Friday 10 July 2015

ကြေးနီရေကရားထဲ ရေထည့်သောက်ခြင်း၏ကောင်းကျိုး

ခေတ်မီရေသန့်စက်တွေ၊ ရေစစ်ပစ္စည်းတွေသုံးနေပြီဖြစ်တဲ့ ယနေ့ ခေတ်မှာ ကြေးနီရေကရားထဲ ရေထည့်သောက်တဲ့ အလေ့အထက ခေတ်နောက်ကျနေပြီလို့ ထင်ကောင်းထင်ကြပါလိမ့်မယ်။ သို့ ပေမဲ့လည်း ကြေးနီရေကရားဟာ သဘာဝရေသန့်စင်စက်ဆိုရင် လည်း မမှားပါဘူး။ ကြေးနီရေကရားထဲမှာ တစ်ည ဒါမှမဟုတ် အနည်းဆုံး လေးနာရီလောက်ထည့်ထားပြီးမှ သောက်တာ ပိုပြီး အကျိုးများတယ်လို့ ဆိုပါတယ်။

ကြေးနီရေကရားဟာ ရေထဲမှာ မမြင်နိုင်တဲ့ ဘက်တီးရီးယား၊ မှိုနဲ့ ရေညှိတွေကို သေစေနိုင်တဲ့အပြင် ခန္ဓာကိုယ်အတွက် အသန့်စင်ဆုံး ရေအဖြစ် ပြောင်းလဲပေးနိုင်ပါတယ်။ နောက်ပြီးအစာချေအင်္ဂါအဖွဲ့အစည်းကိုလည်း ကျန်းမာစေပြီး ၀မ်းချုပ်တာ၊ အစာမကျေတာ၊ လေအောင့်တာတွေ မဖြစ်အောင် ကာကွယ်နိုင် တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကြေးနီဓာတ်ဟာ အဆီဆဲလ်တွေကို ဖျက်ဆီးနိုင် စွမ်းရှိတာကြောင့် ကိုယ်အလေးချိန် လျှော့ချသူတွေအတွက် ကောင်းကျိုးပြုပါတယ်။ နောက်ပြီး နှလုံးသွေးကြောကျန်းမာရေး ကိုလည်း ထောက်ကူတာကြောင့် နှလုံးရောဂါကိုပါ ကာကွယ်ပြီး သားဖြစ်စေပါတယ်။ ကြေးနီဓာတ်က သွေးဖိအားကို ပုံမှန်ဖြစ် စေတဲ့အပြင် နှလုံးခုန်နှုန်းကိုလည်း ပုံမှန်ဖြစ်စေကာ ခန္ဓာကိုယ် အတွက် မလိုအပ်တဲ့ ကိုလက်စထရောတွေကိုလည်း လျော့နည်းစေတယ်လို့ ဆိုပါတယ်။

ကြေးနီဓာတ်ဟာ မျက်စိအရောင်၊ ဆံပင်နဲ့ အသားအရေ ကောင်းစေတဲ့ အစွမ်းသတ္တိလည်း ရှိပါတယ်။ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ သတ္တုဓာတ် အပြည့်အ၀ရရှိစေဖို့အတွက်လည်း ကြေးနီဓာတ်က ထောက်ကူပေးပြီး သွေး အားနည်းရောဂါ မဖြစ်ပွားအောင် ကာကွယ်ပေးပါတယ်။

ဒါတင်မက ကြေးနီမှာ ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိအပြည့် အ၀ရှိတာကြောင့် အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှုတွေကို ကာ ကွယ်နိုင်ပြီး အရေပြားဆဲလ်တွေကိုလည်း ထောက်ကူပေးပါတယ်။ ဦးနှောက်ကိုလည်း တက်ကြွနိုးကြားအောင် လှုံ့ဆော်ပေးနိုင်တာ ကြောင့် အတွေးအခေါ် စွမ်းရည်တွေလည်း တိုးမြင့်လာစေပါတယ်။

တစ်ကိုယ်လုံးကိုက်ခဲ နာကျင်တာတွေ သက်သာအောင် ကြေးနီဓာတ်က ကူညီပေးနိုင်သလို သိုင်းရွိုက်ဂလင်းပုံမှန်အနေအထား နဲ့ အလုပ်လုပ်အောင်လည်း လုပ်ဆောင်ပေးပါတယ်။ ဒါကြောင့်မို့ ကြေးနီရေကရားရဲ့ ကောင်းကျိုးတွေကို သိရပြီမို့ စမ်းသပ်ကြည့် ကြရအောင်ပါ။

Ref:tophomeremedies.com
7Day DAILY

No comments:

Post a Comment