Friday 24 April 2015

မလေးရှားကုမ္ပဏီတစ်ခုမှ ရွှေတိဂုံစေတီတော်ပုံ တံဆိပ်ကပ်နှိပ်ထားသည့် အရက်ပုလင်းများ ထုတ်လုပ်ရောင်းချနေမှု သာသနာရေးဝန်ကြီးဌာန ကန့်ကွက်

မလေးရှား ကုမ္ပဏီတစ်ခုမှ ရွှေတိဂုံစေတီတော် ပုံတံဆိပ် ကပ်နှိပ်ထားသည့် အရက် ပုလင်းများထုတ်လုပ် ရောင်းချနေမှု ကို သာသနာရေး ဝန်ကြီးဌာနက ကန့် ကွက်လိုက်သည်။

ယင်းသို့ကန့်ကွက်ကြောင်းကို သာသနာရေးဝန်ကြီး ဌာနက နိုင်ငံခြား ရေး ဝန်ကြီးဌာနသို့ အကြောင်းကြား စာပေးပို့ခဲ့ခြင်းဖြစ်ပြီး ယင်းကန့်ကွက် လွှာတွင် ရွှေတိဂုံစေတီတော်မြတ် ကြီး၏ ပုံတူကို အရက်ပုလင်းတွင် တံဆိပ်အဖြစ် ကပ်နှိပ်အသုံးပြုလျက် မသင့်မလျော်ဆောင်ရွက်ခြင်း မှန်ကန်ပါက သာသနာရေးဝန်ကြီး ဌာနအနေဖြင့် အလေးအနက်ထား ကန့်ကွက်ပါကြောင်းနှင့် ယင်းကဲ့သို့ ကန့်ကွက်ကြောင်းကို ကွာလာ လမ်ပူမြို့ရှိ မလေးရှားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံရုံးမှတစ်ဆင့် သက်ဆိုင်ရာတာဝန်ရှိသူများသို့ ဆက် လက် အသိပေး ရန် အကြောင်းကြား စာတွင် ဖော်ပြ ထားသည်။

မလေးရှားကုမ္ပဏီတစ်ခုဖြစ်သည့် Teo Seng Chan ယမကာလုပ်ငန်း မှထုတ်လုပ်ပြီး Song Singha အမည် ရအရက်ပုလင်း တွင် ရွှေတိ ဂုံစေတီ တော်ပုံ ကိုတံဆိပ်အဖြစ် အသုံးပြုကာ ရောင်း ချနေကြောင်း အင်တာနက် စာမျက်နှာများတွင် ပျံ့နှံ့ဝေဖန်မှုများ အပေါ် သာသနာရေး ဝန်ကြီးဌာန က ဧပြီ ၂၂ရက် ရက်စွဲ ဖြင့် ယင်းကဲ့ သို့ကန့်ကွက်ခဲ့ခြင်း ဖြစ်သည်။

ယင်းကန့်ကွက်လွှာတွင် မြန်မာ ဗုဒ္ဓဘာသာဝင်တို့ အထွတ်အမြတ် ထားရာရွှေတိဂုံစေတီတော်၏ပုံတူကို အရက်ပုလင်းတွင် တံဆိပ်ကပ်နှိပ်ပြီး မသင့်မလျော်ဆောင်ရွက်ခြင်းမှာ ဗုဒ္ဓဘာသာဝင်တို့၏ ကိုးကွယ် ယုံကြည်မှုကို စော်ကားသမှုပြုရာရောက်ကြောင်း၊ ယင်းသို့ပြုလုပ်ခြင်းသည် စေတီတော်ကို ပြစ်မှားဖျက်ဆီး ရာ လည်းရောက်သဖြင့် ပဉ္စာနန္တရိယကံ ကျူးလွန် သူနှင့်မခြား ပြုမူသုံးစွဲသူတို့ အပေါ် ဝန်ထုပ်ဝန်ပိုး ဖြစ်လျက် လော ကအပြစ်၊ သံသရာအပြစ်ကြီးလေးလှ သည်ဟု ဖော်ပြထားသည်။

လေးဆူဓာတ်ပုံ ရွှေတိဂုံစေတီ တော်မြတ်ကြီးသည် စေတီလေးမျိုး ထိုက်သော စေတီတော်ကြီးဖြစ်ပြီး ကကုသန်ဘုရားရှင် ၏ တောင်ဝှေး တော်၊ ကောဏဂုံဘုရားရှင်၏ ရေ စစ်တော်၊ ကဿ ပ ဘုရားရှင်၏ ရေ သနုပ်သင်္ကန်းတော်၊ ဂေါတမဘုရား ရှင်၏ ဆံတော် ဓာတ်မြတ် တို့ ကိန်း ဝပ်စံပယ်တော်မူသည့် ဗုဒ္ဓဘာသာ ဝင်တို့အထွတ် အမြတ်ထားရာ ကမ္ဘာ့ အံ့ဖွယ်စေတီတော်မြတ်ကြီး တစ်ဆူ ဖြစ်ပါသည်။

ရွှေတိဂုံစေတီတော်မြတ်၏ဘွဲ့ အမည်နှင့် ပုံတော်များအား ပူဇော် ကိုး ကွယ်ခြင်း မှတစ်ပါး အခြားသော လူမှုရေး၊ စီးပွားရေး ကိစ္စရပ်များ ၊ ကြော် ငြာ များ၊ လက်ကမ်းစာစောင်များ၊ ကမ္ဘာ လှည့်ခရီးသွားလုပ်ငန်း၊ ကုမ္ပဏီ၊ ဈေးဆိုင်၊ အဆောက်အဦ၊ ဟိုတယ်များတွင် အမှတ်တံဆိပ်အဖြစ် ကပ်နှိပ် သုံးစွဲခြင်းများ လုံးဝမပြုလုပ်ရန် ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့က တရားဝင်ကြေညာ တားမြစ်ထားပြီးဖြစ် ကြောင်း လည်း သိရသည်။

Democracytoday

No comments:

Post a Comment