Thursday 4 December 2014

အရပ်သားအစိုးရလက်ထက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတွင် မြန်မာလုပ်သားနှစ်သိန်းကျော်အလုပ်ရဟုဆို

Photo: အရပ်သားအစိုးရလက်ထက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတွင် မြန်မာလုပ်သားနှစ်သိန်းကျော်အလုပ်ရဟုဆို
Thursday, December 4, 2014

အရပ်သားအစိုးရလက် ထက်သုံးနှစ်ခွဲကျော်ကာလအ တွင်း ၀င်ရောက်ခဲ့သည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတွင် မြန်မာနိုင်ငံသားလုပ်သား နှစ်သိန်း ကျော် အား အလုပ်အကိုင်ပေးနိုင်ခဲ့ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ သတင်းရရှိသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ၁၉၈၈မှ ၂၀၁၄ အတွင်း ခွင့်ပြုပေး သော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများမှ အလုပ်အကိုင်သုံးသိန်းကျော်အနက် အရပ် သားအစိုးရလက်ထက်တွင် နှစ် သိန်းခွဲကျော် အလုပ်အကိုင် ပေးနိုင် ခဲ့ခြင်း ကြောင့် သမ္မတဦးသိန်းစိန်လက်ထက်တွင်  ပြည်ပရင်း နှီးမြှုပ်နှံမှုမှ အလုပ်ရရှိမှုမှာ ငါးဆခန့်မြင့်တက်လာခဲ့ခြင်းဖြစ်သည်။

နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှု ဥပဒေတွင် ကျွမ်းကျင်မှုရှိရန်မလို သော လုပ်ငန်း အားလုံးကို မြန်မာ နိုင်ငံသားများသာ အပြည့်ထည့် သွင်းလုပ်ဆောင်ရမည် ဖြစ်ပြီး အင်ဂျင်နီယာကဲ့သို့သော ကျွမ်း ကျင်မှုလိုသည့် လုပ်ငန်းများ၌ ပထမ တစ်နှစ်အတွင်း မြန်မာလုပ် သား ၂၅ရာခိုင်နှုန်း၊ ဒုတိယနှစ် တွင် ၅၀ရာခိုင်နှုန်း နှင့် တတိယနှစ် တွင် ၇၅ရာခိုင်နှုန်းထိ ခန့်အပ်ရန်  ထည့်သွင်းသတ်မှတ် ထားသည်။

သက်ဆိုင်ရာစည်းကမ်းများ အတိုင်း ခန့်အပ်မှု ရှိ၊မရှိကို MIC မှ အလုပ်သမား၊ သဘာဝပတ်ဝန်း ကျင်ဆိုင်ရာအဖွဲ့များပါဝင်ထည့် သွင်းဖွဲ့စည်းထားသည့် အဖွဲ့က  လိုက်၍ စစ်ဆေးမှုများပြုလုပ်လေ့ ရှိကြောင်းသိရသည်။

သို့သော် ပြည်တွင်းရှိ လုပ် သားများ၏ လုပ်နိုင်စွမ်း၊ကျွမ်း ကျင်မှုများအရ နိုင်ငံအသီးသီးက ၎င်းတို့နိုင်ငံမှ လုပ်သားများကို တည်ဆောက်ဆဲကာလ များတွင် ခေါ်ယူသုံးစွဲမှုများမှာ မြင့်တက် လျက်ရှိကြောင်းသိရသည်။

‘‘လက်ရှိက အဲဒီအတိုင်း သွားပေမယ့် တချို့လုပ်ငန်းတွေ မှာ နိုင်ငံခြားသား တွေကို ခေါ်သုံး ရတာရှိတယ်။ တည်ဆောက်ဆဲ ကာလမှာ တခြားနိုင်ငံသား ခေါ်သုံးခွင့်ရှိတယ်။ ဒါပေမဲ့ လုပ်ငန်းလည်ပတ်တဲ့အချိန်ကစလို့ သတ်မှတ်ချက် အတိုင်းပဲ လုပ်ရတော့မယ်’’ဟု ဦးအောင်နိုင်ဦးကပြောသည်။ အခြေခံလုပ်သား များနှင့် ပတ်သက်၍ လုပ်ငန်းစတင်ချိန်က ပင် ပြည်တွင်းလုပ်သားများကို ခန့်ထားရမည်ဟု ဥပဒေတွင် ပြဋ္ဌာန်းထားသည်။

မြန်မာနိုင်ငံသားရင်းနှီးမြှုပ် နှံမှုလုပ်ငန်းများ၌ အလုပ်အကိုင်ရရှိမှုသည် သုံးနှစ်ခွဲအတွင်း ငါးသောင်းနီးပါးရှိကြောင်း MIC ကဆိုသည်။

7Day DAILY 

ပက်(ပ်)စီအချိုရည်စက်ရုံအတွင်းရှိ ၀န်ထမ်းများကိုတွေ့ရစဉ် (ဓာတ်ပုံ−ကျော်ဇင်သန်း)
ပက်(ပ်)စီအချိုရည်စက်ရုံအတွင်းရှိ ၀န်ထမ်းများကိုတွေ့ရစဉ် (ဓာတ်ပုံ−ကျော်ဇင်သန်း) 
အရပ်သားအစိုးရလက် ထက်သုံးနှစ်ခွဲကျော်ကာလအတွင်း ၀င်ရောက်ခဲ့သည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများတွင် မြန်မာနိုင်ငံသားလုပ်သား နှစ်သိန်း ကျော်အား အလုပ်အကိုင်ပေးနိုင်ခဲ့ကြောင်း မြန်မာ နိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ သတင်းရရှိသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ၁၉၈၈မှ ၂၀၁၄ အတွင်း ခွင့်ပြုပေးသော နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုလုပ်ငန်းများမှ အလုပ်အကိုင်သုံးသိန်းကျော်အနက် အရပ် သားအစိုးရလက်ထက်တွင် နှစ်သိန်း ခွဲကျော် အလုပ်အကိုင် ပေးနိုင် ခဲ့ခြင်း ကြောင့် သမ္မတဦးသိန်းစိန်လက်ထက်တွင်  ပြည်ပရင်း နှီးမြှုပ်နှံမှုမှ အလုပ်ရရှိမှုမှာ ငါးဆခန့်မြင့်တက်လာခဲ့ခြင်းဖြစ်သည်။

နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှု ဥပဒေတွင် ကျွမ်းကျင်မှုရှိရန်မလိုသော လုပ်ငန်းအားလုံးကို မြန်မာ နိုင်ငံသား များသာ အပြည့်ထည့် သွင်းလုပ်ဆောင်ရမည်ဖြစ်ပြီး အင်ဂျင်နီယာကဲ့သို့သော ကျွမ်းကျင်မှုလိုသည့် လုပ်ငန်းများ၌ ပထမတစ်နှစ်အတွင်း မြန်မာလုပ် သား ၂၅ရာခိုင်နှုန်း၊ ဒုတိယနှစ် တွင် ၅၀ရာခိုင်နှုန်း နှင့် တတိယနှစ် တွင် ၇၅ရာခိုင်နှုန်းထိ ခန့်အပ်ရန်  ထည့်သွင်းသတ်မှတ် ထားသည်။

သက်ဆိုင်ရာစည်းကမ်းများ အတိုင်း ခန့်အပ်မှု ရှိ၊မရှိကို MIC မှ အလုပ်သမား၊ သဘာဝပတ်ဝန်းကျင် ဆိုင်ရာအဖွဲ့များပါဝင်ထည့်သွင်းဖွဲ့စည်းထားသည့်အဖွဲ့က လိုက်၍ စစ်ဆေးမှုများပြုလုပ်လေ့ ရှိကြောင်း သိရသည်။

သို့သော် ပြည်တွင်းရှိ လုပ် သားများ၏ လုပ်နိုင်စွမ်း၊ကျွမ်း ကျင်မှုများအရ နိုင်ငံအသီးသီးက ၎င်းတို့နိုင်ငံမှ လုပ်သားများကို တည်ဆောက်ဆဲကာလ များတွင် ခေါ်ယူသုံးစွဲမှုများမှာ မြင့်တက် လျက်ရှိကြောင်း သိရသည်။

‘‘လက်ရှိက အဲဒီအတိုင်း သွားပေမယ့် တချို့လုပ်ငန်းတွေ မှာ နိုင်ငံခြားသား တွေကို ခေါ်သုံး ရတာရှိတယ်။ တည်ဆောက်ဆဲ ကာလမှာ တခြားနိုင်ငံသား ခေါ်သုံးခွင့်ရှိတယ်။ ဒါပေမဲ့ လုပ်ငန်းလည်ပတ်တဲ့ အချိန် ကစလို့ သတ်မှတ်ချက် အတိုင်းပဲ လုပ်ရတော့မယ်’’ဟု ဦးအောင်နိုင်ဦးကပြောသည်။ အခြေခံလုပ်သား များနှင့် ပတ်သက်၍ လုပ်ငန်းစတင်ချိန်က ပင် ပြည်တွင်းလုပ်သားများကို ခန့်ထားရမည်ဟု ဥပဒေတွင် ပြဋ္ဌာန်းထားသည်။

မြန်မာနိုင်ငံသားရင်းနှီးမြှုပ် နှံမှုလုပ်ငန်းများ၌ အလုပ်အကိုင်ရရှိမှုသည် သုံးနှစ်ခွဲအတွင်း ငါးသောင်းနီးပါး ရှိကြောင်း MIC ကဆိုသည်။

7Day DAILY 

No comments:

Post a Comment