Friday 10 July 2015

စူဠာမုနိလောကချမ်းသာ စေတီရင်ပြင်ရှိ ဈေးဆိုင်ခန်းများ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်လျှင် ဆိုင်ပိတ်သိမ်းမည်

တောင်ကြီးမြို့ စူဠာမုနိ လောကချမ်းသာစေတီတော်ရင်ပြင်ကို တွေ့မြင်ရစဉ် (ဓာတ်ပုံ − ဂျွန်ချစ်ငြိမ်း) 
တောင်ကြီးမြို့၊ စူဠာမုနိလောကချမ်းသာစေတီတော် ရင်ပြင်ရှိ ဈေးဆိုင် ခန်းများ အမှိုက်စွန့်ပစ်မှု စည်းကမ်းမလိုက်နာပါက ဆိုင်ပိတ်သိမ်းသည်အထိ အရေးယူမည်ဟု ဂေါပကအဖွဲ့ ဒုဥက္ကဋ္ဌ ဦးရဲမြတ်ဝင်းက ပြောကြားသည်။

‘‘စည်းကမ်း ထုတ်ထားပြီး သားပါ။ ဈေးဆိုင်တိုင်းမှာ အမှိုက် ပုံးတွေထားပြီး တော့ ဆိုင်တွေကို သန့်ရှင်းအောင်ထားရမယ်ဆိုတာ ကို အသိပေးပြီး ဖြစ် တယ်။ ဆိုးဆိုးရွားရွားအမှိုက်ပစ်တာတွေရှိနေ မယ်ဆိုရင် ဆိုင်ပိတ်သိမ်းတဲ့ အထိ  အရေးယူသွားမယ်’’ဟု ဦးရဲမြတ် ၀င်းက ပြောသည်။

စူဠာမုနိလောကချမ်းသာစေ တီတော်ရင်ပြင်တွင် ဈေးဆိုင်ခန်း များ ဖွင့်လှစ် ရောင်းချခွင့်ကို စေ တီတော် ဂေါပကအဖွဲ့က ခွင့်ပြုပေးထားပြီး အဆင့်မြင့် စားသောက် ဆိုင်များ ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်ဟု စူဠာမုနိစေတီတော် ဂေါပကအဖွဲ့မှ သတင်းရရှိသည်။

ဈေးဆိုင်ခန်းများ အမှိုက်စွန့်ပစ်နိုင်ရန် မွှေးတောင်ကြီး ပုဂ္ဂလိကကုမ္ပဏီနှင့် ချိတ်ဆက်ဆောင်ရွက်နေပြီး တစ်လလျှင် အမှိုက်သိမ်းခ ကျပ်တစ်သိန်းခွဲကို ဆိုင်ခန်းရှင်များ စုပေါင်းကျခံခြင်း ဖြစ်သည်ဟု စူဠာမုနိစေတီတော်ရှိ ဆိုင်ခန်းပိုင်ရှင်တစ်ဦးက ပြောသည်။

‘‘အမှိုက်ပစ်တာ ကျွန်တော် တို့ကိုချည်း ပြောလို့မရပါဘူး။ ဘုရားဖူးလာတဲ့ သူတွေဘက်က အမှိုက်တွေကို စည်းမဲ့ကမ်းမဲ့စွန့် ပစ်ခဲ့တာမျိုးလည်း ရှိပါ တယ်။ ဒါ တွေကိုလည်း အသိပညာပေးတာ တွေလုပ်ပေးဖို့ လိုပါတယ်’’ဟု ဈေးရောင်းချနေသည့် ကိုတိုးတိုးက ပြောသည်။

တောင်ကြီးမြို့၊ စူဠာမုနိ လောကချမ်းသာ စေတီတော် ရင်ပြင်ပေါ်တွင် ဈေးဆိုင်ခန်း ၂၄ ခန်းရှိပြီး အလှူငွေရရှိရန် ဈေးဆိုင်ခန်းတည်ဆောက်ကာ ဈေးရောင်းချခွင့်ပေးထားခြင်းဖြစ်သည်ဟု ဦးရဲမြတ်ဝင်းက ပြောသည်။

7Day DAILY 

No comments:

Post a Comment