Friday 24 April 2015

KIAအဖွဲ့မှ လက်နက်ဖြင့်ခြိမ်းခြောက်ကာ ဒေသခံရွှေမှော်လုပ်ငန်းရှင်များ ထံမှ ဆက်ကြေးငွေများ ထပ်မံကောက်ခံ

ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် ရွှေလုပ်ငန်း လုပ်ကိုင်နေကြသော ဒေသခံ လုပ် ငန်းရှင်များအား ကချင်လွတ်မြောက်ရေးအဖွဲ့(KIO) အဖွဲ့မှဆက်ကြေးငွေများ ထပ်မံကောက်ခံနေကြောင်း ဒေသခံ တစ်ဦးမှ ပြောသည်။

အဆိုပါဖြစ်စဉ်မှာ ဖားကန့်မြို့နယ် ဟောင်ပါးကျေးရွာ အုပ်စုအတွင်း ရှိ ကျေးရွာ များတွင် ရွှေ/ကျောက် လုပ်ကိုင် နေသော လုပ်ငန်းရှင်တစ်ဦးလျင် တစ်နှစ်စာအတွက် သိန်း(၃၀) အား မေလ ပထမအပတ် အတွင်း ပေးဆောင် ရန် KIO အဖွဲ့မှ ဧပြီလ ၂၂ ရက်နေ့တွင် ခြိမ်းခြောက်ပြောဆို သွားကြောင်း ဒေသ ခံရွှေလုပ်ငန်းရှင် တစ်ဦးမှ ပြောသည်။

၎င်းရွှေလုပ်ငန်းရှင်များထဲတွင် ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ ပထမအပတ်အတွင်း ဆက်ကြေးငွေအဖြစ် ငွေ ကျပ် (၁၅) သိန်းအား ပေးဆော င်ထားပြီးသူ များလည်း ပါဝင်ကြောင်း ဆက်လက်ပြောကြားခဲ့ပါသည်။

“ လက်ရှိ တိုက်ပွဲတွေဖြစ်နေလို့ ရွှေမှော်လုပ်ငန်းရှင်တွေ ဘယ်သူမှ အဆင်မပြေကြဘူး၊ မှော်လုပ်သားတွေ ဆိုရင်လည်း ဆက်ကြေးလည်းပေး ရ၊လူသစ်စုဆောင်းတာလည်းခံရလို့ ကိုယ့်ဒေသ အသီးသီးကို ပြန်ကုန် ကြပြီ၊ ကြာလာရင် လုပ်ငန်းလဲ ရပ်ဆိုင်းရတော့မယ်၊ဆက်ကြေးငွေကလဲ တစ်နှစ်ထက်တစ်နှစ် ပိုတိုးတိုးပြီး ကောက် နေတော့ ကျွန်တော်တို့ ပင်ပင်ပန်းပန်းနဲ့ရှာဖွေထားသမျှက သူတို့ကို ကျွေးမွေးထောက်ပံ့နေ ရသလို ဖြစ်နေ တယ် ” ဟု ဖားကန့်မြို့နယ် ရွှေမှော်လုပ်ငန်းရှင် တစ်ဦးမှ ပြော သည်။

ထို့အပြင် ဖားကန့်မြို့နယ်အတွင်းရှိ ကသိုဏ်းတောင်၊ အနီးစခန်း၊ ဆယ်ဇင်းအစရှိသော ကျေးရွာအနီး တ၀ိုက်မှ ရွှေလုပ်ငန်း လုပ်ကိုင်နေသူများမှာလည်း အနီးပတ်ဝန်းကျင်မှ KIA စခန်းများထံသို့ ဆက်ကြေး ငွေများပေးဆောင် နေကြရပြီး ပတ်ဝန်းကျင်ကျေးရွာ များအနီးတွင် လုပ်ကိုင်နေသော ရွှေလုပ်ငန်း ရှင်များ မှာ (၁၀) မိုင်ကုန်းစခန်း သို့လည်း ကောင်း အသီးသီးပေးဆောင်နေရသည်ဟု ၎င်းမှ ဆက်လက် ပြောပြသည်။

ယခုကဲ့သို့ ဟောင်ပါးကျေးရွာအတွင်းမှ စက်များဖြင့် ရွှေတူးဖော်နေသော လုပ်ငန်းရှင်များ ရှိသော်လည်း မိသားစုစားဝတ် နေရေးအတွက် တစ်ပိုင် တစ်နိုင် ရှာဖွေစားသောက်နေသူများထံမှလည်း KIOအဖွဲ့မှ ဆက်ကြေးငွေကောက် ခံလျက် ရှိကြောင်း ဟောင်ပါးကျေး ရွာ ဒေသခံ တစ်ဦးမှ ပြောပြခဲ့ပါသည်။

စိုင်းဇော်ထူး (ဖားကန့်)
Credit >>> Kachin Daily News 

No comments:

Post a Comment