Friday 10 July 2015

သွေးကင်ဆာရောဂါရှင် ပရိသတ်တစ်ဦးကို ဒေါ်လာငါးသောင်းလှူဒါန်းတဲ့ တေလာဆွစ်ဖ်

အမေရိကန် အဆိုတော်တေလာဆွစ်ဖ်သည် သွေးကင်ဆာရောဂါဖြစ်ပွားနေ သော ပရိသတ်တစ်ဦးအား အမေရိကန်ဒေါ်လာ ၅၀,၀၀၀ လှူဒါန်း ခဲ့သည်။

တေလာဆွစ်ဖ်၏ ပရိသတ် တစ်ဦးဖြစ်သော အသက် (၁၁) နှစ်အရွယ်ရှိ နာအိုမီအွတ်တွင် သွေးကင်ဆာရောဂါဖြစ်ပွားနေ ကြောင်း ပြီးခဲ့သည့် ဇွန်လကုန်က စစ်ဆေးတွေ့ရှိခဲ့သည်။

ယင်းသွေးကင်ဆာရောဂါ ကုသမှုအတွက် နာအိုမီအနေဖြင့် ကိုးလကြာအိပ်ရာထဲ၌ နေရမည် ဟု ဆရာဝန်များက ပြောကြားခဲ့ သည်။ နာအိုမီသည် လာမည့် ဩဂုတ်တွင် အမေရိကန်နိုင်ငံ အရီဇီုးနားပြည်နယ် ဖီးနစ်မြို့၌ ကျင်းပပြုလုပ်မည့် တေလာဆွစ်ဖ် ၏ ဖျော်ဖြေပွဲသို့ သွားရောက် အားပေးရန် ယခင်က စီစဉ်ထား သော်လည်း သွေးကင်ဆာရောဂါ ကုသမှုကြောင့် ဖျော်ဖြေပွဲနှင့် လွဲချော်မည်ဖြစ်သည်။

နာအိုမီ၏ ဦးလေးက တူမဖြစ်သူ၏ ဆေးကုသစရိတ်အတွက် GoFundMe အမည်ရ အလှူခံစာမျက်နှာတစ်ခုဖန်တီးခဲ့ပြီး မိသားစုက တေလာဆွစ်ဖ်၏ အာရုံစိုက်မှုကိုရရှိစေရန် ဗီဒီယိုတစ်ခုတင်ခဲ့ သည်။ အွန်လိုင်းတွင် ကြည့်ရှုသူ အလွန်များသော တေလာဆွစ်ဖ် အနေဖြင့် #TeamNaomi ဟူ သောစာဖြင့်သာ GoFundMe စာမျက်နှာကို လူသိများစေရန် ကြော်ငြာမည်ဟု မိသားစုဝင်များ က မျှော်လင့်ခဲ့သည်။

သို့သော် တေလာဆွစ်ဖ်က ယင်းစာမျက်နှာမှတစ်ဆင့် နာအို မီ၏ ဆေးဝါးကုသစရိတ်အတွက် ကန်ဒေါ်လာ ၅၀,၀၀၀ လှူဒါန်း ခဲ့ပြီး နာအိုမီအား အားပေးစကား ပြောကြားခဲ့သည်။

—Ref: Just Jared
7Day DAILY 

No comments:

Post a Comment