Friday 10 July 2015

စင်ကာပူရောက် မြန်မာများအတွက် အိမ်ခြံမြေ အရောင်းပြပွဲ ပြုလုပ်မည်

ပြည်ပရောက်ရှိနေသော မြန်မာနိုင်ငံသားများအတွက် ရည် ရွယ်၍ စင်ကာပူနိုင်ငံတွင် ပထမ ဦးဆုံးအကြိမ် အိမ်ခြံမြေအရောင်း ပြပွဲကို နှစ်ရက်တာ ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

စင်ကာပူ နိုင်ငံတွင်ရှိသည့် မြန်မာနိုင်ငံသား တစ်သိန်းခွဲခန့် အတွက် ရည်ရွယ်၍ အဆိုပါ အိမ်ခြံမြေ အရောင်းပြပွဲကို ပထမဦးဆုံးအကြိမ် သွားရောက်ကျင်းပ ခြင်းဖြစ်ပြီး ၂၀၁၅ စက်တင်ဘာ တွင် ကျင်းပသွားမည်ဖြစ်ကြောင်း iMyanmarHouse.com (အိမ်ခြံမြေ ရောင်းဝယ်ငှား ၀က်ဘ် ဆိုက်) မန်နေဂျင်းဒါရိုက်တာ ကိုနေမင်းသူက ပြောသည်။

‘‘မြန်မာပြည်မှာ ရောင်းဖို့ရှိ တဲ့ တိုက်ခန်းတွေ၊ ကွန်ဒိုပရော ဂျက်တွေကို ဒီက ဆောက်လုပ် ရေးလုပ်ငန်းရှင်တွေကို စင်ကာပူ ကို ခေါ်သွားပြီးတော့ အိမ်ခြံမြေ ရောင်းချပွဲလုပ်မယ်။ စင်ကာပူ ရောက်နေတဲ့သူတွေက အလုပ် တွေလုပ်ကြတယ်။ ပိုက်ဆံတွေစု ကြတယ်။ တချို့တွေကျ မြန်မာ ပြည်ပြန်ပြီးတော့ အိမ်ရာတွေ၊ ကွန်ဒိုတွေ၊ တိုက်ခန်းတွေ ၀ယ် ကြတယ်။ အဲဒီလိုမျိုးရှိတဲ့အတွက်  ကြောင့် သူတို့တွေ ၀ယ်ဖို့အခွင့် အလမ်းရှိအောင်လို့ စင်ကာပူမှာ ပွဲလုပ်တာပါ’’ဟု၎င်းကပြောသည်။

အဆိုပါ အိမ်ခြံမြေအရောင်း ပြပွဲကို iMyanmarHouse.com က တာဝန်ယူကျင်းပခြင်းဖြစ်ပြီး မြန်မာနိုင်ငံမှ ဆောက်လုပ်ရေး လုပ်ငန်းရှင် ၃၀ ဦးခန့် သွားရောက်၍ ခင်းကျင်းပြသသွားမည်ဖြစ်သည်။ ‘‘နိုင်ငံခြားမှာသွားပြီး ရောင်း ပေးတဲ့အတွက် အားသာချက်က ဘာလဲဆိုတော့ သူတို့တွေ အိမ် မြေ၀ယ်မယ်ဆိုရင် မြန်မာပြည် ပြန်လာပြီး ကြည့်စရာမလိုဘူး။ ဘယ်နေရာမှာတော့ ပရောဂျက် အသစ်တွေ ရှိတယ်။ ဘယ်နေရာ မှာတော့ကွန်ဒိုအသစ်တွေ ထွက် လာမယ်။ တိုက်ခန်းအသစ်တွေ ရှိ တယ်ဆိုတာကို တစ်နေရာတည်းမှာပဲ စုစုစည်းစည်း ကြည့်လို့ရ မယ်’’ဟု ကိုနေမင်းသူက ဆက် လက်ပြောသည်။

ပြသရာတွင် ရန်ကုန်တိုင်း နယ်နိမိတ်အတွင်းရှိ အဆောက်အအုံများကို ပြည်တွင်း၌ လက်ရှိရောင်းချနေသည့် ဈေးနှုန်းအတိုင်း ပြသရောင်းချသွားမည် ဖြစ်ပြီး ၀ယ်ယူလိုသူများ အရစ်ကျစနစ်ဖြင့်လည်း ၀ယ်ယူနိုင်ကြောင်း သိရသည်။

‘‘အခုလိုမျိုး ဟိုဘက်ထိ ပရို မိုးရှင်းဆင်းပြီး ရောင်းပေးမယ်ဆို တာတော့ ကောင်းပါတယ်။ အဲဒီ က လူတွေအနေနဲ့ ဒီကို စရိတ် အကုန်ခံပြီး ပြန်လာဝယ်ဖို့ မလို တော့ဘူးပေါ့။ ဒါပေမဲ့ ရောင်းချ ပေးမယ့်သူတွေအနေနဲ့ စိတ်ချရမှု တော့ ရှိဖို့လိုပါတယ်။ ဒီကကုမ္ပ ဏီတွေ အနေနဲ့ ဘယ်လောက်ထိ အာမခံမှာလဲ။ ၀ယ်ပြီးတော့မှ ဒီကဈေးနှုန်းနဲ့ ဟနေတယ်ဆိုရင် ဘယ်လိုလုပ်မလဲ။ အဲဒါမျိုးလေး တွေ ရှိတာပေါ့’’ ကမာရွတ်မြို့ နယ်မှ အိမ်ခြံမြေအကျိုးဆောင် ကိုအောင်က ပြောသည်။

7Day DAILY 

No comments:

Post a Comment