Thursday 4 December 2014

ကိုရီးယား SBS သတင်းဌာနမှ မေမြတ်နိုးမှန်ကန်ကြောင်း ထုတ်ပြန်

Photo: ကိုရီးယား SBS သတင်းဌာနမှ မေမြတ်နိုးမှန်ကန်ကြောင်း ထုတ်ပြန်
Thursday, December 4, 2014 

၂၀၁၄ခုနှစ် မေလ၌ တောင်ကိုရီးယားနိုင်ငံတွင်ကျင်းပခဲ့သော MissAsia Pacific World2014 ပြိုင်ပွဲ၌ သရဖူဆုကြီးကို ဆွတ်ခူးရရှိခဲ့သော မေမြတ်နိုးနှင့် ပတ်သက်၍ တောင်ကိုရီးယား နိုင်ငံရှိ SBS သတင်းဌာနက မေမြတ်နိုး စာနယ်ဇင်းရှင်းလင်း ပွဲတွင် ပြောခဲ့သည်များ မှန် ကန်ကြောင်း ဒီဇင်ဘာလ ၃ရက်က ထုတ်လွှင့်ခဲ့ကြောင်း သိရသည်။ မေမြတ်နိုး အနေဖြင့် စာနယ်ဇင်း ရှင်းလင်းပွဲ၌ ပြောဆိုခဲ့သည့်အတိုင်း ခန္ဓာကိုယ်ခွဲစိတ်ပြုပြင်ရန် အတွက် ငွေကြေးမရှိပါက စပွန်ဆာရှာပေးပြီး ကာမဆိုင်ရာဖျော်ဖြေပေး ရမည် ဟု အဆိုပါ Organization ကတာဝန်ရှိသူတစ်ဦးဖြစ်သည့် မစ္စတာ ချွဲက ပြောဆိုခဲ့သည် ဟု ဒီဇင်ဘာ ၃ရက် ကထုတ်ဖော်ပြောကြားခဲ့ကြောင်း သိရသည်။ 

မစ္စတာချွဲသည်Organization ၏ရင်းနှီးမြှုပ်နှံမှုငွေကြေးများကို
တစ်ဦးပိုင်အဖြစ်သုံးစွဲခဲ့သောကြောင့်လိမ်လည်မှုများဖြင့် ၀ရမ်းထုတ်ဖမ်း ဆီးခဲ့
သော်လည်း ခြေချုပ်ဖြင့် ပြန်လည်လွှတ်ပေးထားကြောင်း သိရသည်။ မစ္စတာ ချွဲ
သည် ရဲများ၏စစ်ဆေးချက်၌လည်း ရုံးခန်းအတည်တကျမရှိဘဲ နိုင်ငံတကာ
အလှမယ်များကို စာချုပ်များချုပ်ဆိုပြီးခေါ်ဆိုခဲ့ကြောင်း ကိုရီးယားသတင်း ဌာန
များမှ သတင်းများအရ သိရှိရသည်။၎င်းင်းသတင်းနှင့် ပတ်သက်၍ အလှ
မယ် မေမြတ်နိုးက ““မစ္စတာချွဲကို ရဲတွေရဲ့ စစ်ဆေးချက်အရ မြတ်နိုးကို ခွဲစိတ်ပြု
ပြင်ဖို့အတွက် ငွေမလုံလောက်ရင် စပွန်ဆာရှာပြီး ဖျော်ဖြေပေးရမယ်လို့ ပြောခဲ့
တယ်ဆိုတာကို ၀န်ခံကြောင်း ထွက်ဆိုထားပါတယ်။ ဒီသတင်းကို ကိုရီးယားSBS သတင်းဌာနများက ဒီဇင်ဘာ ၃ရက်မှာ ထုတ်ပြန်ခဲ့ပြီး
မြတ်နိုးပြောခဲ့သမျှတွေက မှန်ကန်ကြောင်းဖော်ပြထားပါတယ်။
လက်ရှိမှာ သရဖူကတော့ မြတ်နိုးဆီမှာရှိနေပါတယ်””ဟု ၃-၁၂-၂၀၁၄ရက်က
ပြည်မြန်မာသတင်းစာသို့ ပြောသည်။

Pyimyanmar
၂၀၁၄ခုနှစ် မေလ၌ တောင်ကိုရီးယားနိုင်ငံတွင်ကျင်းပခဲ့သော MissAsia Pacific World2014 ပြိုင်ပွဲ၌ သရဖူဆုကြီးကို ဆွတ်ခူးရရှိခဲ့သော မေမြတ်နိုးနှင့် ပတ်သက်၍ တောင်ကိုရီးယား နိုင်ငံရှိ SBS သတင်းဌာန က မေမြတ်နိုး စာနယ်ဇင်းရှင်းလင်း ပွဲတွင် ပြောခဲ့သည်များ မှန် ကန်ကြောင်း ဒီဇင်ဘာလ ၃ရက်က ထုတ်လွှင့် ခဲ့ကြောင်း သိရသည်။ မေမြတ်နိုး အနေဖြင့် စာနယ်ဇင်း ရှင်းလင်းပွဲ၌ ပြောဆိုခဲ့သည့်အတိုင်း ခန္ဓာကိုယ်ခွဲစိတ်ပြုပြင်ရန် အတွက် ငွေကြေးမရှိပါက စပွန်ဆာရှာပေးပြီး ကာမဆိုင်ရာဖျော်ဖြေပေး ရမည် ဟု အဆိုပါ Organization ကတာဝန်ရှိသူတစ်ဦးဖြစ်သည့် မစ္စတာ ချွဲက ပြောဆိုခဲ့သည် ဟု ဒီဇင်ဘာ ၃ရက် ကထုတ်ဖော်ပြောကြားခဲ့ကြောင်း သိရသည်။ 

မစ္စတာချွဲသည်Organization ၏ရင်းနှီးမြှုပ်နှံမှုငွေကြေးများကို တစ်ဦးပိုင်အဖြစ်သုံးစွဲခဲ့သောကြောင့် လိမ်လည်မှုများဖြင့် ၀ရမ်းထုတ်ဖမ်းဆီးခဲ့သော်လည်း ခြေချုပ်ဖြင့် ပြန်လည်လွှတ်ပေးထားကြောင်း သိရ သည်။ မစ္စတာ ချွဲသည် ရဲများ၏စစ်ဆေးချက်၌လည်း ရုံးခန်းအတည်တကျမရှိဘဲ နိုင်ငံတကာ အလှမယ် များကို စာချုပ်များချုပ်ဆိုပြီးခေါ်ဆိုခဲ့ကြောင်း ကိုရီးယားသတင်း ဌာနများမှ သတင်းများအရ သိရှိရသည်။ ၎င်းင်းသတင်းနှင့် ပတ်သက်၍ အလှမယ် မေမြတ်နိုးက ““မစ္စတာချွဲကို ရဲတွေရဲ့ စစ်ဆေးချက် အရ မြတ်နိုး ကို ခွဲစိတ်ပြုပြင်ဖို့အတွက် ငွေမလုံလောက်ရင် စပွန်ဆာရှာပြီး ဖျော်ဖြေပေးရမယ်လို့ ပြောခဲ့ တယ်ဆိုတာကို ၀န်ခံကြောင်း ထွက်ဆိုထားပါတယ်။ ဒီသတင်းကို ကိုရီးယားSBS သတင်းဌာနများက ဒီဇင်ဘာ ၃ရက်မှာ ထုတ်ပြန်ခဲ့ပြီး မြတ်နိုးပြောခဲ့သမျှတွေက မှန်ကန်ကြောင်းဖော်ပြထားပါတယ်။ လက်ရှိမှာ သရဖူကတော့ မြတ်နိုးဆီမှာရှိနေပါတယ်””ဟု ၃-၁၂-၂၀၁၄ရက်က ပြည်မြန်မာသတင်းစာသို့ ပြောသည်။

Pyimyanmar 

No comments:

Post a Comment