Thursday 4 December 2014

ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ပြည်တွင်း၊ ပြည်ပ ကုန်ထုတ်လုပ်ငန်း ၁၁ ခုကို ထပ်မံမြှုပ်နှံခွင့်ပြု

Photo: ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ပြည်တွင်း၊ ပြည်ပ ကုန်ထုတ်လုပ်ငန်း ၁၁ ခုကို ထပ်မံမြှုပ်နှံခွင့်ပြု
Thursday, December 4, 2014

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က နိုဝင်ဘာ ၂၈ ရက်၌ ပြုလုပ်သော ရင်းနှီးမြှုပ်နှံမှု ကော်မရှင် အစည်းအဝေး ၂၇/၂၀၁၄ တွင် ပြည်တွင်း၊ ပြည်ပ ကုန်ထုတ်လုပ်ငန်း ၁၁ ခုကို ထပ်မံလုပ်ကိုင်ခွင့်ပြုခဲ့သည်ဟု ဒီဇင်ဘာ ၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ပြည်တွင်း လုပ်ငန်းတစ်ခု၏ ရော်ဘာထုတ်လုပ်မှု လုပ်ငန်းတစ်နေရာကို တွေ့ရစဉ်။ (ဓာတ်ပုံ - မင်းထက်၊ မဇ္ဈိမ) အလုပ်အကိုင်နှင့် ဝင်ငွေခွဲဝေနိုင်သည့် လုပ်ငန်းများကို ဦးစားပေးခွင့် ပြုနေခြင်း ဖြစ်သည်။

ရာနှုန်းပြည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများအဖြစ် ဒဂုံဆိပ်ကမ်း စက်မှုဇုန်တွင် သစ်ပါးလွှာနှင့် သစ်အချောထည် ထုတ်လုပ်မည့် Swastika Myanmar Industries ၊ လက်ခစား အပ်ကုန်စနစ် CMP ဖြင့် ဝါးတစ်ရာ စက်မှုဇုန်တွင် အိတ်ချုပ်လုပ်မည့် Kanaan International၊ လှိုင်သာယာစက်မှုဇုန်တွင် အမျိုးသမီး အဝတ်အထည်များ ချုပ်လုပ်မည့် KBL Fashion၊ ရွှေပြည်သာ စက်မှုဇုန်တွင် အရုပ်ထုတ်လုပ်မည့် Dream Sced တို့ကို ခွင့်ပြုပေးခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် လက်ခစားအပ်ကုန်စနစ်ဖြင့် ပဲခူးတိုင်း၊ သာယာဝတီမြို့နယ်တွင် အထည်ချုပ် လုပ်ငန်းလုပ်ကိုင်မည့်  Huasheng Interna- tional၊ လှိုင်သာယာ စက်မှုဇုန်၌ အထည်ချုပ်လုပ်ငန်း လုပ်ကိုင်မည့် Unitedtex Overseas နှင့် သီလဝါ ဆိပ်ကမ်းဒေသတွင် ကောက်ပဲသီးနှံ အတင်အချ ဆိပ်ခံတံတားနှင့် အဆောက်အအုံများ ဆောက်လုပ်မည့် fh Wilmar Myanmar Port  တို့ကို ရာနှုန်းပြည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများအဖြစ် လုပ်ကိုင်ခွင့်ပေးခဲ့သည်။

ဖက်စပ်နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများအဖြစ် မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်တွင် ရော်ဘာသစ်ထုတ်ကုန် ထုတ်လုပ်ရောင်းချမည့် MOS Lumber Products၊ ရွှေလင်ဗန်းစက်မှုဇုန်တွင် ကတ်ထူစက္ကူပုံးများကို ထုတ်လုပ် ရောင်းချမည့် Pack Express၊ မြောင်းတကာ စက်မှုဇုန်တွင် သံနှင့် သံမဏိပစ္စည်းများ ထုတ်လုပ်ရောင်းချမည့် Futami Mega Engineering တို့ကို ခွင့်ပြုခဲ့သည်။

ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ၂၀၁၄ ခုနှစ် အစည်းအဝေး အမှတ် (၂၇) တွင် ကုန်ထုတ် လုပ်မှုလုပ်ငန်းများကိုသာ ခွင့်ပြုခဲ့ခြင်းဖြစ်ပြီး နိုင်ငံသား လုပ်ငန်းအဖြစ် ရွှေပြည်သာ စက်မှုဇုန်တွင် လက်ခစားအပ်ကုန်စနစ်ဖြင့် အနွေးထည်၊ အိတ်နှင့် အ၀တ်အထည်များ ချုပ်လုပ်မည့် Myanmar Luxury Group တစ်ခုသာပါဝင်ခဲ့သည်။

Mizzima - News in Burmese
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က နိုဝင်ဘာ ၂၈ ရက်၌ ပြုလုပ်သော ရင်းနှီးမြှုပ်နှံမှု ကော်မရှင် အစည်း အဝေး ၂၇/၂၀၁၄ တွင် ပြည်တွင်း၊ ပြည်ပ ကုန်ထုတ်လုပ်ငန်း ၁၁ ခုကို ထပ်မံလုပ်ကိုင်ခွင့်ပြုခဲ့ သည်ဟု ဒီဇင်ဘာ ၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ပြည်တွင်း လုပ်ငန်းတစ်ခု၏ ရော်ဘာထုတ်လုပ်မှု လုပ်ငန်းတစ်နေရာကို တွေ့ရစဉ်။ (ဓာတ်ပုံ - မင်းထက်၊ မဇ္ဈိမ) အလုပ်အကိုင်နှင့် ဝင်ငွေခွဲဝေနိုင်သည့် လုပ်ငန်းများကို ဦးစားပေးခွင့် ပြုနေခြင်း ဖြစ်သည်။

ရာနှုန်းပြည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများအဖြစ် ဒဂုံဆိပ်ကမ်း စက်မှုဇုန်တွင် သစ်ပါးလွှာနှင့် သစ်အချောထည် ထုတ်လုပ်မည့် Swastika Myanmar Industries ၊ လက်ခစား အပ်ကုန်စနစ် CMP ဖြင့် ဝါးတစ်ရာ စက်မှုဇုန်တွင် အိတ်ချုပ်လုပ်မည့် Kanaan International၊ လှိုင်သာယာစက်မှုဇုန်တွင် အမျိုး သမီး အဝတ်အထည်များ ချုပ်လုပ်မည့် KBL Fashion၊ ရွှေပြည်သာ စက်မှုဇုန်တွင် အရုပ်ထုတ်လုပ်မည့် Dream Sced တို့ကို ခွင့်ပြုပေးခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် လက်ခစားအပ်ကုန်စနစ်ဖြင့် ပဲခူးတိုင်း၊ သာယာဝတီမြို့နယ်တွင် အထည်ချုပ် လုပ်ငန်းလုပ်ကိုင်မည့်  Huasheng Interna- tional၊ လှိုင်သာယာ စက်မှုဇုန်၌ အထည်ချုပ်လုပ်ငန်း လုပ်ကိုင်မည့် Unitedtex Overseas နှင့် သီလဝါ ဆိပ်ကမ်းဒေသတွင် ကောက်ပဲသီးနှံ အတင်အချ ဆိပ်ခံတံတားနှင့် အဆောက် အအုံများ ဆောက်လုပ်မည့် fh Wilmar Myanmar Port  တို့ကို ရာနှုန်းပြည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု များအဖြစ် လုပ်ကိုင်ခွင့်ပေးခဲ့သည်။

ဖက်စပ်နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများအဖြစ် မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်တွင် ရော်ဘာသစ်ထုတ်ကုန် ထုတ်လုပ်ရောင်းချမည့် MOS Lumber Products၊ ရွှေလင်ဗန်းစက်မှုဇုန်တွင် ကတ်ထူစက္ကူပုံးများကို ထုတ်လုပ် ရောင်းချမည့် Pack Express၊ မြောင်းတကာ စက်မှုဇုန်တွင် သံနှင့် သံမဏိပစ္စည်းများ ထုတ်လုပ် ရောင်းချမည့် Futami Mega Engineering တို့ကို ခွင့်ပြုခဲ့သည်။

ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ၂၀၁၄ ခုနှစ် အစည်းအဝေး အမှတ် (၂၇) တွင် ကုန်ထုတ် လုပ်မှုလုပ်ငန်း များကိုသာ ခွင့်ပြုခဲ့ခြင်းဖြစ်ပြီး နိုင်ငံသား လုပ်ငန်းအဖြစ် ရွှေပြည်သာ စက်မှုဇုန်တွင် လက်ခစားအပ်ကုန် စနစ်ဖြင့် အနွေးထည်၊ အိတ်နှင့် အ၀တ်အထည်များ ချုပ်လုပ်မည့် Myanmar Luxury Group တစ်ခုသာ ပါဝင်ခဲ့သည်။

Mizzima - News in Burmese 

No comments:

Post a Comment