Friday 24 April 2015

ပျောက်ဆုံး တောင်တက်သမားနှစ်ဦးကိုဂုဏ်ပြုသည့်အနေဖြင့် ခါကာဘိုရာဇီ ခရီးလမ်းကြောင်းရှိ ကျေးရွာများတွင် ကျန်းမာရေး၊ လူမှုရေးလုပ်ငန်းများ ရက်လေးဆယ်ကြာပြုလုပ်

Photo - သဘာဝခေါ်သံ ဖောင်ဒေးရှင်း
ခါကာဘိုရာဇီ တောင်ထိပ်သို့ တက်ရောက်ခဲ့သည့် ပျောက်ဆုံး တောင်တက်သမားနှစ်ဦးဖြစ်သူကို အောင်မြင့်မြတ်နှင့်ကိုဝေ ယံမင်းသူတို့အား ဂုဏ်ပြုသော အနေ ဖြင့် ခါကာဘိုရာ ဇီခရီးလမ်းကြောင်း မှ တိုင်းရင်းသားကျေး ရွာများ တွင် ကျန်းမာရေးနှင့်လူမှုရေးအကျိုးပြု လုပ်ငန်းများကို ရက် ၄ဝခန့်ကြာ မြင့်စွာ ပြုလုပ်ပေးခဲ့ကြောင်း တက္ကသိုလ်ခြေ လျင်နှင့်တောင်တက် အသင်း၊ သဘာဝခေါ်သံ ဖောင်ဒေးရှင်းမှ သိရသည်။

အဆိုပါခရီးစဉ်တွင်မြန်မာ နိုင်ငံ အိုလံပစ်ကော်မတီဝင်၊ တက္က သိုလ်ခြေလျင်နှင့်တောင်တက်အသင်း၊ သဘာဝခေါ်သံ ဖောင်ဒေးရှင်းနာယက ပါမောက္ခ သမားတော်ကြီးဒေါက် တာဒေါ်ခင်မေအုန်းနှင့် ဥက္ကဋ္ဌ ဦးမျိုး သန့်တို့မှ ဦးဆောင်ပြီး အဖွဲ့ဝင် ၁၁ဦးဖြင့် သွားရောက်ခဲ့ရာ၊ ပူတာအို ခရိုင်အတွင်းရှိ တိုင်းရင်းသား ကျေးရွာ ၁၅ရွာနှင့် စခန်း သုံးခုရှိ တိုင်း ရင်းသားပြည်သူ ၅ဝဝခန့်အား အထွေ ထွေရောဂါကုသပေးခြင်း၊ သွားကျန်း မာရေးနှင့်တစ်ကိုယ်ရေသန့်ရှင်းရေး နှင့် ပတ်ဝန်းကျင်သန့်ရှင်းရေး ပညာ ပေးလုပ်ငန်းများ ဆောင်ရွက် ပေးခြင်း၊ လူမှုရေး၊ ဘာသာရေး နှင့် ပညာရေး ရန်ပုံငွေများ လှူဒါန်း ခြင်းတို့ကို ဆောင်ရွက်ခဲ့ ကြောင်းသိရ သည်။

''ဒီခရီးစဉ်က အသင်းကဆောင် ရွက်တဲ့ လူမှုကူညီရေး ခရီးစဉ်တွေ မှာ ရက်အရှည်ဆုံးခရီးစဉ် တစ်ခုဖြစ် ပါတယ်။ ပြီးတော့ ကွယ်လွန်သွား ပြီဖြစ်တဲ့ ဆရာကြီးဗိုလ်မှူးကြီး စည် သူလှအောင်(မြန်မာနိုင်ငံခြေလျင်နှင့် တောင်တက် အဖွဲ့ချုပ်၏ ဖခင်ကြီး) ရဲ့ရာပြည့်မွေးနေ့ကိုလည်း ဂုဏ်ပြုတဲ့ အနေနဲ့ရော၊ ပျောက်သွားတဲ့ တောင် တက်သမား နှစ်ဦးပါ ဂုဏ်ပြုတဲ့ အနေနဲ့ရော၊ တောင်တက်သမား တွေကို ရှာဖွေတဲ့အခါ ကူညီဆောင် ရွက်ပေးခဲ့ကြတာတွေကိုကူညီပေးတဲ့ အနေနဲ့ပါကျေးရွာမိဘပြည်သူတွေ ကိုကျေးဇူးတုံ့ပြန်တဲ့ အနေနဲ့ဆောင် ရွက်ပေးခဲ့တာပါ''ဟု သဘာဝခေါ် သံ ဖောင်ဒေးရှင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

လူမှုရေးနှင့်ကျန်းမာရေးအ ကျိုးပြု တောင်တက်ခရီးကြမ်းအား မတ် ၇ရက်မှ ဧပြီ ၁၆ရက်ထိ ဆောင် ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းအပြင် ဧပြီ ၁ဝရက်မှ ၂၁ရက်အထိတွင်လည်း အသင်း အမှုဆောင် ဒေါက်တာ စိုးမင်းအောင်ဦးဆောင်သော အဖွဲ့ဝင် ၄၆ဦး ပါဝင်သည့် ခြေလျင် တောင် တက်အဖွဲ့သည် ချင်းပြည်နယ် ကန် ပက်လက်မြို့နယ် ဝီတိုရိယတောင်၊ မတူပီမြို့ရှိ မောပိတောင်နှင့် ဘုံ တလာရေတံခွန်တို့ကို နွေရာသီ တောင်တက်ခရီးကြမ်းအဖြစ် တက် ရောက်ခဲ့ပြီး လမ်းခရီး တစ်လျှောက် တွင် ဒေသခံချင်းတိုင်းရင်းသားများ အား ကျန်းမာ ရေး စောင့်ရှောက်ခြင်း နှင့် ပရဟိတလုပ်ငန်းများကို လုပ် ဆောင်ခဲ့ကြောင်းသိရသည်။

MMA
Democracytoday

No comments:

Post a Comment