Friday 10 July 2015

လုံခြုံရေးနှင့် စီးပွားရေး အခြေအနေကြောင့် မောင်တောဒေသခံ အချို့ ပြောင်းရွှေ့နေ ထိုင်မှုများလာ

မောင်တော နယ်စပ်ဒေသတွင်း လုံခြုံရေးနှင့် စီးပွားရေးအခြေအနေများကြောင့် ကျေးရွာအချို့ ရှိ ဒေသ ခံရခိုင်တိုင်း ရင်းသားများမှာ မူရင်းဒေသကို စွန့် ခွာကာ အခြားမြို့နယ်ဒေသ များ သို့ ပြောင်းရွှေ့နေထိုင်မှု များပြားလာ ကြောင်း သိရှိရသည်။

ရခိုင်ပြည်နယ် တွင် ၂၀၁၂ ခု နှစ် ဖြစ်စဉ်ကြောင့် လုံခြုံရေးစိုးရိမ် မှုများ ရှိနေသေးပြီး စိုက်ပျိုးရေးနှင့် စီးပွားရေး ကူးသန်းရောင်း ချမှု လုပ် ငန်းကျဉ်း ကျပ်လာမှုကြောင့် မင်းကြီး ရွာ၊ တရိန်း၊ ဂေါ်တူလ(သာယာကုန်း)၊ တမန်း သား၊ ငါးခူရအစရှိသည့် ကျေး ရွာပေါင်း ၁၀ ကျော်မှ အိမ်ထောင်စု ၄၀ ခန့်မှာ မောင်တော(နတလ)ကျေး ရွာများနှင့် စစ်တွေ၊ မြောက် ဦး၊ ကျောက်ဖြူနှင့် တောင် ကုတ်မြို့နယ် များသို့ ပြောင်းရွှေ့ သွားကြကြောင်း ကျေးရွာ အုပ်ချုပ်ရေးမှူးများ၏ ရွာထွက်အိမ်ထောင်စု မှတ်တမ်း များ အရသိရ သည်။

''ရွာမှာက အရင်အိမ်ခြေ ၈၀ လောက်ရှိတယ်။ လုံခြုံရေးရှိပေ မယ့် ဒေသခံ တချို့ က စိုးရိမ်စိတ်တွေ ဖြစ် နေကြတယ်။ ဒီစိတ်တွေကြောင့် နေ မပျော်ဖြစ်နေတာ အဓိကစီးပွားရေး ပြေလည် မှုမရှိတာ နဲ့ မောင်တောမြို့ ပေါ် ရပ်ကွက်တချို့နဲ့ နတလစံပြ ကျေး ရွာတချို့ ကို ပြောင်းရွှေ့အခြေချ လာမှုတွေ ရှိလာတယ်။ ဒီလိုအခြေ ချလာမှုကြောင့် အခုဆိုရင်ရွာမှာ အိမ် ထောင်စု ၇၀ သာသာလောက်ပဲ ကျန်တော့တယ်'' ဟု မောင်တော မြောက်ပိုင်း မင်းကြီးကျေးရွာ အုပ်ချုပ် ရေးမှူး က ပြောသည်။

မောင်တောဒေသတွင်း အလုပ် အကိုင်ရှားပါးခြင်း၊ ဒေသခံများနှင့် ဘင်္ဂါလီလူမျိုးစုများအကြား စီးပွား ရေးလုပ်ငန်းများ သီးခြား စီရပ်တည် လာခြင်းနှင့် စီးပွားရေးလုပ်ငန်း အများစုကို ဘင်္ဂါလီများကသာ လွှမ်း မိုးထိန်းချုပ်လုပ်ကိုင်လာမှုများရှိ ကြောင်း သိရသည်။

အဆိုပါ ကိစ္စရပ်များကြောင့် ကျေးလက်ဒေသခံများအနေဖြင့် အ လုပ်အ ကိုင်ရှားပါးကာ စီးပွားရေးကျပ် တည်းမှုများ ပိုမိုကြုံတွေ့နေ ရကြောင်း မောင်တော ခရိုင် အမျိုးသားဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးအောင်ကျော် ညွန့်ထံမှ သိရသည်။

''ဒေသတွင်း လုံခြုံရေးနဲ့ စီးပွား ရေး အခြေအနေကြောင့် ပြောင်းရွှေ့ နေ ထိုင်ဖို့ စိတ်ကူးယဉ်နေကြသူတွေ ချည်း ပါ။ ပြောင်းရွှေ့ သွားသူ တချို့ ကြောင့် ရွာမှာကျန်တဲ့သူတွေက လုံ ခြုံရေးစိုးရိမ်မှု၊ စိတ်ထိခိုက်မှုနဲ့ ဘယ် လိုမှ နေမပျော်ဖြစ်နေကြတယ်။ ကျေး ရွာအုပ်ချုပ်ရေးမှူးတွေနဲ့ ရွာလူကြီး သူမတွေက ရွာမှာရှိတဲ့သူတွေနဲ့ စည်း စည်းလုံးလုံးနေထိုင်ဖို့ မနည်းစည်းရုံး ပြော ဆိုနေရ တယ်'' ဟု မင်းကြီးကျေး ရွာမှ ဦးမောင်စောယဉ် က ပြောသည်။

အစိုးရအနေဖြင့် တိုင်းရင်းသား ဒေသခံများနေပျော်ရန် ယခင်ရခိုင် ကျေး ရွာဟောင်းများနေရာတွင် ကျေး ရွာသစ်များ ပြန် လည် တည်ထောင် ပေး မှုမရှိခြင်း၊ လုံခြုံရေးအစီအမံများ၊ အလုပ်အကိုင်များနှင့် အသက်မွေး ဝမ်းကျောင်း အထောက်အကူပြု လုပ်ငန်းများ ဖန်တီးပေးရန် မရှိမဖြစ် လိုအပ်လာကြောင်း မောင်တောမြို့ ခံများကဆိုသည်။

ARKK(MMK)
‎Democracytoday‬

No comments:

Post a Comment