Friday 10 July 2015

ပင်လယ်ပြင်တွင် တရားမ၀င် ကုန်သွယ်မှုများ စတင်ဖမ်းဆီးမည်

စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန လက် အောက်ရှိ တရားမ၀င်ကုန်သွယ် မှု တားဆီးရေးအဖွဲ့ (Mobile Team) နှင့် မြန်မာနိုင်ငံရေကြောင်းရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ မြန်မာ့ပင် လယ်ပြင်တွင် တရားမ၀င်ကုန်သွယ် မှုများနှင့် မှောင်ခို ပစ္စည်းများကိုစတင်ဖမ်းဆီးမည်ဟု သတင်းရရှိသည်။

ရွေ့လျားစစ်ဆေးရေးအဖွဲ့ အနေဖြင့် ယခင်က နယ်စပ်ဒေသ များနှင့် ကုန်းလမ်းကြောင်းများ မှ တရားမ၀င် မှောင်ခိုသယ် ဆောင်လာသည့် ပစ္စည်းများနှင့် ယာဉ်များကို ဖမ်းဆီးအရေးယူခဲ့ သော်လည်း ပင်လယ်ပြင်တွင် စစ်ဆေး ဖမ်းဆီးခြင်းကို စတင်ပြုလုပ်မည်ဟု ရွေ့လျားစစ်ဆေးရေး အဖွဲ့ ညွှန်ကြားရေးမှူး ဦးဝင်း တင့်က ပြောသည်။

လာမည့် သြဂုတ်တွင် မြန်မာ့ပင်လယ်ပြင်အတွင်း ကော့သောင်းတစ်ဝိုက်ရှိ ရေပိုင်နက်များ၌ စစ်ဆေးမှုများ စတင်ကာ နောက်လ များတွင်လည်း ဆက်တိုက် အ ကောင်အထည်ဖော်မည်ဟု ဦးဝင်းတင့်က ပြောသည်။ ‘‘ကျွန်တော်တို့ အခုဆိုရင် ကော့သောင်းမှာ အရင်ပြုလုပ်မယ်ဆိုတော့ သူတို့ ကော့သောင်းက ရေကြောင်းရဲတပ်ဖွဲ့က အာဏာပိုင်တွေနဲ့ရော တပ်မတော် (ရေ)နဲ့ရော ချိတ်ဆက်ပြီးသွားပါပြီ’’ဟု ၎င်းက ဆိုသည်။

တပ်မတော် (ရေ)သည် မြန် မာ့ရေပိုင်နက်တွင် လုံခြုံရေးလုပ် ငန်းများနှင့် တရားမ၀င် ၀င်ရောက်သူများ၊ လက်နက်သယ်ဆောင် သူများကို ဖမ်းဆီးခြင်းများပြုလုပ် လေ့ရှိပြီး ယခုကဲ့သို့ မှောင်ခိုပစ္စည်းများကုန်သွယ်မှုကို အဓိကထား၍ စစ်ဆေးအရေးယူခြင်းကို မြန်မာ နိုင်ငံရေကြောင်းရဲတပ်ဖွဲ့ကသာမကြာခဏ လုပ်ဆောင်လေ့ရှိ ကြောင်း ကော့သောင်းမြို့ ခမောက်ကြီးမြို့နယ်မှ ရပ်မိရပ်ဖ ဦးဝင်းလွင်မျိုးက ပြောသည်။

‘‘ရေတပ်အပြင် နောက်တစ် ဖွဲ့ပါလာစစ်မယ်လို့ တံငါကျွန်း တွေပေါ်မှာလည်း ပြောနေကြပါ တယ်။ ကျယ်ကျယ်ပြန့်ပြန့်လုပ်နိုင်ရင်တော့ ကောင်းတာပေါ့။ အဓိကက ထိုင်းဘက်က၀င်လာတဲ့ မှောင်ခိုပစ္စည်းတွေ ထင်တယ်ဗျ။ ရေ ကြောင်းဆို ကော့သောင်းဘက်က ပဲ အများဆုံးမှောင်ခိုဝင်တတ်တာ လေ’’ဟု ဦးဝင်းလွင်မျိုးကပြောသည်။ ရွေ့လျားစစ်ဆေးရေးအဖွဲ့သည် လေဆိပ်၊ သင်္ဘောဆိပ်နှင့် နယ်စပ် ဒေသများရှိ တရားမ၀င်ကုန်သွယ် မှုများကို ဖမ်းဆီးအရေးယူသည့် အပြင် ယခုလအတွင်း ကျောင်း မုန့်ဈေးတန်းရှိ အစားအသောက် များကိုလည်း တစ်ပတ်နှစ်ခါစစ် ဆေးမည်ဟု ထုတ်ပြန်ထားသည်။

7Day DAILY 

No comments:

Post a Comment