Friday 10 July 2015

Boat People ပြဿနာအပေါ်အဖြေရှာခြင်း အပိုင်း(၆)

အရှေ့ဥရောပဒေသရှိ ပြည်ထောင်စုနိုင်ငံအချို့ပြိုကွဲမှုကိုလေ့လာရာတွင် လူမျိုးစုများကွဲပြားမှုနှင့် ကိုးကွယ် သည့် ဘာသာအရ ကွဲပြားခြားနားမှုများ သည် အဓိကအချက်ဖြစ်နေကြောင်း တွေ့ရှိရပါသည်။ အထူးသဖြင့် ခရစ်ယာန်နှင့် အစ္စလာမ်ဘာသာဝင်များအကြား ကွဲပြားမှုသည် လူမျိုးစုများအကြား ဖြစ်ပွားနေသော ပြဿနာ များအကြား ပဋိပက္ခ အသွင်ရောက်ရှိ စေရန် တွန်းအားပေးမှု များဖြစ်ပေါ်စေပြီး ပြည်ထောင် စုပြိုကွဲမှုများအား ဦးတည်စေခဲ့ကြောင်း လေ့လာတွေ့ရှိရပါသည်။


၂၀၀၇ ခုနှစ် ဒီဇင်ဘာလစာရင်းများအရ မြန်မာနိုင်ငံလူဦးရေ ၅၂ သန်းခန့်တွင် ဗုဒ္ဓဘာသာဝင် ဦးရေ ၄၆ သန်း (၈၉.၆၂ ရာခိုင်နှုန်း)ဖြင့် အများဆုံးဖြစ်ပြီး ခရစ်ယာန်ဘာသာဝင်ဦးရေ ၂.၈ သန်းကျော် (၅.၅၂ ရာခိုင်နှုန်း)၊ အစ္စလာမ်ဘာသာဝင် ဦးရေ ၁.၈ သန်းကျော်(၃.၅၁ ရာခိုင်နှုန်း)ဖြစ်ပါသည်။ ၂၀၁၄ ခုနှစ် အတည်ပြုဆဲ စာရင်းများအရ မွတ်စလင်ဘာသာဝင် ဦးရေ ၂.၃ သန်းကျော်ရှိနေသောကြောင့် ၂၀၀၇ ခုနှစ်မှ ၂၀၁၄ ခုနှစ် အတွင်း မွတ်စလင်ဦးရေ ၄ သိန်းကျော် တိုးပွားလာ ကြောင်း တွေ့ရှိရပါသည်။ မွတ်စလင်ဦးရေ အဆမတန် တိုးပွားလာပါက လူမျိုးရေး၊ဘာသာရေး ပဋိပက္ခများဖြစ်ပွားခြင်းနှင့် မွတ်စလင်များအတွက် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ပြည်နယ်တောင်း ဆိုခြင်းများအပါအ၀င် ပြည်ထောင်စုမှခွဲထွက်သည့် အထိဆောင်ရွက် လာ နိုင်ပါသည်။

ကမ္ဘာ့မွတ်စလင်လူဦးရေမှာ ၂၀၀၇ ခုနှစ်တွင် ၁၅၁၉.၇၅ သန်းဖြစ်ပြီး ၂၀၁၄ ခုနှစ်တွင် ၂၀၃၈.၀၄ သန်း ဖြစ်ပါသည်။ ၇ နှစ် တာကာလအတွင်း ကမ္ဘာ့မွတ်စလင်လူဦးရေ ၅၁၈.၂၉ သန်း တိုးပွားခဲ့သဖြင့် ၃၄.၁၀ ရာခိုင်နှုန်းဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ၂၀၀၇ ခုနှစ်မှ ၂၀၁၄ ခုနှစ်ကာလအတွင်း ကမ္ဘာ့လူဦးရေတိုးပွားနှုန်းမှာ ၁၁.၂၉ ရာခိုင်နှုန်းသာဖြစ်သော်လည်း မွတ်စလင်လူဦးရေတိုးပွားနှုန်းမှာ ၃၄.၁၀ ရာခိုင်နှုန်းဖြစ်သဖြင့် ကမ္ဘာ့ လူဦးရေတိုးပွားနှုန်းထက် မွတ်စလင်လူဦးရေတိုးပွား နှုန်းမှာ ၃ ဆ ခန့်ပိုမိုပါသည်။ ရခိုင်ပြည်နယ် အတွင်း နေထိုင်ကြသည့် ဘင်္ဂါလီလူဦးရေစုစုပေါင်း ၁,၀၂၈,၅၃၀ ဦးရှိပါသည်။ ရခိုင်ပြည်နယ်တစ်ခုလုံးအတွင်း ဘင်္ဂါလီမရှိသည့်မြို့နယ်များမှာ မာန်အောင်၊ အမ်း၊ တောင်ကုတ်နှင့် ဂွမြို့နယ်တို့ဖြစ်ပါသည်။ ရခိုင် ပြည်နယ် အတွင်း မြို့နယ် ၁၇ ခု ရှိသည့်အနက် ဘင်္ဂါလီများမနေထိုင်သည့် မြို့နယ် ၄ ခုသာ ရှိပါတော့သည်။

ဘူးသီးတောင်-မောင်တော ဒေသမှာ လူဦးရေတိုးပွားမှုနှုန်းများပြား သဖြင့် နောင် ၁၀ နှစ်ခန့်အကြာတွင် ပျမ်းမျှ နှုန်းထားအတိုင်း ဆက်လက်တိုးတက်မည်ဆိုပါက ဘင်္ဂါလီလူဦးရေမှာ ၁.၄ သန်းအထိ ရှိလာနိုင်မည်ဖြစ်ပါ သည်။

ဘင်္ဂလးဒေ့ရှ်နိုင်ငံ၏ လူဦးရေအခြေအနေကိုလေ့လာရာတွင် လက်ရှိလူဦးရေ သန်း ၁၆၀ ကျော် ရှိပါသည်။ မွတ်စလင်ဘာသာကိုးကွယ်မှု ၈၈ ရာခိုင်နှုန်းရှိပြီး လူဦးရေတိုးတက်မှုနှုန်းမှာ ၂.၂ ရာခိုင်နှုန်း တိုးတက်လျက် ရှိပါသည်။ မိမိနိုင်ငံ၏ ၃ ပုံ ၁ ပုံခန့်သာ ကျယ်ဝန်းပြီး လူဦးရေ ၃ ဆ ခန့်များပြားလျက်ရှိသဖြင့် အဆိုပါလူဦးရေ များပြားခြင်း၏ ဆိုးကျိုးများကို အိမ်နီးချင်းနိုင်ငံများလည်း ခံစားကြရပါသည်။ ၂၀၅၀ တွင် သန်း ၉,၀၀၀ အထိ တိုးတက်လာမည်ဟု ခန့်မှန်းထားပါ သည်။ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်သည် ကမ္ဘာပေါ်တွင် လူဦးရေ အများ ဆုံး နိုင်ငံများဖြစ်သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အိန္ဒိယနိုင်ငံနှင့် လူဦးရေပေါက်ကွဲနေသည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့အကြားတွင် တည်ရှိလျက်ရှိပါသည်။ အိမ်နီးချင်းနိုင်ငံများ၏ ဒေသတွင်းလူဦးရေ ကြီးထွား လာမှုသည် လက်ရှိအခြေအနေတွင် မြန်မာနိုင်ငံအပေါ် အကျိုး သက်ရောက်မှုများဖြစ်ပေါ်လျက်ရှိပြီး အနာဂတ် ကာလတွင် စိုးရိမ်ဖွယ်အနေအထားတစ်ရပ်သို့ ရောက်ရှိမည်ဖြစ်ပါသည်။ အိမ်နီးချင်းနိုင်ငံများ၏ လူဦးရေ ကြီးထွားလာမှုနှင့် အတူ ကောင်းကျိုး အချို့ရှိလာနိုင်သကဲ့သို့ မမျှော်မှန်းနိုင်သောဆိုးကျိုးသက်ရောက်မှု အများ အပြားလည်း မလွဲမသွေကြုံတွေ့လာရမည် ဖြစ်ကာလူမှုရေး၊ စီးပွားရေးဆိုင်ရာပြဿနာစိန်ခေါ်မှုများနှင့်လည်း ရင်ဆိုင်ရမည့်အနေအထား ရှိပါသည်။

၂၀၄၀ ပြည့်နှစ်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ လူဦးရေပမာဏသည် ၂၃၀ သန်းအထိ မြင့်တက်လာနိုင်ပြီး ၅၂ ရာခိုင်နှုန်းမှာ မြို့ပြနေထိုင်မှုဖြစ်လာနိုင်ပါသည်။ အိမ်နီးချင်းနိုင်ငံများဖြစ်သော တရုတ်နိုင်ငံတွင်မူ ၁၉၈၀ ခုနှစ်တွင် လူဦးရေတိုးပွားလာမှု အား စောင့်ကြည့်ရန်အတွက် မွေးဖွားနှုန်းကန့်သတ်သောစနစ်များချမှတ်ခဲ့ပြီး ဒေသတစ်ခုချင်းစီအတွက်ရှိရမည့် လူဦးရေအတွက်လည်း သတ်မှတ်ခဲ့ပါသည်။

ထို့အတူ အိန္ဒိယအစိုးရသည် နိုင်ငံတွင်းရှိ လူဦရေတိုးပွားမှုအား ထိန်းချုပ်ရန်အတွက် လင်မယားစုံတွဲ တစ်တွဲလျှင် ကလေး ၂ ဦးသာ ရယူရန် မူဝါဒပြဋ္ဌာန်ထားခဲ့ပါသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသည်လည်း လူဦးရေ ထိန်းချုပ်ရေအတွက် စီမံကိန်းများအား နည်းလမ်း ၃ ရပ်ဖြင့် ဆောင်ရွက်ခဲ့ကြပါသည်။ အဆိုပါနည်းလမ်းများမှာ သန္ဓေတား မှုဆိုင်ရာမူဝါဒများချမှတ်ခြင်း၊ မိခင်လောင်းသေ ဆုံးခြင်းနှင့် သေဆုံး လက္ခဏာများအတွက်ကြိုတင် တားဆီးခြင်း၊ အမျိုးသမီးများ အား အာဏာသုံးခွင့်ပေးခြင်း နည်းလမ်းများဖြင့် လူဦးရေထိန်းချုပ်မှုစီမံကိန်း များကို ဆောင်ရွက်ခဲ့ပါသည်။

လူဦးရေတိုးပွားလာမှုကြောင့် နိုင်ငံအတွက်အလုပ်လက်မဲ့များ များပြားလာနိုင် ခြင်း၊ လူ့စွမ်းအားကို အကျိုးရှိရှိအသုံးချနိုင်ရေးအတွက် အခက်အခဲများဖြစ်ပေါ်လာနိုင်ခြင်း၊ အခြေခံ အဆောက် အဦများ အသုံးပြုနိုင်ရေးအတွက် အခက်အခဲ များဖြစ်ပေါ် လာနိုင်ခြင်း၊ မြေနှင့် သဘာဝအရင်း အမြစ်များအပေါ် အခက်အခဲများ ဖြစ်ပေါ်လာနိုင်ခြင်း၊ ထုတ်လုပ်မှုကုန်ကျစရိတ်တိုးမြှင့် လာနိုင်ခြင်းတို့အပြင် တရားမျှတမှု မရှိသော ပြဿနာများ ဖြစ်ပေါ်လာနိုင်ခြင်းတို့ ကြုံတွေ့လာရနိုင်ပါသည်။

အစိုးရသစ်လက်ထက်ပေါ်ပေါက်ခဲ့သည့် ရခိုင် - ဘင်္ဂါလီလူမျိုးရေး၊ ပဋိပက္ခများ၏ဇစ်မြစ်များဖြစ်သော လူဦးရေ ပေါက်ကွဲမြင့်မားသည့် အိမ်နီးချင်းနိုင်ငံနှင့် နယ်နိမိတ်ချင်းဆက်စပ်နေမှု၊ ကိုလိုနီစနစ်၏အမွေဆိုး၊ ရခိုင် တိုင်းရင်းသားများနှင့် အစ္စလာမ်ဘာသာကိုးကွယ်သည့် လူ့အဖွဲ့အစည်းနှစ်ခုလုံး၏ လူမှုစီးပွား အထွေထွေ နိမ့်ကျမှုများ စသည့်အချက်များကိုလျစ်လျူရှုပြီး ရခိုင်နှင့်အစ္စလာမ်ဘသာကိုးကွယ်သော လူ့အဖွဲ့အစည်းနှစ်ခု၏ ပဋိပက္ခအား ဗုဒ္ဓဘာသာများနှင့်မွတ်စလင် များကြားတွင် ဖြစ်ပွားနေသည့်ပဋိပက္ခအဖြစ် ကျဉ်းမြောင်းသောအမြင် နှင့် လွဲမှားစွာပုံဖော်နေခြင်း၊ ရှုမြင်နေခြင်းသည် ကြုံတွေ့နေရသည့်ပြဿနာများ ကို ဖြေရှင်းရန်ပိုမိုခက်ခဲစေ ကြောင်း ရေးသားလိုက်ရပါသည်။

ဆက်လက်ဖော်ပြပါမည်။

စည်သူမောင်
နေ့စဉ်သတင်း 

No comments:

Post a Comment