Friday 24 April 2015

ဖမ်းဆီးခံ ရွှေပြည်သာ ဆန္ဒပြအလုပ်သမားများ လွတ်မြောက်ရေး အလုပ်သမားနေ့တွင် ဆန္ဒပြမည်

ရွှေပြည်သာ မြို့နယ်တွင် လုပ်ခလစာ တိုးမြှင့်ရေးအတွက် ဆန္ဒပြခဲ့သည့် အလုပ်သမား ခေါင်းဆောင်နှင့် အလုပ်သမားအရေး ဆောင်ရွက်သူ ၅ ဦး လွတ်မြောက်ရေးအတွက် အလုပ်သမားနေ့ (မေ ၁ ရက်) တွင် ရွှေပြည်သာမြို့နယ်၌ အလုပ်သမားများက ဆန္ဒပြတောင်းဆိုမည်ဟု  အလုပ်သမား မသန္တာအေးက မဇ္ဈိမကို ပြောသည်။

"ကျွန်မတို့ မေဒေးနေ့လုပ်ဖို့တော့ စီစဉ်ထားတယ်၊ အလုပ်သမားကတော့ ၁၀ ယောက် လောက်ပဲ ထိုင် သပိတ်လုပ်မယ်လို့ စီစဉ်နေတယ်"ဟု ၎င်းက ပြောသည်။

အလုပ်သမားများ လွတ်မြောက်ရေးအတွက် ဆန္ဒပြရန် ခွင့်ပြုမိန့်ကို ရွှေပြည်သာရဲစခန်းတွင် လာမည့် တစ်ပတ် အတွင်း တင်သွားမည်ဟု ပြောသည်။

ရွှေပြည်သာစက်ရုံ နှစ်ခုမှ ဆန္ဒပြ အလုပ်သမား ခေါင်းဆောင်းနှစ်ဦးကို ဧပြီ ၂၃ ရက်တွင် ရွှေပြည်သာ မြို့နယ် တရားရုံး၌ ခြောက်ကြိမ်မြောက် ရုံးထုတ်စစ်ဆေးခဲ့သည်။

အလုပ်သမားများသည် လုပ်ခလစာ တိုးမြှင့်ပေးရေးအတွက် ရွှေပြည်သာမြို့နယ် ဒညင်းကုန်း လမ်းဆုံတွင် ထိုင်သပိတ် လုပ်ကာတောင်းဆိုမှုကြောင့် ဖေဖော်ဝါရီ ၂၀ ရက်တွင် လုံထိန်း အင်းအား ၅၀၀ ကျော်ဖြင့် သပိတ်ကို ဖြိုခွင်းခဲ့ရာမှ အလုပ်သမား ၁၅ ဦးနှင့် အလုပ်သမား အရေးဆောင်ရွက်သူ သုံးဦးအား ဖမ်းဆီး ခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီးခံရသည့် အလုပ်သမား ၁၃ဦးအား အာမခံဖြင့် ပြန်လည်လွှတ်ပေးခဲ့သော်လည်း အလုပ်သမား ခေါင်းဆောင်နှစ်ဦးနှင့် အလုပ်သမား အရေးဆောင်ရွက်သူ သုံးဦးအား ပုဒ်မ (၅၀၅) (ခ) နိုင်ငံတော် အကြည်ညှိ ပျက်စေမှု၊ ပုဒ်မ (၁၄၇) ရုန်းရင် ဆန်ခက်မှု၊ ငြိမ်းချမ်းစွာ စုဝေးခွင်နှင့် စီတန်း လှည့်လည် ခွင့်ဆိုင် ရာ ဥပဒေ ပုဒ်မ(၁၈) တို့ဖြင့် တရားစွဲဆိုကာ ဖမ်းဆီးထားသည်။

Mizzima - News in Burmese​ 

No comments:

Post a Comment