Friday 10 July 2015

ပွင့်ဖြူ၌ ခရီးသည်တင်ယာဉ်တိမ်းမှောက် ရှစ်ဦးဒဏ်ရာရ

ပွင့်ဖြူမြို့နယ် လယ်ကိုင်း-ကျောင်းတော်ရာသွား ကားလမ်း မိုင်တိုင်အမှတ်(၁/၁) နှင့် (၁/၂ ) အကြားတွင် ဇူလိုင် ၇ ရက် နံနက် ၈ နာရီက ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယင်းနေ့ နံနက် ၈နာရီခန့်က သန်းစိုးလှိုင် မောင်းနှင်ပြီး ခရီးသည်ရှစ်ဦး တင်ဆောင်လာသော 3A/---- တိုယိုတာဒိုင်နာ ခရီးသည်တင်ယာဉ်သည် လယ်ကိုင်း-ကျောင်းတော်ရာသွား ကားလမ်း မိုင်တိုင် အမှတ်(၁/၁) နှင့် (၁/၂ )အကြားတွင် အရှိန်မထိန်း နိုင်ဘဲ လမ်းယာဘက်ရှိ လယ်ကွက်အတွင်းသို့ တိမ်းမှောက်ခဲ့သည်။

ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်လိုက်ပါလာ သော ခရီးသည်ရှစ်ဦးမှာ ဒဏ်ရာများရရှိခဲ့သဖြင့် ပွင့်ဖြူမြို့နယ်ဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိပြီး ယာဉ်မောင်းအား လယ်ကိုင်း နယ်မြေရဲစခန်းက အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

အောင်သူရ(ပွင့်ဖြူ)
The Mirror Daily

No comments:

Post a Comment