Friday 24 April 2015

ရခိုင်ပြည်နယ်ကို ကောင်းကျိုးမပြုဘဲ RSO ဘင်္ဂါလီများနှင့် ပူးပေါင်းနေသည့် သောင်းကျန်းသူ(AA)အဖွဲ့ကို လုံးဝ လက်မခံနိုင်ကြောင်း ဒေသခံများ ပြောကြား

တပ်မတော်စစ်ကြောင်းနှင့် ထိတွေ့မှုဖြစ်ပွားပြီးနောက် ထွက်ပြေး ဆုတ်ခွာသွားကြတဲ့ ရခိုင်သောင်းကျန်းသူ ၅ ဦးကို ဧပြီလ ၁၉ ရက်နေ့တွင် ပလက်ဝမြို့နယ်၊ ညောင်ပင်လှရွာအနီးမှာ လက်နက်ခဲယမ်းများနှင့်အတူ အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ ဆုတ်ခွာသွားတဲ့ ရခိုင်သောင်း ကျန်းသူများနောက်ကို တပ်မတော် စစ်ကြောင်းမှ လိုက်လံရှင်းလင်း စဉ် ဒေသခံရခိုင်ပြည်သူများမှ သောင်းကျန်းသူများ ပုန်းအောင်းနေသည့်
နေရာကို လာရောက်သတင်းပေးခဲ့ခြင်းဖြစ်သည်။

AA အဖွဲ့၏ ရခိုင်ပြည်နယ်အတွင်း သောင်းကျန်းနေမှုကို လက်မခံနိုင်သောကြောင့် တပ်မတော်သို့ သတင်း ပေးခဲ့ခြင်းဖြစ်ကြောင်း သွားရောက်သတင်းပေးခဲ့သည့် ဒေသခံများမှ ပြောကြားခဲ့သည်။ “ရခိုင်တပ်မတော် ဆိုပြီး သူတို့ဘာသာ နာမည်တပ်ချင်တိုင်းတပ်ထားတာ….. ရခိုင်ပြည်သူ ဘယ်သူမှ မထောက်ခံဘူး… မထောက်ခံ လို့လည်း ဓားပြသာသာအဖွဲ့လေးဖြစ်လာကတည်းက ကချင်ပြည်နယ်မှာနေပြီး သူများ ခိုင်းတာ လုပ်ပေးနေရတာလေ…. အခု ဓားပြကြီးလို့ သူပုန်ဖြစ်မှ ဒီဘက်ကို နယ်ချဲ့လာတာ ဖြစ်မှာပေါ့….အခု သူတို့ အဖွဲ့လုပ်လို့ ရခိုင်ပြည်သူတွေ ဒုက္ခရောက်နေရပြီလေ” ဟု အဆိုပါ ဒေသခံတစ်ဦးမှ ပြော ကြားခဲ့သည်။

ယခင်က တည်ငြိမ်အေးချမ်းခဲ့သော ရခိုင်ပြည်နယ်သည် ယခုအခါ ရခိုင်သောင်းကျန်းသူများ လာရောက် လှုပ်ရှားနေသောကြောင့် တိုက်ပွဲ များဖြစ်ပွားနေပြီး စစ်ဘေးရှောင်သူများ ရှိလာနေပြီဖြစ်သည်။ အဆိုပါ ရခိုင်သောင်းကျန်းသူများကြောင့် ဒေသခံပြည်သူများ ဒုက္ခရောက်နေရသဖြင့် ၎င်းတို့ အဖွဲ့နှင့် ပတ်သက် သည့် သတင်းမှန်သမျှကို တပ်မတော်စစ်ကြောင်း များသို့ပေးပို့သွားမည်ဖြစ်ကြောင်းကိုလည်း ယင်းဒေသခံ အမျိုးသားမှ ဆက်လက် ပြောဆိုသည်။

ရခိုင်သောင်းကျန်းသူ(AA)အဖွဲ့ ယခင်ကအင်အားများစွာမရှိလှသော်လည်း ယခုအခါ အင်အား အနည်းငယ် ပိုမိုများပြားလာပြီဖြစ်သည်။ ရခိုင်သောင်းကျန်းသူအဖွဲ့မှာ ရိုဟင်ဂျာအမည်ခံ ဘင်္ဂါလီ သောင်း ကျန်းသူ (RSO) အဖွဲ့နှင့် ဆက်ဆံထိတွေ့မှုများရှိခဲ့ပြီး ယခုအခါ ၎င်းတို့အဖွဲ့ နှစ်ဖွဲ့အတူပူးပေါင်း လှုပ်ရှား နေခြင်း ကြောင့် အင်အားပိုမိုများ လာခြင်းဖြစ်နိုင်ကြောင်းကိုလည်း ဒေသခံများအကြားပြောဆိုနေကြသည်။

ယခင်က ရခိုင်သောင်းကျန်းသူအဖွဲ့နှင့် RSO ဘင်္ဂါလီသောင်းကျန်းသူ အဖွဲ့တို့အချင်းချင်း လက်နက်များ လဲလှယ် အသုံးပြုခဲ့ကြပြီး ဆက်ဆံမှုများ လည်းရှိခဲ့သည်။ ယခုအခါ RSOအဖွဲ့နှင့် ရခိုင်သောင်းကျန်းသူများ ပူးပေါင်းပြီး ရခိုင်ပြည်နယ် လုံခြုံရေးတာဝန်ထမ်းဆောင်လျက်ရှိသည့် တပ်မတော်စစ်ကြောင်းများကို တိုက်ခိုက် နေခြင်းဖြစ်ကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။

ရခိုင်သောင်းကျန်းသူများ၏ အဖျက် အမှောက် လုပ်ရပ်များကြောင့် ရခိုင် တိုင်းရင်းသားများ နေအိမ်စွန့်ခွာ ပေးနေရပြီး အဆိုပါနေရာများတွင် ဘင်္ဂါလီများနေထိုင်နိုင်ရန် RSO အဖွဲ့မှ လုပ်ဆောင်နေကြောင်း သတင်း များ ထွက်ပေါ်လျက်ရှိသည်။ ရခိုင်သောင်းကျန်းသူများ၏ လုပ်ရပ်များကို လက်မခံနိုင်သော ဒေသခံ များ၏ သတင်းပေးချက်အရ ဧပြီလ ၂၁ ရက်နေ့က ရခိုင်သောင်းကျန်းသူ နှစ်ဦးကို လက်နက်များ နှင့် အတူ အရှင်ဖမ်းဆီးရမိခဲ့ သည်ဟု နိုင်ငံပိုင်သတင်းစာများတွင်လည်းဖော်ပြပါရှိပြီးနယ်မြေရှင်းလင်းရေး လုပ်ငန်းများကိုလည်း တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါသည်။

ထွန်းသိန်း‬
Credit >>> အင်းလေးမီဒီယာ

No comments:

Post a Comment