Thursday 4 December 2014

အမေရိကန်သံအမတ် ဒဲရစ်မစ်ချယ် ရေနံချောင်းရှိ ကျေးရွာတစ်ခုသို့ သွားရောက်

အမေရိကန်နိုင်ငံတကာ ဖွံ့ဖြိုးမှုဆိုင်ရာ အကူအညီပေး ရေးအေဂျင်စီ (USAID) ၏ ရှေ့ သို့ စီမံချက် ကျေးရွာ ၂၀၀၀ ပြည့်အဖြစ် မကွေးတိုင်း၊ ရေနံချောင်းမြို့ နယ်ရှိ နတ်ကန်ဦးကျေးရွာသို့ အမေရိကန် သံအမတ် ဒဲရစ်မစ်ချယ်သွားရောက် ခဲ့သည်။

ရှေ့သို့ စီမံချက်သည် မြန်မာနိုင်ငံအလယ်ပိုင်း မိုးနည်းရပ်ဝန်းဒေသနှင့် ကယားပြည်နယ် တို့တွင် ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နေခြင်းဖြစ်ပြီး အမေရိကန်နိုင်ငံတကာ ဖွံ့ဖြိုးမှုဆိုင်ရာ အကူအညီပေးရေး အေဂျင်စီ က ပံ့ပိုးကူညီနေခြင်း ဖြစ်သည်။

အမေရိကန်သံအမတ်သည် နတ်ကန်ဦးကျေးရွာတွင် ရှေ့သို့ စီမံချက်က ဆောင်ရွက်နေသော ငါးနှစ် အောက် ကလေးများအား အာဟာရတိုက်ကျွေးခြင်းနှင့် ကိုယ်အလေးချိန် တိုင်းယူမှတ်ထားခြင်း၊ ကျန်းမာရေးပညာပေး အစီအစဉ်၊ ရွေ့လျား ဆေးပေး ခန်း၊ ရေသန့်ရရှိရေးအစီအစဉ်၊ မျိုးစေ့ဘဏ်နှင့် အိမ်တွင်း မွေး မြူရေး လုပ်ငန်းများကို လေ့လာခဲ့သည်။

မြန်မာနိုင်ငံရှိ မြို့နယ်ပေါင်း ၁၉ မြို့နယ်ရှိ ပြည်သူနှစ်သန်း ကျော်အတွက် ဖွံ့ဖြိုးရေးစီမံကိန်း များကို ရှေ့သို့စီမံချက်ဖြင့် ငါးနှစ်ကြာ အကောင်အထည်ဖော် ဆောင်ရွက်ရန် သတ်မှတ်ထားပြီး လွန်ခဲ့သော သုံးနှစ် အတွင်း ကိုယ် ၀န်ဆောင် မိခင်နှင့် ကလေးငယ် များ ကျန်းမာရေးစောင့်ရှောက်မှု၊ ၀င်ငွေတိုးပွာရေး ဆိုင်ရာ နည်း ပညာပေးခြင်း စသည့်လုပ်ငန်းများကို  ဆောင်ရွက်ခဲ့ပြီး  ဖြစ်သည်။

ရှေ့သို့  စီမံချက်အနေဖြင့် ကျေးလက်ဒေသရှိ ရပ်ရွာဖွံ့ဖြိုး ရေးကိစ္စများတွင် ဒေသခံများက ဦးဆောင် စီမံရေး၊ ကျန်းမာရေး စောင့်ရှောက်မှုများ ပိုမိုရရှိရေး၊ ၀င်ငွေတိုးတက်ရေး၊ သောက်သုံး ရေသန့် ရရှိရေး၊ တစ်ကိုယ်ရေနှင့် ပတ်ဝန်းကျင် သန့်ရှင်းရေး၊ ရပ်ရွာကဦးဆောင်၍ သဘာဝ အရင်းအမြစ်များကို စီမံခန့်ခွဲ ရေး တို့အတွက် ဦးတည်ဆောက်ရွက် နေကြောင်း အမေရိကန်သံရုံးက ထုတ်ပြန်သည်။

7Day DAILY 

No comments:

Post a Comment