Friday 10 July 2015

တပ်နှင့် DKBA တစ်ပတ်အတွင်း တိုက်ပွဲ(၂၉)ကြိမ် ဖြစ်ပွား

ကရင်ပြည်နယ်ရှိ အာရှ လမ်းမကြီးတွင် တပ်စွဲထားမှုနှင့် ပတ်သက်၍ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) နှင့် တစ်ပတ်အတွင်း တိုက်ပွဲ(၂၉) ကြိမ် ဖြစ်ပွားခဲ့ကြောင်း မြန်မာ့ တပ်မတော်ပိုင် မြ၀တီသတင်းဌာနက ဇူလိုင် ၉ ရက်တွင် ထုတ်ပြန်သည်။

အာရှလမ်းမနှင့်ပတ်သက်၍တိုက်ပွဲဖြစ်ပွားသည့် အဖွဲ့ကို က လို့ထူးဘော ကရင်အစည်းအရုံး (KKO) အဖွဲ့မှ သီးခြားခွဲထွက် လာသည့် ကျော်သက်နှင့် စော ဆန်းအောင် ဦးစီးလက်နက်ကိုင် အဖွဲ့ငယ်များဟု မြ၀တီ၏ ထုတ် ပြန်ချက်တွင် သုံးနှုန်းပြီး ၎င်းတို့ကို တပ်မတော်နှင့် နယ်ခြားစောင့် တပ်များပူးပေါင်းပြီး တိုက်ခိုက်ခဲ့ ကြောင်း ထုတ်ပြန်ခဲ့သည်။

မြ၀တီ-ကော့ကရိတ်အာရှ လမ်းသစ်ကို ဇူလိုင်လအတွင်း ဖွင့်လှစ်ရန် ရည်ရွယ်ထားရာ တစ် ဖက်အဖွဲ့သည် အကောက်စခန်း များ ဖွင့်လှစ်၍ ခရီးသွားပြည်သူ လူထုထံမှ နိုင်ထက်စီးနင်း ငွေ ကြေးကောက်ခံမှုများ ပြုလုပ်နေ သဖြင့် ပြည်နယ်အစိုးရနှင့် သက် ဆိုင်ရာ အဖွဲ့များက လမ်းပေါ်မှ ဖယ်ရှားပေးရန် အကြိမ်ကြိမ် သ တိပေးအကြောင်းကြားခဲ့ကြောင်း၊ ၎င်းတို့က လိုက်နာခြင်းမရှိသဖြင့် တပ်မတော်က နယ်မြေရှင်းလင်းခဲ့ ရာတွင် ၎င်းတို့မှ စတင်ပစ်ခတ် တိုက်ခိုက်သောကြောင့် ဇူလိုင် ၂ ရက်မှ စတင်ပြီး တိုက်ပွဲများဖြစ် ပွားခဲ့ကြောင်း ယင်းထုတ်ပြန်ချက် တွင် ရေးသားထားသည်။

နှစ်ဖက်အကြားအငြင်းပွား နေသည့် ယင်းနယ်မြေတွင် တပ်မ တော်စစ်ကြောင်းများက နယ်မြေ ရှင်းလင်းဆောင်ရွက်ခဲ့ပြီး ဇူလိုင် ၈ ရက် နံနက်မှစတင်၍ မြ၀တီ-ကော့ကရိတ် လမ်းဟောင်း၌ ကုန်စည် စီးဆင်းမှုများ ပုံမှန်သွားလာနိုင်ပြီဖြစ်ကြောင်း ထုတ်ပြန်သည်။

ထို့အပြင် ဇူလိုင် ၉ ရက် မွန်းလွဲတွင် အာရှလမ်းသစ်ကိုလုံခြုံရေးအရ ရှင်းလင်းဆောင်ရွက်ပြီးဖြစ်ကြောင်း မြ၀တီက ထုတ်ပြန်ခဲ့သည်။

7Day DAILY 

No comments:

Post a Comment