Thursday 4 December 2014

နေနှင့်သက်ရှိကမ္ဘာဖြစ်ပေါ်မှု လေ့လာမည့် ဥက္ကာပျံ စူးစမ်းယာဉ်တစီး စေလွှတ်

Photo: နေနှင့်သက်ရှိကမ္ဘာဖြစ်ပေါ်မှု လေ့လာမည့် ဥက္ကာပျံ စူးစမ်းယာဉ်တစီး စေလွှတ်
Thursday, December 4, 2014

နေအဖွဲ့အစည်းနဲ့ သက်ရှိကမ္ဘာ ဘယ်လို ဖြစ်ထွန်းလာတယ်ဆိုတာကို ဥက္ကာပျံတခုပေါ် ဆင်းပြီး  အသေးစိတ် လေ့လာမယ့် ဥက္ကာပျံ စူးစမ်းယာဉ်တစင်းကို ဂျပန်အာကာသအေဂျင်စီက ဒီဇင်ဘာ ၃ ရက်နေ့မှာ စေလွှတ်လိုက်ပါတယ်။

၂၀၁၀ ခုနှစ်က ဥက္ကာပျံအပိုင်းအစတွေကို သယ်ယူခဲ့တဲ့ အရင်စီမံကိန်းကိုပဲ ပြန်အဆင့်မြင့်ထားပြီး ဒီတကြိမ်တော့ အရင်တကြိမ်ထက် ပိုအဆင့်မြင့်လုပ်ငန်းတွေကို ဆောင်ရွက်မှာလည်း ဖြစ်ပါတယ်။

စူးစမ်းယာဉ်ကို ဟာရာဘူဆာ ၂ (Hayabusa 2) လို့ အမည်ပေးထားပြီး အမေရိကန်ဒေါ်လာ သန်း ၂၆၀ ကုန်ကျတဲ့ စီမံကိန်းလည်း ဖြစ်ပါတယ်။

အင်္ဂါဂြိုဟ်နဲ့ ကမ္ဘာကြားမှာ နေကို လှည့်ပတ်နေတဲ့ ဥက္ကာခဲတွေထဲက တခုဖြစ်တဲ့ ၁၉၉၃ ဂျူ ၃ (1999 JU3) ဥက္ကာပျံကို ပထမ ၂ နှစ်ခွဲအတွင်း ချဉ်းကပ်ဖို့ ကြိုးစားမှာ ဖြစ်ပြီး မီသွားတဲ့အချိန်မှာ ဥက္ကာပျံ မျက်နှာပြင်ကို ၁၈ လကြာ လေ့လာမှာပါ။

ဥက္ကာပျံမျက်နှာပြင်ကို ဖောက်ခွဲပြီး ဥက္ကာပျံအတွင်းပိုင်းက အပိုင်းအစတွေကို ရယူမယ့် လုပ်ငန်းတရပ်လည်း ပါဝင်ပါတယ်။

အဲဒီလုပ်ငန်းတွေပြီးရင် ကမ္ဘာမြေကို ပြန်လာတာ ၁ နှစ် ကြာမြင့်မှာ ဖြစ်ပြီး ၂၀၂၀ ခုနှစ်မှာ ပြန်ရောက်မယ်လို့ တွက်ချက်ထားပါတယ်။

အချိန်အားလုံး ၆ နှစ် ကြာမြင့်မှာ ဖြစ်ပြီး စူးစမ်းယာဉ်ဟာ ကီလိုမီတာပေါင်း ၅ ဘီလီယံ ခရီးပေါက်မှာ ဖြစ်ပါတယ်။

ဥက္ကာပျံအတွင်းသားဟာ ရာသီဥတုဒဏ်နဲ့ အပူဒဏ်ကြောင့် ထိခိုက်ပျက်စီးမှု နည်းပြီး ကနဦးနေအဖွဲ့အစည်းဖြစ်ပေါ်လာပုံနဲ့ ကမ္ဘာလှည့်ပတ်ပုံစတဲ့ အခြေခံကျတဲ့ ပဟေဋ္ဌိတွကို အဖြေထုတ်ပေးနိုင်မယ်လို့ သိပ္ပံပညာရှင်တွေက မျှော်လင့်နေကြတာပါ။

ဒီဗွီဘီ
နေအဖွဲ့အစည်းနဲ့ သက်ရှိကမ္ဘာ ဘယ်လို ဖြစ်ထွန်းလာတယ်ဆိုတာကို ဥက္ကာပျံတခုပေါ်ဆင်းပြီး  အသေးစိတ် လေ့လာမယ့် ဥက္ကာပျံစူးစမ်းယာဉ်တစင်းကို ဂျပန်အာကာသအေဂျင်စီက ဒီဇင်ဘာ ၃ ရက်နေ့မှာ စေလွှတ် လိုက်ပါတယ်။

၂၀၁၀ ခုနှစ်က ဥက္ကာပျံအပိုင်းအစတွေကို သယ်ယူခဲ့တဲ့ အရင်စီမံကိန်းကိုပဲ ပြန်အဆင့်မြင့်ထားပြီး ဒီတကြိမ် တော့ အရင်တကြိမ်ထက် ပိုအဆင့်မြင့်လုပ်ငန်းတွေကို ဆောင်ရွက်မှာလည်း ဖြစ်ပါတယ်။

စူးစမ်းယာဉ်ကို ဟာရာဘူဆာ ၂ (Hayabusa 2) လို့ အမည်ပေးထားပြီး အမေရိကန်ဒေါ်လာ သန်း ၂၆၀ ကုန်ကျတဲ့ စီမံကိန်းလည်း ဖြစ်ပါတယ်။

အင်္ဂါဂြိုဟ်နဲ့ ကမ္ဘာကြားမှာ နေကို လှည့်ပတ်နေတဲ့ ဥက္ကာခဲတွေထဲက တခုဖြစ်တဲ့ ၁၉၉၃ ဂျူ ၃ (1999 JU3) ဥက္ကာပျံကို ပထမ ၂ နှစ်ခွဲအတွင်း ချဉ်းကပ်ဖို့ ကြိုးစားမှာ ဖြစ်ပြီး မီသွားတဲ့အချိန်မှာ ဥက္ကာပျံ မျက်နှာပြင်ကို ၁၈ လကြာ လေ့လာမှာပါ။

ဥက္ကာပျံမျက်နှာပြင်ကိုဖောက်ခွဲပြီး ဥက္ကာပျံအတွင်းပိုင်းက အပိုင်းအစတွေကိုရယူမယ့် လုပ်ငန်းတရပ်လည်း ပါဝင်ပါတယ်။

အဲဒီလုပ်ငန်းတွေပြီးရင် ကမ္ဘာမြေကို ပြန်လာတာ ၁ နှစ် ကြာမြင့်မှာ ဖြစ်ပြီး ၂၀၂၀ ခုနှစ်မှာ ပြန်ရောက် မယ်လို့ တွက်ချက်ထားပါတယ်။

အချိန်အားလုံး ၆ နှစ် ကြာမြင့်မှာ ဖြစ်ပြီး စူးစမ်းယာဉ်ဟာ ကီလိုမီတာပေါင်း ၅ ဘီလီယံ ခရီးပေါက်မှာ ဖြစ် ပါတယ်။

ဥက္ကာပျံအတွင်းသားဟာ ရာသီဥတုဒဏ်နဲ့ အပူဒဏ်ကြောင့် ထိခိုက်ပျက်စီးမှု နည်းပြီး ကနဦးနေအဖွဲ့ အစည်းဖြစ်ပေါ်လာပုံနဲ့ ကမ္ဘာလှည့်ပတ်ပုံစတဲ့ အခြေခံကျတဲ့ ပဟေဋ္ဌိတွကို အဖြေထုတ်ပေးနိုင်မယ်လို့ သိပ္ပံပညာရှင်တွေက မျှော်လင့်နေကြတာပါ။

ဒီဗွီဘီ

No comments:

Post a Comment