Monday 13 July 2015

ဧရာဝတီမြစ်ရေရုတ်တရက်မြင့်တက်လာ၍ ကျေးရွာငါးရွာရှိ ဒေသခံများ ရွှေ့ပြောင်း

ဧရာဝတီမြစ်ရေ ရုတ်တရက်မြင့်တက်လာ၍ မကွေးမြို့နယ် မြေနုကျွန်းကျေးရွာတွင် ရေကြီးရေလျှံမှုဖြစ်ပွားနေစဉ်(ဓာတ်ပုံ - MOI) 
ဧရာဝတီမြစ်ရေရုတ်တရက်မြင့်တက်လာမှုကြောင့် မကွေးမြို့နှင့် စလင်းမြို့တို့တွင် ဇူလိုင် ၁၁ ရက်၌ မြစ်ကမ်းပါးများပြိုနေကာ ကျေးရွာငါး ရွာမှ ဒေသခံများဘေးလွတ်ရာသို့ အရေးပေါ်ရွှေ့ပြောင်းပေးနေရသည်ဟု လူကယ်ပြန်ဌာနမှ သတင်းရရှိသည်။

မကွေးမြို့နယ် မြေနုကျွန်း ကျေးရွာ၊ စလင်းမြို့နယ်သရက် ကုန်းကျေးရွာ၊ တလင်းကြီးကျေး ရွာ၊ ရေလယ်ရွာမကျေးရွာနှင့် သ နပ်ကုန်းကျေးရွာတို့မှ လူနေအိမ် ၁၅၀ကျော်ကို အနီးဝန်းကျင်ရှိရေဘေးလွတ်ရာကျေးရွာများသို့ ရွှေ့ပြောင်းပေးခဲ့ရသည်ဟု ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန (အထက်မြန်မာပြည်)မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်ဦးစိုးအောင်က ရေဘေးသင့်အိမ် တစ်လုံးလျှင်ငွေကျပ်ငါးသောင်း နှုန်းနှင့် လိုအပ်သောစားသောက် ကုန်များပေးအပ်ထားသည်ဟု ပြောသည်။

ဧရာဝတီမြစ်ရေမှာ ယခုရက် ပိုင်းရုတ်တရက်မြင့်တက်လာကာ ကျေးရွာကမ်းပါးကို တိုက်စားနေ သောကြောင့် ရွာရှိစာသင်ကျောင်းနှင့် ပေတစ်ရာခန့်သာဝေးကွာတော့သည်ဟု မကွေးမြို့ မြေနုကျွန်းကျေးရွာမှ ဒေသခံတစ်ဦးကဆိုသည်။

‘‘ကျောင်းဆောင်နှစ်ဆောင် ရှိတာ တစ်ဆောင်ကဖျက်လိုက်ရ ပြီ။ အခုလောလောဆယ်ကလေး တွေဘုန်းကြီးကျောင်းမှာစာသင် နေရတယ်’’ဟု ၎င်းက ဇူလိုင် ၁၂ ရက်တွင် ပြောသည်။

ယခုရက်ပိုင်း မြစ်ရေများ ရုတ်တရက်မြင့်တက်လာခြင်းမှာ မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုး သည်းထန်စွာ ရွာသွန်းနေခြင်း ကြောင့်ဖြစ်သည်ဟု မိုးလေ၀သ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးဦးလှ ထွန်းကပြောသည်။ ထို့အပြင် လက်ရှိရာသီဥတုအခြေအနေအ ရ မကွေးတိုင်းနှင့်၊ စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် နေရာကွက်၍ မိုးရွာနိုင်သည်ဟု မိုး/ဇလဌာနကသတိပေးထားသည်။

7Day DAILY 

No comments:

Post a Comment