Friday 10 July 2015

မြန်မာပြည်မြောက်ဖျားမြေခွေးများကြားက သနားစရာမီးအိမ်ရှင်မလေးများ အပိုင်း (၁)

လက်ရှိအပစ်အခတ်ရပ်စဲရေးစာချုပ်(NCA)အား လက်မှတ်ရေးထိုးရန် ကြန့်ကြာနေစေသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များတွင် KIA အဖွဲ့သည် ထိပ်ဆုံးကဖြစ်ကြောင်း ပြုလုပ်ခဲ့သော ငြိမ်းချမ်းရေး ဆွေးနွေးပွဲ များ၊ တိုင်းရင်းသား ညီလာခံများရှိထုတ်ပြန်ကြေညာချက်များက သက်သေပြလျက်ရှိပါသည်။ KIA အဖွဲ့သည် အစိုးရအဆက်ဆက်နှင့် အကြိမ်ကြိမ် အပစ်အခတ်ရပ်စဲရေး ဆောင်ရွက်ခဲ့သော်လည်း တကယ်တမ်း ငြိမ်းချမ်းရေးစာချုပ် လက်မှတ်ထိုးရန် ၎င်းတို့ အတွက် ရည်ရွယ်ချက်မရှိခဲ့ဘဲ ၀မ်ပေါင်နိုင်ငံအဖြစ် သီးခြား ခွဲထွက်လိုသော ရည်ရွယ်ချက်သာ ထားရှိခဲ့ပါသည်။ သို့ဖြစ်၍ ခေတ်အဆက်ဆက်ငြိမ်းချမ်းရေး ဆွေးနွေးစဉ်ကာလများတွင် မဖြစ်နိုင်သည့် ခွဲထွက်ရေးတောင်း ဆိုချက်များတောင်းဆိုကာ ၎င်းတို့အဖွဲ့အစည်း လူအင်အား၊ လက်နက်အင်အား၊ စီးပွားရေးအင်အားတောင့်တင်းရန်အတွက်သာ ဆောင်ရွက်ခဲ့ ကြောင်း တွေ့ရှိရပါသည်။
KIA သည် ကချင်ပြည်နယ်မှ မြေအောက်သယံဇာတများ တရားမ၀င် တူးဖော်ရောင်းချခြင်း၊ တစ်ဖက်နိုင်ငံသို့ သစ်တော သယံဇာတများ တရားမ၀င်ခိုးထုတ်ခြင်း၊ မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းဝယ်ခြင်း၊ လက်နက်မှောင်ခို ရောင်းဝယ်ခြင်း၊ ဒေသခံပြည်သူလူထုထံမှ အတင်းအဓမ္မ ဆက်ကြေးကောက်ခံခြင်း၊ ရွှေတူးဖော်ရေး/ ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီ များထံမှ ဆက်ကြေးကောက်ခံခြင်းများဖြင့် စီးပွားရေးတောင့်တင်းလာ ခဲ့ပါသည်။ ဒါ့အပြင် KIA အဖွဲ့သည် ၎င်းတို့ ၏လက်ဦးဆရာဗကပများ၏ လမ်းစဉ်အတိုင်း ဗမာလူမျိုးကြီးဝါဒဖြင့် ဒေသခံတိုင်ရင်းသားများ အားစည်းရုံးခြင်း၊ အတင်း အဓမ္မ လူသစ်စုဆောင်းခြင်းများဖြင့် လူအင်အားတောင့်တင်း လာခဲ့ပါသည်။ သို့ဖြစ်၍ KIA အဖွဲ့ဝင်တို့၏ မတရား သဖြင့်ရှာဖွေထားသောစည်းစိမ်းဥစ္စာများရရှိလာသောအခါ ခေါင်းဆောင်ပိုင်းအနေဖြင့် ငွေကြေးနှင့် လက်နက်ကိုင်အာဏာ ကိုစွန့်လွှတ်ဖို့ ၀န်လေးလာကြကာ ၎င်းတို့၏ မူလ ရည်ရွယ်ချက်အတိုင်း ၀မ်ပေါင်နိုင်ငံအဖြစ် သီးခြားခွဲထွက်ရေးအတွက် ဆောင်ရွက်လာခဲ့ကြပါသည်။

အစိုးရသစ်လက်ထက် ၂၀၁၁ ခုနှစ် ဇွန်လ ၉ ရက်နေ့တွင် မိုးမောက်မြို့နယ်ရှိတာပိန်ရေအား လျှပ်စစ်စက်ရုံတွင် လုံခြုံရေးဆောင်ရွက်နေသော တပ်မတော်သားများအား ဖမ်းဆီးခေါ်ဆောင်ခြင်းမှ အစပြု၍ ပြဿနာများ တစ်ခုပြီး တစ်ခုဆောင်ရွက်ခဲ့သဖြင့် တပ်မတော်နှင့် တိုက်ပွဲများဆက်လက် ဖြစ်ပွားခဲ့ပါသည်။ တပ်မတော်မှ KIA တို့၏ ခြေကုပ် စခန်းများကို တစ်ခုပြီးတစ်ခုသိမ်းပိုက်ကာ နောက်ဆုံးလိုင်ဇာဌာနချုပ်နှင့် မလှမ်းမကမ်းရှိ ပွိုင့် ၇၇၁ တောင်ကုန်းအား သိမ်းပိုက်နိုင်ခဲ့ပါသည်။ တပ်မတော်မှ လိုင်ဇာဌာနချုပ်အား သိမ်းပိုက်လိုပါက အချိန်မရွေးသိမ်းပိုက်နိုင် သောအခြေအနေ တွင် KIA အဖွဲ့မှ ငြိမ်းချမ်းရေးဆောင်ရွက် လိုကြောင်း ကမ်းလှမ်း လာခဲ့ပါတော့သည်။ အစိုးရအနေဖြင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆောင်ရွက်ရန် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများအား ကျင်းပပေးသည့် အချိန်မှာတော့ KIA အဖွဲ့အနေဖြင့် တိုက်ပွဲများအတွင်း ဆုံးရှုံးသွားသော လူအင်အားများအတွက် အတင်းအဓမ္မလူသစ်စုဆောင်းခြင်း၊ အလား တူတိုက်ပွဲများအတွင်း ဆုံးရှုံးသွားသော လက်နက်အင်အားများ ပြန်လည်ဖြည့်တင်းရန်အတွက် လိုအပ်သောငွေကြေး ရှာဖွေခြင်းများ မတရားသဖြင့် ဆောင်ရွက်လာခဲ့ကြပါသည်။

KIA တို့အနေဖြင့် လူအင်အားပြန်လည်ဖြည့်တင်းနိုင်ရေးအတွက် တပ်သားသစ်များစုဆောင်းရာတွင် ဒေသခံ တိုင်းရင်းသားများအား ၎င်းတို့၏ နည်းလမ်းအတိုင်း ဗမာလူမျိုးကြီးဝါဒမှိုင်းရိုက်သွင်းကာ အတင်းအဓမ္မ စုဆောင်းလျက် ရှိပါသည်။ ကချင်ပြည်နယ်အတွင်းရှိ ဆက်သွယ်ရေးလမ်းကြောင်းများပေါ်သို့ တပ်မတော် စစ်ကြောင်းများ အလစ်အငိုက် တွင် ၀င်ရောက်ကာ ဆက်ကြေးကောက်ခံခြင်းနှင့် လူသစ်စုဆောင်းခြင်းများ ဆောင်ရွက်လျက် ရှိပါသည်။ ထိုဆက်သွယ် ရေးလမ်းကြောင်းပေါ်တွင် ကူးသန်းသွားလာနေကြသော တိုင်းရင်းသားများတွင် ကချင်လူမျိုးများအား အလွယ်တကူ ဖြတ်သန်းသွားလာခွင့်ပေးသော်လည်း ကချင် စကားမတတ်သည့် ရှမ်း၊ ဗမာ၊ ရခိုင်အပါအ၀င် အခြားတိုင်းရင်းသားများအား အပြစ်မရှိအပြစ်ရှာ၍ ရိုက်နှက်ခြင်း၊ ပစ္စည်းလုယူခြင်းနှင့် နှိပ်စက်သတ်ဖြတ်ခြင်းများပြုလုပ်၍ လူမျိုးရေးခွဲခြားဆက်ဆံ လျက်ရှိပါ သည်။ ၎င်းအပြင် KIA အဖွဲ့အတွင်းရှိ လီဆူး၊ ရ၀မ် တိုင်းရင်းသားများကိုလည်း တပ်မတော်နှင့်ဖြစ်သော တိုက်ပွဲများတွင် ရှေ့တန်းကျကျ အသေခံတိုက်ခိုက်ခိုင်းကာတပ်ဖွဲ့တွင်း လူမျိုးရေးခွဲခြားအုပ်ချုပ်မှုများ ဆောင်ရွက်လျက်ရှိ ပါသည်။
ဆက်လက်ဖော်ပြပါမည် ….

မရမ်ဘောက်နော်(ခေတ္တ စင်ကာပူ)

Credit >>> Today Myanmar 

No comments:

Post a Comment