Friday 24 April 2015

စစ်အရှိန်တိုးမြှင့်လာစေရန် KIA မှ ဖားကန့်မြို့နယ် ဒွန်ဘန်ကျေးရွာနှင့် လက်ဝါးကြားတွင် တပ်မတော် စစ်ကြောင်းအား အကြောင်းမဲ့မိုင်းဆွဲတိုက်ခိုက်

ကချင်ပြည်နယ်၊ ဖားကန့်မြို့ ဒွန်ဘန်ကျေးရွာနှင့် လက်ဝါးကျေးရွာကြားတွင် ပုံမှန်သွားလာ လျှက်ရှိသော တပ်မတော်ယာဉ်တန်းအား ယနေ့ မနက်(၁၀)နာရီ မိနစ်(၂၀)ကြားတွင် စစ်အရှိန်တိုးမြှင့် လာစေရန် KIA မှ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် တိုက်ပွဲတစ်ခုဖြစ်ပွားခဲ့သည်။
အဆိုပါ KIA မှ အလစ်အငိုက်ခြုံခိုတိုက်ခိုက်မှုကြောင့် တပ်မတော်မှ တစ်ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ဖြစ်လျှင်ဖြစ်ခြင်း တပ်မတော်မှ တန်ပြန်ချေမှုန်းတိုက်ခိုက်မှုကြောင့် ကေအိုင်အေတပ်ဖွဲ့ဝင် တစ်ဦးသေဆုံး ကာ ဒဏ်ရာများရရှိသွားကြောင်း လက်ဝါးနှင့် နန့်ယားကြားကားလမ်းမှ ပြန် လာသော ခရီးသွားများထံမှ သိရှိရပါသည်။

ခရီးသွားတစ်ဦးမှ “ တိုက်ပွဲဖြစ်သံကြားလို့ ကျွန်တော်တို့လည်းတောထဲဝင် ပုန်းနေတာ KIA ကသူတွေ ပြန်ပြေးလာတာတွေ့တယ်… သူတို့ဆီမှာ အလောင်းတစ်လောင်းထမ်းလာတာလည်း တွေ့မိတယ်… သူတို့ကအရင်မိုင်းခွဲပြီးတိုက်တာ… နောက်ဆုံးသူတို့တွေပဲ လမ်းအနောက်ဘက်ကို ထွက်ပြေး သွားတာ လေ…ဟိုနေ့တွေတုန်း ကလည်း ကောင်ရာဘက်မှာ တိုက်ပွဲတွေဖြစ်တယ်လို့တော့ ကြားမိ တယ်” ဟု ပြောသည်။

ယခင်နေ့က တနိုင်းမြို့နယ်တွင် ဖြစ်ခဲ့သောတိုက်ပွဲမှာ ကေအိုင်အေ မှ ကောင်ရာကျေးရွာ အတွင်း လူသစ် လာဆွဲမယ်ဆိုပြီး သတင်း ရရှိသောကြောင့် တပ်မတော်မှ သွားရောက်စောင့်ဆိုင်း နေရာမှ လူသစ်လာ ဆွဲသော KIA တပ်ဖွဲ့များနှင့် တပ်မတော်တို့တိုက် ပွဲဖြစ်ပွားခြင်းဖြစ်ပြီး တိုက်ပွဲမှာ ခဏသာဖြစ်ပွား သောကြောင့် တိုက်ပွဲရှောင်နေသောရွာသားများ ရွာသို့ပြန်လည်ရောက် ရှိနေပြီဖြစ် ကြောင်း ကောင်ရာ ကျေး ရွာသားများထံမှ သိရှိရပါသည်။

ကောင်ရာကျေးရွာသားတစ်ဦးက “ တိုက်ပွဲကခဏပဲဖြစ်လို့ အခုတော်တော်များများရွာကို ပြန် ရောက် နေကြပါပြီ… အခုတောထဲမှာသွားရှောင်နေတဲ့အဖွဲ့တွေ၊ ကင်ဆားရာရပ်ကွက် ကချင်နှစ်ခြင်း အသင်းတော် မှာ သွားရောက်ခိုလှုံ့နေတဲ့အဖွဲ့တွေ၊ ပုန်ခုန်းရပ်ကွက် ကက်သလစ်အသင်းတော်မှာ သွားရောက်တဲ့ အဖွဲ့တွေ အကုန်လုံးပြန်ရောက်နေပါပြီ.. မြစ်ကြီးနားကသမီးတောင် စိုးရိမ်လို့ဆိုပြီး ဖုန်း လှမ်းဆက်သေး တယ်… သတင်းထဲမှာပါလာတာက ကျွန်တော်တို့ရွာကလူတွေ စစ်ရှောင်တွေ ဘာတွေ ရောက်နေပါ ပြီပေါ့… အမှန်ကအဲ့တာ ဒုက္ခသည်ပွဲစားတွေလျှောက်အော်နေတာ… ဘာကြောင့် အော် လည်းဆိုတော့ KIA တပ်မဟာ-၂ ကစခန်းတွေမှာ ရိက္ခာပြတ်နေပြီလေ… ကျွန်တော်တို့ကို စစ်ရှောင် တွေမှာထားပြီး သူတို့ အတွက် တရားဝင် ရိက္ခာတွေစုဆောင်းနိုင်အောင်အတွက် တိုက်ပွဲတွေပြန်ဖြစ် အောင်လုပ်နေတာပါ… ဒါတွေကျွန်တော်တို့ အဖွဲ့တွေကသိတယ်လေ.. သူတို့ရဲ့ မျောက်ပြဆန်တောင်း ခိုင်းမဲ့ဘ၀ မဖြစ်အောင် ပြန်လာကြတာ… သူတို့တွေက တိုက်ပွဲဖြစ်အောင်လုပ်မယ် တိုက်ပွဲဖြစ်ရင် ကျွန်တော်တို့ရွာသားတွေကို စစ်ရှောင် IDP တွေမှာထားမယ် ရလာတဲ့ထောက်ပံ့ပစ္စည်း တွေကို သူတို့ဆီယူသွားမယ်.. ဒါတွေဟာ KIA ကလူကြီးတွေ (၂၀၁၁)ကတည်းက လုပ်နေတဲ့ အလုပ်တွေပါ” ဟု ပြောသည်။ 

ယနေ့ဖြစ်ခဲ့သော KIA တို့၏ ရန်စတိုက်ခိုက်မှုမှာလည်း ဖားကန့်-တနိုင်းဒေသတွင် စစ်ရှိန်များ တဖန် တိုးလာအောင် သွေးထိုး တိုက်ခိုက်မှုသာဖြစ်ကြောင်း အဆိုပါဒေသခံများထံမှ သိရှိရပါ သည်။

Voice of Kachin

No comments:

Post a Comment