Friday 24 April 2015

နှစ်လယ်ပိုင်းတွင် ရွှေဈေးနှုန်း ကျပ်ခုနစ်သိန်း မကျော်နိုင်ဟုဆို

ကမ္ဘာ့ရွှေဈေးကွက်အ နေအထားအရ ပြည်တွင်းရွှေဈေး နှုန်းများသည် ယခုနှစ်လယ်ပိုင်းတွင် ကျပ် ခုနစ်သိန်းကျော်နိုင်ခြေ မရှိနိုင်ဟု ခန့်မှန်းထားကြောင်း ရွှေလုပ်ငန်းရှင်များက ပြောသည်။

ကမ္ဘာ့ ရွှေဈေးနှုန်းသည် သင်္ကြန်မတိုင်မီ တစ်အောင်စ လျှင် ၁,၂၀၀ ဒေါ်လာ ကျော် ရှိနေခဲ့ရာမှ ယခု ရက်ပိုင်းတွင် ၁,၁၈၅ဒေါ်လာသို့ ကျဆင်းလာသည်။ ထို့ကြောင့် ပြည်တွင်းရွှေဈေးနှုန်းမှာလည်း တစ်ကျပ် သားလျှင် ၆၈၈,၀၀၀ ကျပ်ခန့် ရှိနေရာမှ ၆၈၃,၀၀၀ ကျပ်သို့ ကျဆင်းလာခဲ့ကြောင်း သတင်း ရရှိသည်။

‘‘လက်ရှိ ဈေးကွက်အရ ဈေးတက်ဖို့ သိပ်မရှိဘူး။ ခုနစ် သိန်းမကျော်နိုင်သေးဘူး။ အများ ဆုံး ၆၉၀,၀၀၀ ကျပ်ဝန်းကျင် လောက်ပဲ ရောက်နိုင်ဦးမယ်’’ဟု ရွှေလုပ်ငန်းရှင် တစ်ဦးကပြော ကြားသည်။ ဈေးနိမ့်နေသော ရွှေဈေး ကွက်သို့ ရွှေအထည်ဈေးကွက်၌သာ အရောင်းအ၀ယ် ပုံမှန်ရှိ နေပြီး အပိုင်းဈေးကွက်တွင် အ ရောင်းအ၀ယ်ကျဆင်းနေသည်။

‘‘အပိုင်းဈေးကွက်က အ ရောင်းအ၀ယ်ကျနေတာ ခြောက် လလောက်ရှိနေပြီ။ ဒီဝန်းကျင် လောက်မှာတော့ ရွှေလုပ်ငန်း သမားတွေပဲ အပိုင်းအရောင်း အ၀ယ်လုပ်တာများမယ်။ အရင် လို တခြား လုပ်ငန်းသမားတွေ ဘက်က အရောင်းအ၀ယ်လုပ်မလာနိုင်လောက်သေးဘူး’’ ဟု တိတ်စိန်ရွှေဆိုင်က ပြောသည်။

ပြည်တွင်းရွှေဈေးနှုန်းသည်၂၀၁၅ ခုနှစ်ဆန်းမှစကာ ဈေးနှုန်းအနိမ့်ပိုင်းဖြင့် ရှိနေပြီး အတက်အကျမှာလည်း ကျပ်တစ်သောင်းခန့်သာ ရှိနေခဲ့သည့်အတွက် ဈေးကွက်အရောင်းအ၀ယ်ကြီးမားစွာ ပြောင်းလဲမှု မရှိသေး ကြောင်း ရွှေလုပ်ငန်းရှင်များက ပြောသည်။ ဧပြီ ၂၃ ရက်တွင် ကမ္ဘာ့ရွှေ ဈေးနှုန်းများ တစ်အောင်စလျှင် ၁,၁၅၈ ဒေါ်လာခန့်ရှိနေသည့် အတွက် ပြည်တွင်းရွှေဈေးနှုန်းမှာ တစ်ကျပ်သားလျှင် ကျပ် ၆၈၃,၀၀၀ နှင့် ကျပ် ၆၈၅,၀၀၀ ခန့်တွင် ရှိနေသေးသည်။

7Day DAILY

No comments:

Post a Comment