Friday 10 July 2015

လေဖိအားနည်းရပ်ဝန်း မရှိတော့သော်လည်း မုတ်သုံလေကြောင့် ဒေသအချို့ နေရာကွက်၍ မိုးကြီးနိုင်

ဘင်္ဂလားပင်လယ်အော် မှ လေဖိအားနည်းရပ်ဝန်းမှာ အိန္ဒိယကမ်းခြေဘက်သို့ ၀င် ရောက်သွားပြီဖြစ်သော်လည်း မုတ်သုံလေ အားကောင်းနေဆဲ ဖြစ်သောကြောင့် နေရာကွက် မိုးကြီးမည့် ဒေသများရှိနေသေး သည်ဟု မိုး/ဇလဌာနမှ သတိပေး ထားသည်။

ဘင်္ဂလား ပင်လယ်အော် အနောက်မြောက်ပိုင်း၌ ဇူလိုင် ၈ ရက်က ဖြစ်ခဲ့သည့် လေဖိအား နည်းရပ်ဝန်းမှာ ဇူလိုင် ၉ ရက်တွင်အိန္ဒိယကမ်းခြေဘက်သို့ ၀င် ရောက်သွားပြီဖြစ်သည်ဟု မိုး/ဇလဌာနမှ ဒုတိယညွှန်ကြားရေး မှူးချုပ် ဦးကျော်မိုးဦးက ပြော ကြားသည်။

သို့သော်မြန်မာ့ပင်လယ်ပြင် နှင့် ကမ်းရိုးတန်းဒေသများတွင် မုတ်သုံလေ အားကောင်းနေဆဲ ဖြစ်ကာ ရခိုင်၊ မွန်၊ ကရင်ပြည် နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး တို့တွင် နေရာကွက်၍ မိုးကြီးနိုင် ကြောင်း ထုတ်ပြန်ထားသည်။ မြန်မာ့ကမ်းရိုတန်းတစ်လျှောက် နှင့် ပင်လယ်ပြင်တွင်လည်း မိုး သက်လေပြင်းများ ကျရောက်နိုင် ကာ တစ်နာရီလျှင် မိုင် ၄၀ အထိ တိုက်ခတ်နိုင်သည်ဟု သတိပေး ထားသည်။

7Day DAILY 

No comments:

Post a Comment