Friday 24 April 2015

ညောင်ဦးမြို့နယ်တွင် ရေအခက်အခဲဖြစ်နေသည့်အပြင် နွားစာရှားပါးလာသည့်အတွက် နွားများကို သစ်ရွက်နှင့် သစ်ဥသစ်ဖုများ ခူးကျွေးနေကြရဟုဆို

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်တွင် ရေအခက်အခဲဖြစ်နေသည့်အပြင် နွားစာပါရှားပါးလာသည့် အတွက် စိမ်းစိမ်းစိုစိုသစ်ပင်သစ်ရွက် အပင်မှန်သမျှ၏ ကိုင်းဖျားများမှ အရွက်များကိုခူး၍ နွားများကို ကျွေးနေ ကြရကြောင်း သိရသည်။

ညောင်ဦးဒေသတွင် နွားများ ကို အစာစားရန်လွှတ်ကျောင်းသော် လည်း နွားစာမှာ စားစရာမရှိ၍ နွေပူ ပူတွင် နွားများကို နေလှန်း သကဲ့သို့ဖြစ်နေသည်။

''ကျွန်မတို့ဒေသမှာ ဒီနှစ် နွားစာရှားတယ်။ နှစ်တိုင်းဒီအချိန် ရောက်ပြီဆိုရင် သစ်ပုတ်ရွက်ခေါ် သစ်ညိုရွက် အနုတွေကို ခူးကျွေးရတယ်။ သစ်ရွက်ခူးကျွေး တဲ့လူတွေ ကလဲ တော်တော်များကြတယ်။ အခုကဆုန် လဆန်းပိုင်းမှာ ရှားသီး ခြောက်တို့ ထနောင်းသီးခြောက်တို့ကို ကောက်ကျွေးနေရတယ်။ ဒါ့ အပြင် အခြား အဝေရာသီးခြောက်၊ ကုက္ကိုသီးခြောက်နဲ့ အသီးခြောက် ပေါင်း စုံကို ရေနဲ့ဖျော် ဆားနဲ့ပက်ပြီး ကျွေးရတယ်။ နွားတွေ ဗိုက်ပြည့်ရင် နွားပိုင် ရှင်တွေ စိတ်ချမ်းသာတာ ပေါ့။ တချို့ကလဲ တမာကိုင်းတို့၊ ကုက္ကိုကိုင်း အရွက်တို့၊ ညောင်ရွက် တို့ကို ချိုင်ကျွေးကြတယ်'' ဟု နွား ကျွေးရန် သစ်ညိုရွက်ခူးနေသူ အမျိုး သမီးတစ်ဦးက ပြောသည်။

ညောင်ဦးဒေသတွင် ယမန် နှစ်က မိုးမကောင်းသည့်အတွက် နွားစား စရာပင်မရှိသည့်အပြင် ဆီးပင် ဆီးရွက် များကလည်း အရွက်နုမထွက်နိုင်သေး သည့်အတွက် နွားပိုင်ရှင်များအနေဖြင့် နွားစာ ရှာဖွေမှု လုပ်ငန်းကို လုပ်ကိုင်နေ ကြရသည်။

KKK
‎Democracytoday‬

No comments:

Post a Comment