော့ မြန်မာနိုင်ငံကို ဖြတ်လာတာ ဘူးသီးတောင်မှာပဲ ဖမ်းမိတယ်ဆိုတော့ လုံခြုံရေး ဘယ်လောက်ကျိုးပေါက်နေ တယ်ဆိုတာ သိသာနေပါတယ်’’ ဟု ပြောသည်။

7Day DAILY

No comments:

Post a Comment