Friday 24 April 2015

ပညာရေးသပိတ်စစ်ကြောင်းမှ ဖမ်းဆီးခံကျောင်းသားများ၏ဆဋ္ဌမမြောက် ရုံးချိန်းကို လက်ပံတန်းမှ သာယာဝတီသို့ ပြောင်းလဲစစ်ဆေးမည်

ဒီမိုကရေစီ ပညာရေးသပိတ်စစ်ကြောင်းမှ ဖမ်းဆီး တရားစွဲခံထားရသူများ၏ ဆဋ္ဌမအကြိမ်မြောက် ရုံးချိန်း တွင် လက်ပံတန်းမြို့နယ် တရားရုံးမှ သာယာဝတီမြို့နယ်တရားရုံးသို့ ပြောင်းလဲစစ်ဆေး သွားမည်ဖြစ် ကြောင်း ယခုပဉ္စမအကြိမ်မြောက် ရုံးချိန်းမှသိရှိရပြီး အကျဉ်းထောင်အတွင်း ဖမ်းဆီးခံထားရသူ အမျိုးသား အများစုမှာ အရေပြားယားယံခြင်းများ ဖြစ်ပွားနေကြောင်းသိရသည်။

အမျိုးသားပညာရေးဥပဒေပြင် ဆင်ပေးရန် သပိတ်မှောက်တောင်းဆို ဆန္ဒပြခဲ့ကြသော ဒီမိုကရေစီ ပညာရေး သပိတ်စစ်ကြောင်းမှ ကျောင်း သား၊ ကျောင်းသူများနှင့် ဝန်းရံပြည်သူများကို လက်ပံတန်းမြို့နယ် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဖုန်းမြင့်မှ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိသော အမှုအား လမ်းပန်း ဆက်သွယ်ရေးနှင့် လုံခြုံရေး အခြေအနေများကြောင့် သာယာဝ တီတရားရုံးသို့ ရုံးပြောင်းလျှောက် ထားမှုအား ၂၀၁၅ခုနှစ် ဧပြီ ၂၂ ရက် တွင် လက်ပံတန်းမြို့နယ်တရားရုံးမှ သာယာဝတီမြို့နယ် တရားရုံးသို့ ပြောင်း ရွှေ့စစ်ဆေးရန် ခရိုင်တရားသူကြီးမှ အမိန့်ချမှတ်လိုက်ပြီဖြစ်သဖြင့် ၂၀၁၅ ခုနှစ် ဧပြီ ၃ဝရက် ရုံးချိန်းကို သာယာဝတီမြို့နယ် တရားရုံးသို့ ပြောင်း ရွှေ့စစ်ဆေးသွားမည်ဖြစ်သည်။

''ဥပဒေရုံးကနေပြီးတော့မှ ရုံး ပြောင်းခွင့်ကို လုံခြုံရေးအနေအထား အရ၊ လမ်းပန်းဆက်သွယ်ရေးအနေ အထားအရ သာယာဝတီခရိုင်တရား ရုံးကို ရုံးပြောင်းခွင့်လျှောက်ပါတယ်။ အခုမီဒီယာတွေမှာ ဖော်ပြနေ သလို အထက်တို့ တိုင်းတို့ဆိုတာ မဟုတ် ပါဘူး။ မြို့နယ်ထက် အဆင့်မြင့်ရုံးက ခရိုင်ပါပဲ။ အဲ့တော့ ခရိုင်ရုံး ကို လျှောက် တယ်။ ခရိုင်ရုံးကလဲ နှစ်ဖက်ကိုကြား နာတယ်။ ကြားနာတဲ့အချိန်မှာလဲတစ် ဖက်ကိုခေါ်တယ်။ ဒါပေမဲ့ လျှောက်လဲချက် မပေးတော့ဘူး။ ၂၂ ရက်နေ့ မှာတော့ လက်ပံတန်းမြို့နယ် တရားရုံးမှ သာယာဝတီမြို့နယ် တရားရုံးသို့ ပြောင်းရွှေ့စစ်ဆေးဖို့ကို ခရိုင်တရား သူကြီးမှ အမိန့်ချမှတ်လိုက်ခြင်းဖြစ် ပါတယ်''ဟု ခရိုင်ဥပဒေရုံးမှ တာဝန် ရှိသူတစ်ဦးက ဆိုသည်။

လက်ပံတန်းတရားရုံးမှ သာယာဝတီတရားရုံးသို့ ပြောင်းရွှေ့လိုက်ခြင်း အားဖြင့် မိသားစုများ ဝန်းရံပြည်သူ များနှင့် ရှေ့နေများအတွက် သွားလာ ရာတွင် လွယ်ကူသွားမည်ဖြစ်ပြီး ရုံး ပြောင်းပြုလုပ်နေခြင်းအတွက် အချိန် အနည်းငယ်ကြန့်ကြာသွားမှုရှိကြောင်း နှင့် တရားစွဲဆိုထားမှုများနှင့် ပတ်သက်၍ အထွေအထူး ပြောရန် မရှိ သော်လည်း ပုဒ်မ-၅၀၅ (ခ) ဖြင့် တရား စွဲဆိုထားခြင်းသည် စွပ်စွဲခံထားရသူ များ အနေဖြင့် ပိုမိုဒုက္ခတွေ့စေပြီး ယခု လိုမပြုလုပ်သင့်ကြောင့် ရှေ့နေဦးရော ဘတ်စန်းအောင်မှ ပြောသည်။

WNT (LPD)
Democracytoday

No comments:

Post a Comment