Thursday 4 December 2014

ဈေးဝယ်ထွက်တဲ့ခရိုနီ

Photo: ဈေးဝယ်ထွက်တဲ့ခရိုနီ
Thursday, December 4, 2014

ပဲရစ်မြို့မှ နာမည်ကျော် ရှောင်ဇန်လေဇီ (Champs-Elysees)လမ်းမကြီး
ကမ္ဘာပေါ်က နိုင်ငံအသီးသီး၏  ဘဏ္ဍာရေး အခြေအနေများကို စာရင်းပြုစုနေသော IMF ခေါ် အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံ ငွေအဖွဲ့က ၂၀၀၉ မှ ၂၀၁၃ အတွင်း ကမ္ဘာပေါ်ရှိအဆင်းရဲ ဆုံးနိုင်ငံများနှင့် အချမ်းသာဆုံး နိုင်ငံများကို စစ်တမ်းတစ်ခုပြုစုခဲ့ ပါသည်။ စစ်တမ်းများအရ ကမ္ဘာ ပေါ်ကနိုင်ငံ ၁၄၈ နိုင်ငံကို ဆင်းရဲ မှုအလိုက်ဇယားစီစဉ်ခဲ့ရာ အရှေ့ တောင်အာရှမှ မြန်မာနိုင်ငံက အဆင့် ၂၃ ဖြင့် ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံများတွင်ပါဝင်ခဲ့ပါ သည်။ မြန်မာ၏ အရှေ့ကအဆင်းရဲဆုံးနိုင်ငံများတွင် ဇင်ဘာဘွေ၊ ကွန်ဂို၊ နိုင်ဂျီးရီးယားနှင့် မာလာဝီ တို့လိုနိုင်ငံမျိုးများသာ ရှိပါတော့ သည်။

အဆိုပါစာရင်းမှာ နိုင်ငံတစ် နိုင်ငံ၏ နိုင်ငံသားတစ်ဦးချင်းဝင် ငွေ၊ အသားတင်ထုတ်လုပ်မှု၊ စာ တတ်မြောက်မှု၊ ပျမ်းမျှလူ့သက် တမ်း စသည့်အချက်အလက်များ စွာအပေါ် အခြေခံတွက်ချက်ပြုစု ထားခြင်းဖြစ်သည်ဟုဆိုသည်။

သို့သော်လည်း တစ်ချိန် တည်းမှာပင် မြန်မာက ကမ္ဘာကြီးသို့လမ်းဖွင့်ပေးလိုက်သည့်၂၀၁၁ ခုနှစ်ကစပြီး ပြည်ပနိုင်ငံ များသို့ အဝင်အထွက်ပိုများလာ သည့်ငွေကြမ်းကြမ်းသုံးသော မြန် မာလူမျိုးအချို့ကြောင့် မြန်မာက ကမ္ဘာမှာ  အဆင်းရဲဆုံးနိုင်ငံဆို သည့်အချက်သည် မှန်ပါရဲ့လား ဆိုသည်ကို သံသယများဝင်စရာရှိ လာသည်။

ပြင်သစ်နိုင်ငံ ပဲရစ်မြို့က နာမည်ကျော်   ရှောင်ဇန်လေဇီ (Champs-Elysees)လမ်းမကြီး ပေါ်က ကဖီးဂျော့်ဆိုတာက ဈေး သိပ်ချိုသည့်ဆိုင်မျိုးမဟုတ်၊ သံပု ရာရည်တစ်ခွက်ကိုပင် ယူရို ၁၃ ဒေါ်လာတောင်ပေးရသည့် ဈေး ကြီးသည့်ဆိုင်မျိုး၊ သည်လိုဆိုင် မျိုးမှာပင် ယူရို ၆၀၀ ကျော်သည့် ဝိုင်မျိုးက ဈေးကြီးသည့်အထဲမှာ ပါပြီး တစ်နှစ်လုံးမှာမှ သောက်နိုင် သူအနည်းအကျဉ်းသာရှိပါသည်။ ထို့ကြောင့် ထိုဝိုင်မျိုးကိုမှာ သောက်သည့်ဧည့်သည်ဆိုလျှင် ဆိုင်မန်နေဂျာက ကိုယ်တိုင်ထွက်ပြီး နှုတ်ဆက်ရသည့်ထုံးစံရှိသည်။ သည်ဆိုင်မှာ အလုပ်လုပ်တာ ၂ နှစ်လောက်ကြာပြီဖြစ်သည့် စားပွဲ ထိုးအာမီပင် တစ်ခါသာကြုံဖူး သည်။

‘‘သည်နှစ်ဇွန်လမှာ အဲဒီဝိုင် သောက်သူဧည့်သည်တစ်စုကို ကြုံဖူးပါတယ်။ ခရီးသွားတွေပါ။ မြန်မာပြည်ကသူဌေးတွေလို့ပြော ပါတယ်။ ဧည့်လမ်းညွှန်နဲ့ပြင်သစ် ကိုလာလည်တာတဲ့။ ကျွန်တော် တို့ဆိုင်မန်နေဂျာကိုယ်တိုင် ထွက် နှုတ်ဆက်ပါတယ်’’

သူတို့ ဆိုင်ကဈေးအကြီးဆုံး ဝိုင်ကိုမှာသောက်သူက မြန်မာ လူမျိုးတွေဆိုတာသိရတော့ အာမီ အတော်အံ့အားသင့်မိသည်။ မြန်မာပြည်ဆိုသည်မှာ ကမ္ဘာ့အဆင့်အနိမ့်ဆုံး၊အဆင်းရဲဆုံး၊ အခြေခံတိုးတက်မှုအဆောက်အအုံအနည်းဆုံးနိုင်ငံတစ်ခု အဖြစ်ဟုသာ အာမီကြားသိထားခဲ့ဖူး၏။ ယခုတော့ တော်တန်ရုံ ဥရောပခရီးသွားများ ဝယ် မသောက်နိုင်သည့် ဈေး အကြီးဆုံးဝိုင်ကိုသောက်နေသည်က မြန်မာလူမျိုးများ။ သူအမှတ်မှားသလားဟု အင်တာနက်မှာ မြန်မာပြည်အကြောင်းကို ရှာဖွေကြည့်မိပါ သည်။

စားပွဲထိုးအာမီသာ အံ့အားသင့်ရသည်မဟုတ်။ ဥရောပ အခြေစိုက်ခရီးသွားကုမ္ပဏီများ နှင့် ဧည့်လမ်းညွှန်များသည်လည်း ယခုတလော တော်တော်များများ တွေ့ကြုံလာရသည့် မြန်မာပြည် ကသူဌေးများကြောင့် အံ့သြစရာ တွေဖြစ်ကုန်ရပါသည်။ ပြင်သစ်၊ အီတလီ၊ စပိန်၊ ဥရောပခရီးစဉ် တွေမှာ မြန်မာခရီးသွားများတိုး လာသလို ခရီးသွားရင်းသုံးစွဲသည့် ငွေတွေကလည်း ရေသွန်ချသလို။

ဘယ်လ်ဂျီယံကိုတကူး တကသွားပြီး စိန်ကိုစိတ်ကြိုက် ဝယ်သူတွေကလည်းရှိသည်။  ပဲရစ်မှာနာမည်ကျော်ယူရိုငွေ တစ်ထောင်ကျော်အထက်ရှိသည့် LV လက်ကိုင်အိတ်များကို မြန်မာ ပြည်က သူဌေးကတော်များက တစ်ပြိုင်တည်းလေးငါးလုံးရောင် စုံဝယ်ချလိုက်သူများလည်းရှိ သည်။

‘‘ရယ်စရာတော့ကောင်း တယ်။ သူတို့က ပဲရစ်ကိုတော့လာလည်တယ်။ ဒါပေမဲ့ ဥရောပရဲ့တကယ့် အနုပညာတို့၊ ပန်းချီတို့တွေကို စိတ်မဝင်စားဘူး။  ပဲရစ်က နာမည်ကြီးလုဗ်ပြတိုက်ဆိုလည်း ရောက်ကြောင်းဓာတ်ပုံရိုက်ပြရုံပဲ။ သူတို့က လက်ကိုင်အိတ်တို့၊ ရေမွှေးတို့၊ စိန်တို့ ပဲ စိတ်ဝင်စားကြတာ အသဲအမဲဝယ်ကြတာ’’ဟု မြန်မာပြည်က ခရီးသွားများကို ဝန်ဆောင်မှုပေးနေသည့် ပဲရစ်အခြေစိုက်ခရီးသွားလမ်းညွှန်တစ်ဦးကပြောပါသည်။ မကြာသေးမီက Forbes မဂ္ဂဇင်းကြီးမှာ ရေးသားထားသည့်ဆောင်းပါးတစ်ပုဒ်ကလည်း ဥရောပါကိုလာပြီး အကောင်းစားဇိမ်ခံအသုံး အဆောင်ပစ္စည်းများဝယ်ယူကြသော မြန်မာသူဌေးလင်မယားအကြောင်း ကို  ရေးသားထားပါသည်။

ဥရောပတွင်  မဟုတ်ပါ။ အမေရိကတစ်ခွင်မှာလည်း မြန် မာသူဌေးများက ဈေးဝယ်သူက ဝယ်၊ လည်သူကလည်ဖြင့် ခြေ ဆန့်နေကြပြီဖြစ်ပါသည်။ ခရီး သွားကုမ္ပဏီအချို့စီစဉ်နေသော အမေရိကန်နိုင်ငံတစ်ပတ် ၁၄ ရက်ခရီးစဉ်ဖြင့် လာရောက်သူက လာသလို အချို့ကလည်း ကိုယ် ပိုင်အဆက်အသွယ်ဖြင့် အမေရိ ကသို့ဈေးဝယ်ထွက်ကြပါသည်။

‘‘အသိတွေရှိပေမယ့် အသိ အိမ်မှာမတည်းကြဘူး။ သူတို့ကို ဟိုတယ်မှာသွားတွေ့ရတယ်။ ဝါရှင်တန်ဒီစီဆိုလည်း ဈေးအကြီး ဆုံး အိမ်ဖြူတော်အနီးက ဟိုတယ် မှာတည်းကြတယ်’’ဟု ရန်ကုန်မှ လာသောသူဌေးမိသားစုကိုလိုက် ပို့ပေးရသော ဗာဂျီးနီးယားပြည် နယ်က ကျောင်းသူမွန်ခက်က ပြောပါသည်။ ရန်ကုန်ကလာသူ အများစုကို ဧည့်လမ်းညွှန်များက နောက်ဆုံးပေါ် iPhone 6 နှင့် အခြားလျှပ်စစ်ပစ္စည်းအသုံး အဆောင်များဝယ်ရန်လိုက်ပို့ရ သလို အများစုက နာမည်ကြီးတံ ဆိပ်လက်ကိုင်အိတ်၊ အဝတ် အစားနှင့်ရေမွှေးများကို အမြောက်အမြားဝယ်ယူကြသည်ဟုဆို သည်။ အမျိုးသားများကတော့ ဒေါ်လာထောင်ချီပေးရသည့် ဂေါက်ရိုက်တံနှင့် ဂေါက်ပစ္စည်း များ    ဝယ်ယူကြသည်ဟုဆိုပါ သည်။

လူဦးရေ ၅၁ သန်းရှိ မြန်မာ ပြည်က လူအများစုကတော့ ဆင်းရဲတွင်းနက်သထက်နက်ပြီး တစ် နေ့တခြား လူမှုစရိတ်ကြီးမြင့် သည့်ဒဏ်ကိုခံနေရချိန်မှာ ဒေါ် လာ(သို့မဟုတ်) ယူရိုငွေကို ရေလိုသုံးပြီး အနောက်နိုင်ငံများမှာ ခပ် ကြမ်းကြမ်းဈေးဝယ်ထွက်နေကြ သူမြန်မာလူမျိုးများက ဘယ်သူ ပါလဲ။ အများစုမှာ မြန်မာစစ် အစိုးရအုပ်ချုပ်နေစဉ်ကာလ အတွင်း အကြောင်းအမျိုးမျိုး ချမ်းသာလာကြသူခရိုနီစီးပွားရေး လုပ်ငန်းရှင်များနှင့် သူတို့၏မိသားစုဝင်များဖြစ်ပါသည်။ ထို့အတူ ပြည်တွင်းက နေ့စဉ်လူနာရာချီ ကြည့်ပေးနေရသည့် နာမည် ကျော်အထူးကုဆရာဝန်ကြီးများ ၏ မိသားစုဝင်များလည်းပါဝင် သည်ဟုဆိုပါသည်။ စစ်အစိုးရ အရာရှိဟောင်းကြီးများ၏  မိသားစုဝင်များလည်းပါဝင်သည်ဟုခရီး သွားကုမ္ပဏီများထံက   သိရပါ သည်။

‘‘သူတို့တွေက အိမ်တွေဆို လည်း ရန်ကုန်နေရာကောင်းတွေ မှာ လေးငါးလုံးလောက်ပိုင်ကြ တာ။ အခုလိုအိမ်ဈေးတွေမြင့် လာတော့ အိမ်ငှားခနဲ့တင် မနည်း ရနေပြီ။ ဟိုတုန်းကတော့ ချမ်း သာသမျှက သိုသိုသိပ်သိပ်ပေါ့။ အခုမှ ဒီမှာလာပြီးသုံးကြတာလေ’’ဟု မမွန်ခက်ကရှင်းပြသည်။ မမွန်ခက်က ဗာဂျီးနီးယားတက္က သိုလ်မှာပညာသင်ဆုဖြင့် ကျောင်းလာတက်ရင်း အချိန်ပိုင်းလမ်း ညွှန်ဝင်လုပ်နေသူဖြစ်ပါသည်။

မကြာသေးမီက ဒီပလိုမတ်မဂ္ဂဇင်းဖော်ပြခဲ့သော ဆောင်းပါးတစ်ပုဒ်တွင် ဆောင်းပါးရှင် လုခ်ဟန့်က မြန်မာနိုင်ငံ တံခါးဖွင့် ပြောင်းလဲလာခြင်းသည် နိုင်ငံက တရားမဝင်နှင့် မတရားရယူထား သော စီးပွားရေးလုပ်ငန်းများကို တရားဝင်ဖြစ်အောင်လုပ်ရန် အခွင့်အရေးတစ်ခုဖြစ်လာခဲ့ သည်ဟု ပြောကြားခဲ့ကြသည်။ ထို့ကြောင့် တိုင်းပြည်ကိုအုပ်ချုပ် နေသော စစ်ဗိုလ်ချုပ်များသည် အနှစ်ငါးဆယ်ခန့် စစ်အာဏာရှင် အုပ်ချုပ်ရေးမှ သူတို့အမြောက်အမြားရလာခဲ့သော အကျိုးခံစားခွင့်များကို ဆက်လက်ရရှိထိန်းသိမ်း နိုင်သွားပြီဟု  ရေးသားထားခဲ့ပါ သည်။

အမှန်ဆိုလျှင် တိုင်းပြည် တစ်ခုမှာ လူတွေသုံးကြစွဲကြနိုင် သည်ဆိုတာက ဝမ်းသာရမည့်မုဒိ တာသတင်းဖြစ်သည်။ သို့သော် မြန်မာပြည်က တစ်ဖက်မှာ သည် လိုလူတွေရှိသလို ရန်ကုန်မြို့က လမ်းတွေပေါ်မှာ တစ်နေ့ဝမ်းစာ အတွက် တစ်နေ့ပင်ပန်းစွာရှာ ဖွေနေရသည့်လူတွေက အများ ကြီး။ ကချင်ပြည်နယ်ရှိ စစ်ဘေး ဒုက္ခသည်စခန်းများတွင် ကလေး သူငယ်များမှာ အစာရေစာမဝ လင်စွာဖြင့် စောင်မပါဘဲအိပ်နေ ရသည်။ ဆေးဝါးမရှိသောမြန်မာ ပြည်ကဆေးရုံတွေပေါ်မှာ ဆေး မကုနိုင်သဖြင့် ဒုက္ခရောက်နေ သောလူတွေကဒုနှင့်ဒေး။ ချမ်း သာသူ မြန်မာသူဌေးများက ဥရောပမှာ ဈေးဝယ်မဆုံးဖြစ်နေချိန်ဆင်းရဲလွန်းသူတွေမှာလည်း ကုန်းကောက်စရာ  မရှိအောင်ဖြစ်နေသည်။

သည်အကြောင်းကို သေချာ မသိသူနိုင်ငံခြားသားတွေက မြန် မာသူဌေးတွေကိုကြည့်ပြီး ခနိုး ခနဲ့ပြောတာကိုတော့ မခံချင်ဟု မမွန်ခက်ကဆိုသည်။

‘‘ဝယ်ကြပေါ့။ သူတို့ရှိလို့ သူတို့ဝယ်တာ။ ဒါပေမဲ့ သူတို့က သိပ်သုံးနိုင်တော့ အမေရိကန် သူငယ်ချင်းတွေက နင်တို့မြန်မာ တွေကဆင်းရဲတယ်ဆိုတာဟုတ် လို့လား ဘာညာနောက်တာကို မခံချင်ဘူး။ အဲဒီလိုသုံးသူက မြန်မာပြည်က လူနည်းစုပါ။ တစ်ပြည် လုံးမှမဟုတ်တာ’’

7Day DAILY
ပဲရစ်မြို့မှ နာမည်ကျော် ရှောင်ဇန်လေဇီ (Champs-Elysees)လမ်းမကြီး
ကမ္ဘာပေါ်က နိုင်ငံအသီးသီး၏  ဘဏ္ဍာရေး အခြေအနေများကို စာရင်းပြုစုနေသော IMF ခေါ် အပြည်ပြည် ဆိုင်ရာ ငွေကြေးရန်ပုံ ငွေအဖွဲ့က ၂၀၀၉ မှ ၂၀၁၃ အတွင်း ကမ္ဘာပေါ်ရှိအဆင်းရဲ ဆုံးနိုင်ငံများနှင့် အချမ်းသာဆုံး နိုင်ငံများကို စစ်တမ်းတစ်ခုပြုစုခဲ့ ပါသည်။ စစ်တမ်းများအရ ကမ္ဘာ ပေါ်ကနိုင်ငံ ၁၄၈ နိုင်ငံကို ဆင်းရဲ မှုအလိုက်ဇယားစီစဉ်ခဲ့ရာ အရှေ့ တောင်အာရှမှ မြန်မာနိုင်ငံက အဆင့် ၂၃ ဖြင့် ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံများတွင်ပါဝင်ခဲ့ပါ သည်။ မြန်မာ၏ အရှေ့ကအဆင်းရဲဆုံးနိုင်ငံများတွင် ဇင်ဘာဘွေ၊ ကွန်ဂို၊ နိုင်ဂျီးရီးယားနှင့် မာလာဝီ တို့လိုနိုင်ငံမျိုးများသာ ရှိပါတော့ သည်။

အဆိုပါစာရင်းမှာ နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံသားတစ်ဦးချင်းဝင် ငွေ၊ အသားတင်ထုတ်လုပ်မှု၊ စာတတ် မြောက်မှု၊ ပျမ်းမျှလူ့သက်တမ်း စသည့်အချက်အလက်များစွာအပေါ် အခြေခံတွက်ချက်ပြုစုထားခြင်းဖြစ် သည်ဟု ဆိုသည်။

သို့သော်လည်း တစ်ချိန် တည်းမှာပင် မြန်မာက ကမ္ဘာကြီးသို့လမ်းဖွင့်ပေးလိုက်သည့်၂၀၁၁ ခုနှစ်ကစပြီး ပြည်ပနိုင်ငံများသို့ အဝင်အထွက်ပိုများလာ သည့်ငွေကြမ်းကြမ်းသုံးသော မြန်မာလူမျိုးအချို့ကြောင့် မြန်မာ က ကမ္ဘာမှာ  အဆင်းရဲဆုံးနိုင်ငံဆို သည့်အချက်သည် မှန်ပါရဲ့လားဆိုသည်ကို သံသယများဝင်စရာရှိလာ သည်။

ပြင်သစ်နိုင်ငံ ပဲရစ်မြို့က နာမည်ကျော် ရှောင်ဇန်လေဇီ (Champs-Elysees)လမ်းမကြီး ပေါ်က ကဖီးဂျော့် ဆိုတာ က ဈေး သိပ်ချိုသည့်ဆိုင်မျိုးမဟုတ်၊ သံပု ရာရည်တစ်ခွက်ကိုပင် ယူရို ၁၃ ဒေါ်လာတောင်ပေး ရသည့် ဈေး ကြီးသည့်ဆိုင်မျိုး၊ သည်လိုဆိုင် မျိုးမှာပင် ယူရို ၆၀၀ ကျော်သည့် ဝိုင်မျိုးက ဈေးကြီးသည့် အထဲမှာ ပါပြီး တစ်နှစ်လုံးမှာမှ သောက်နိုင် သူအနည်းအကျဉ်းသာရှိပါသည်။ ထို့ကြောင့် ထိုဝိုင်မျိုးကိုမှာ သောက်သည့်ဧည့်သည်ဆိုလျှင် ဆိုင်မန်နေဂျာက ကိုယ်တိုင်ထွက်ပြီး နှုတ်ဆက်ရသည့်ထုံးစံရှိသည်။ သည်ဆိုင်မှာ အလုပ်လုပ်တာ ၂ နှစ်လောက်ကြာပြီဖြစ်သည့် စားပွဲ ထိုးအာမီပင် တစ်ခါသာကြုံဖူး သည်။

‘‘သည်နှစ်ဇွန်လမှာ အဲဒီဝိုင် သောက်သူဧည့်သည်တစ်စုကို ကြုံဖူးပါတယ်။ ခရီးသွားတွေပါ။ မြန်မာပြည်က သူဌေးတွေလို့ပြော ပါတယ်။ ဧည့်လမ်းညွှန်နဲ့ပြင်သစ် ကိုလာလည်တာတဲ့။ ကျွန်တော် တို့ဆိုင်မန်နေဂျာ ကိုယ်တိုင် ထွက် နှုတ်ဆက်ပါတယ်’’

သူတို့ ဆိုင်ကဈေးအကြီးဆုံး ဝိုင်ကိုမှာသောက်သူက မြန်မာလူမျိုးတွေဆိုတာသိရတော့ အာမီအတော် အံ့အား သင့်မိသည်။ မြန်မာပြည်ဆိုသည်မှာ ကမ္ဘာ့အဆင့်အနိမ့်ဆုံး၊အဆင်းရဲဆုံး၊ အခြေခံတိုးတက်မှု အဆောက်အအုံအနည်းဆုံးနိုင်ငံတစ်ခု အဖြစ်ဟုသာ အာမီကြားသိထားခဲ့ဖူး၏။ ယခုတော့ တော်တန်ရုံ ဥရောပခရီးသွားများ ဝယ် မသောက်နိုင်သည့် ဈေး အကြီးဆုံးဝိုင်ကိုသောက်နေသည်က မြန်မာလူမျိုးများ။ သူအမှတ်မှားသလားဟု အင်တာနက်မှာ မြန်မာပြည်အကြောင်းကို ရှာဖွေကြည့်မိပါ သည်။

စားပွဲထိုးအာမီသာ အံ့အားသင့်ရသည်မဟုတ်။ ဥရောပ အခြေစိုက်ခရီးသွားကုမ္ပဏီများ နှင့် ဧည့်လမ်းညွှန် များသည်လည်း ယခုတလော တော်တော်များများ တွေ့ကြုံလာရသည့် မြန်မာပြည် ကသူဌေးများကြောင့် အံ့သြစရာ တွေဖြစ်ကုန်ရပါသည်။ ပြင်သစ်၊ အီတလီ၊ စပိန်၊ ဥရောပခရီးစဉ် တွေမှာ မြန်မာခရီးသွားများတိုး လာသလို ခရီးသွားရင်းသုံးစွဲသည့် ငွေတွေကလည်း ရေသွန်ချသလို။

ဘယ်လ်ဂျီယံကိုတကူး တကသွားပြီး စိန်ကိုစိတ်ကြိုက် ဝယ်သူတွေကလည်းရှိသည်။  ပဲရစ်မှာ နာမည်ကျော် ယူရိုငွေ တစ်ထောင်ကျော်အထက်ရှိသည့် LV လက်ကိုင်အိတ်များကို မြန်မာပြည်က သူဌေးကတော်များက တစ်ပြိုင်တည်းလေးငါးလုံးရောင် စုံဝယ်ချလိုက်သူများလည်းရှိ သည်။

‘‘ရယ်စရာတော့ကောင်း တယ်။ သူတို့က ပဲရစ်ကိုတော့လာလည်တယ်။ ဒါပေမဲ့ ဥရောပရဲ့တကယ့် အနုပညာတို့၊ ပန်းချီတို့တွေကို စိတ်မဝင်စားဘူး။  ပဲရစ်က နာမည်ကြီးလုဗ်ပြတိုက်ဆိုလည်း ရောက်ကြောင်း ဓာတ်ပုံရိုက်ပြရုံပဲ။ သူတို့က လက်ကိုင်အိတ်တို့၊ ရေမွှေးတို့၊ စိန်တို့ ပဲ စိတ်ဝင်စားကြတာ အသဲအမဲ ဝယ်ကြတာ’’ဟု မြန်မာပြည်က ခရီးသွားများကို ဝန်ဆောင်မှုပေးနေသည့် ပဲရစ်အခြေစိုက်ခရီးသွား လမ်းညွှန် တစ်ဦးကပြောပါသည်။ မကြာသေးမီက Forbes မဂ္ဂဇင်းကြီးမှာ ရေးသားထားသည့်ဆောင်းပါး တစ်ပုဒ်ကလည်း ဥရောပါကိုလာပြီး အကောင်းစားဇိမ်ခံအသုံး အဆောင်ပစ္စည်းများဝယ်ယူကြသော မြန်မာသူဌေးလင်မယားအကြောင်း ကို  ရေးသားထားပါသည်။

ဥရောပတွင်  မဟုတ်ပါ။ အမေရိကတစ်ခွင်မှာလည်း မြန်မာသူဌေးများက ဈေးဝယ်သူကဝယ်၊ လည်သူ ကလည်ဖြင့် ခြေ ဆန့်နေကြပြီဖြစ်ပါသည်။ ခရီး သွားကုမ္ပဏီအချို့စီစဉ်နေသော အမေရိကန်နိုင်ငံ တစ်ပတ် ၁၄ ရက်ခရီးစဉ်ဖြင့် လာရောက်သူက လာသလို အချို့ကလည်း ကိုယ် ပိုင်အဆက်အသွယ်ဖြင့် အမေရိ ကသို့ဈေးဝယ်ထွက်ကြပါသည်။

‘‘အသိတွေရှိပေမယ့် အသိ အိမ်မှာမတည်းကြဘူး။ သူတို့ကို ဟိုတယ်မှာသွားတွေ့ရတယ်။ ဝါရှင်တန်ဒီစီ ဆိုလည်း ဈေးအကြီး ဆုံး အိမ်ဖြူတော်အနီးက ဟိုတယ် မှာတည်းကြတယ်’’ဟု ရန်ကုန်မှ လာသောသူဌေး မိသားစုကိုလိုက် ပို့ပေးရသော ဗာဂျီးနီးယားပြည် နယ်က ကျောင်းသူမွန်ခက်က ပြောပါသည်။ ရန်ကုန် ကလာသူ အများစုကို ဧည့်လမ်းညွှန်များက နောက်ဆုံးပေါ် iPhone 6 နှင့် အခြားလျှပ်စစ်ပစ္စည်းအသုံး အဆောင်များဝယ်ရန်လိုက်ပို့ရ သလို အများစုက နာမည်ကြီးတံ ဆိပ်လက်ကိုင်အိတ်၊ အဝတ် အစားနှင့် ရေမွှေးများကို အမြောက်အမြားဝယ်ယူကြသည်ဟုဆိုသည်။ အမျိုးသားများကတော့ ဒေါ်လာထောင်ချီ ပေးရသည့် ဂေါက်ရိုက်တံနှင့် ဂေါက်ပစ္စည်း များ    ဝယ်ယူကြသည်ဟုဆိုပါ သည်။

လူဦးရေ ၅၁ သန်းရှိ မြန်မာ ပြည်က လူအများစုကတော့ ဆင်းရဲတွင်းနက်သထက်နက်ပြီး တစ်နေ့တခြား လူမှုစရိတ်ကြီးမြင့် သည့်ဒဏ်ကိုခံနေရချိန်မှာ ဒေါ် လာ(သို့မဟုတ်) ယူရိုငွေကို ရေလိုသုံးပြီး အနောက် နိုင်ငံများမှာ ခပ်ကြမ်းကြမ်းဈေးဝယ်ထွက်နေကြ သူမြန်မာလူမျိုးများက ဘယ်သူပါလဲ။ အများစုမှာ မြန်မာစစ် အစိုးရအုပ်ချုပ်နေစဉ်ကာလ အတွင်း အကြောင်းအမျိုးမျိုး ချမ်းသာလာကြသူခရိုနီစီးပွားရေး လုပ်ငန်းရှင်များနှင့် သူတို့၏မိသားစုဝင်များဖြစ်ပါသည်။ ထို့အတူ ပြည်တွင်းက နေ့စဉ်လူနာရာချီ ကြည့်ပေး နေရသည့် နာမည် ကျော်အထူးကုဆရာဝန်ကြီးများ ၏ မိသားစုဝင်များလည်းပါဝင် သည်ဟုဆိုပါသည်။ စစ်အစိုးရ အရာရှိဟောင်းကြီးများ၏  မိသားစုဝင်များလည်းပါဝင်သည်ဟုခရီး သွားကုမ္ပဏီများထံက   သိရပါ သည်။

‘‘သူတို့တွေက အိမ်တွေဆို လည်း ရန်ကုန်နေရာကောင်းတွေမှာ လေးငါးလုံးလောက်ပိုင်ကြတာ။ အခုလိုအိမ်ဈေးတွေမြင့်လာတော့ အိမ်ငှားခနဲ့တင် မနည်းရနေပြီ။ ဟိုတုန်းကတော့ ချမ်းသာသမျှက သိုသို သိပ်သိပ်ပေါ့။ အခုမှ ဒီမှာလာပြီးသုံးကြတာလေ’’ဟု မမွန်ခက်ကရှင်းပြသည်။ မမွန်ခက်က ဗာဂျီးနီးယား တက္က သိုလ်မှာပညာသင်ဆုဖြင့် ကျောင်းလာတက်ရင်း အချိန်ပိုင်းလမ်း ညွှန်ဝင်လုပ်နေသူဖြစ်ပါသည်။

မကြာသေးမီက ဒီပလိုမတ်မဂ္ဂဇင်းဖော်ပြခဲ့သော ဆောင်းပါးတစ်ပုဒ်တွင် ဆောင်းပါးရှင် လုခ်ဟန့်က မြန်မာနိုင်ငံ တံခါးဖွင့်ပြောင်းလဲလာခြင်းသည် နိုင်ငံကတရားမဝင်နှင့် မတရားရယူထားသော စီးပွားရေး လုပ်ငန်းများကို တရားဝင်ဖြစ်အောင်လုပ်ရန် အခွင့်အရေးတစ်ခုဖြစ်လာခဲ့ သည်ဟု ပြောကြားခဲ့ကြသည်။ ထို့ကြောင့် တိုင်းပြည်ကိုအုပ်ချုပ် နေသော စစ်ဗိုလ်ချုပ်များသည် အနှစ်ငါးဆယ်ခန့် စစ်အာဏာရှင် အုပ်ချုပ်ရေးမှ သူတို့အမြောက်အမြားရလာခဲ့သော အကျိုးခံစားခွင့်များကို ဆက်လက်ရရှိထိန်းသိမ်း နိုင်သွားပြီဟု  ရေးသားထားခဲ့ပါ သည်။

အမှန်ဆိုလျှင် တိုင်းပြည် တစ်ခုမှာ လူတွေသုံးကြစွဲကြနိုင် သည်ဆိုတာက ဝမ်းသာရမည့်မုဒိ တာသတင်း ဖြစ်သည်။ သို့သော် မြန်မာပြည်က တစ်ဖက်မှာ သည် လိုလူတွေရှိသလို ရန်ကုန်မြို့က လမ်းတွေပေါ်မှာ တစ်နေ့ဝမ်းစာ အတွက် တစ်နေ့ပင်ပန်းစွာရှာ ဖွေနေရသည့်လူတွေက အများ ကြီး။ ကချင်ပြည်နယ်ရှိ စစ်ဘေး ဒုက္ခသည်စခန်းများတွင် ကလေး သူငယ်များမှာ အစာရေစာမဝ လင်စွာဖြင့် စောင်မပါဘဲအိပ်နေ ရသည်။ ဆေးဝါးမရှိသောမြန်မာ ပြည်ကဆေးရုံတွေပေါ်မှာ ဆေးမကုနိုင်သဖြင့် ဒုက္ခရောက်နေသော လူတွေကဒုနှင့်ဒေး။ ချမ်းသာသူမြန်မာသူဌေးများက ဥရောပမှာ ဈေးဝယ်မဆုံးဖြစ်နေချိန် ဆင်းရဲလွန်းသူ တွေမှာလည်း ကုန်းကောက်စရာ  မရှိအောင်ဖြစ်နေသည်။

သည်အကြောင်းကို သေချာ မသိသူနိုင်ငံခြားသားတွေက မြန်မာသူဌေးတွေကိုကြည့်ပြီး ခနိုး ခနဲ့ပြောတာ ကိုတော့ မခံချင်ဟု မမွန်ခက်ကဆိုသည်။

‘‘ဝယ်ကြပေါ့။ သူတို့ရှိလို့ သူတို့ဝယ်တာ။ ဒါပေမဲ့ သူတို့က သိပ်သုံးနိုင်တော့ အမေရိကန် သူငယ်ချင်းတွေက နင်တို့မြန်မာ တွေကဆင်းရဲတယ်ဆိုတာဟုတ် လို့လား ဘာညာနောက်တာကို မခံချင်ဘူး။ အဲဒီလိုသုံးသူက မြန်မာပြည်က လူနည်းစုပါ။ တစ်ပြည် လုံးမှမဟုတ်တာ’’

7Day DAILY 

No comments:

Post a Comment