Thursday 4 December 2014

လစ်ဗျားတွင် IS စစ်သင်တန်း ပို့ချရေး စခန်းများ တည်ဆောက်

Photo: လစ်ဗျားတွင် IS စစ်သင်တန်း ပို့ချရေး စခန်းများ တည်ဆောက်
Thursday, December 4, 2014

အစ္စလာမ္မစ်နိုင်ငံတော် ထူထောင်ရေး စစ်သွေးကြွအဖွဲ့ (IS) သည် လစ်ဗျားနိုင်ငံ အရှေ့ပိုင်းတွင် စစ်သင်တန်း ပို့ချရေး စခန်းများ တည်ဆောက်ထားကြောင်း အာဖရိကဒေသဆိုင်ရာ အမေရိကန်စစ်ဦးစီးမှူး ဗိုလ်ချုပ် ဒေဗစ်ရော့ဒရီဂတ်ဇ် က ပြောကြားသည်။

အဆိုပါ စခန်းများတွင် စစ်သင်တန်း တက်နေကြသည့် IS စစ်သွေးကြွ ၂၀၀ ခန့် ရှိနိုင်ကာ ယခုလို ဖွင့်လှစ်ခြင်းမှ ပထမဆုံး ဖြစ်ပြီး အမေရိကန်အနေဖြင့် ဂရုတစိုက် စောင့်ကြည့်နေကြောင်း ၎င်းက ပြောသည်။

၂၀၁၁ ခုနှစ်တွင် အာဏာရှင်ဂဒါဖီ သေဆုံးခဲ့ပြီး နောက်ပိုင်းမှစ၍ လူမျိုးစု ခေါင်းဆောင်များနှင့် ပြည်သူ့စစ်ခေါင်းဆောင်များအကြား နိုင်ငံရေးအားပြိုင်မှု များဖြင့် လစ်ဗျားမှာ မငြိမ်မသက်ဖြစ်နေခဲ့သည်။

နိုင်ငံအရှေ့ပိုင်းတွင်လည်း အစ္စလာမ္မစ်အဖွဲ့ပေါင်းများစွာ အာဏာပြိုင်လာပြီး လက်နက်ကိုင်အစ္စလာမ္မစ်အချို့က IS ကို သစ္စာခံကြသည်။

“အခုချိန်ထိတော့ လေ့ကျင့်ရေးစခန်းတွေရဲ့ အင်အားက သေးငယ်သေးတယ်၊ ဒါပေမဲ့ ဘယ်လောက်အထိ ကြီးထွားလာမလဲဆိုတာ စောင့်ကြည့်ရမယ်” ဟု ဗိုလ်ချုပ် ရော့ဒရီဂတ်ဇ်က ၀ါရှင်တန်တွင် ပြောကြားသည်။

လက်ရှိ ရွေးကောက်တင်မြှောက်ထားသည့် အစိုးရသည် နိုင်ငံရေး အကျပ် အတည်း များနှင့် ရင်ဆိုင်နေရစဉ် လစ်ဗျား၏ မြို့သုံးမြို့ကို ဆုံးရှုံးခဲ့ရသည်။

ဘင်ဂါဇီမြို့မှာ နိုင်ငံ၏ ဒုတိယ မြို့တော်ဖြစ်ပြီး ယခုအခါ အစ္စလာမ္မစ် စစ် သွေးကြွ များ လက်တွင်းသို့ ကျရောက်နေသည်။ နိုင်ငံတကာမှ အသိ အမှတ်ပြုထားသည့် လစ်ဗျား၏ လွှတ်တော်မှာလည်း နိုင်ငံအရေးပိုင်းမှ တိုဘရတ် ကမ်းရိုးတန်းမြို့တွင် တည်ရှိနေသည်။

မကြာသေးမီ လပိုင်းမှ စ၍ အီရတ်နှင့် ဆီးရီးယားရှိ IS စစ်သွေးကြွများအား လေကြောင်းဖြင့် တိုက်ခိုက်ချေမှုန်းရန် အမေရိကန်က ဦးဆောင်ပြီး နိုင်ငံတကာ ညွန့်ပေါင်းအဖွဲ့တစ်ခု ဖွဲ့စည်းခဲ့သည်။

ကျော်လင်းထွန်း
Ref: BBC
အစ္စလာမ္မစ်နိုင်ငံတော် ထူထောင်ရေး စစ်သွေးကြွအဖွဲ့ (IS) သည် လစ်ဗျားနိုင်ငံ အရှေ့ပိုင်းတွင် စစ်သင် တန်း ပို့ချရေး စခန်းများ တည်ဆောက်ထားကြောင်း အာဖရိကဒေသဆိုင်ရာ အမေရိကန်စစ်ဦးစီးမှူး ဗိုလ်ချုပ် ဒေဗစ်ရော့ဒရီဂတ်ဇ် က ပြောကြားသည်။

အဆိုပါ စခန်းများတွင် စစ်သင်တန်း တက်နေကြသည့် IS စစ်သွေးကြွ ၂၀၀ ခန့် ရှိနိုင်ကာ ယခုလို ဖွင့်လှစ် ခြင်း မှ ပထမဆုံး ဖြစ်ပြီး အမေရိကန်အနေဖြင့် ဂရုတစိုက် စောင့်ကြည့်နေကြောင်း ၎င်းက ပြောသည်။

၂၀၁၁ ခုနှစ်တွင် အာဏာရှင်ဂဒါဖီ သေဆုံးခဲ့ပြီး နောက်ပိုင်းမှစ၍ လူမျိုးစု ခေါင်းဆောင်များနှင့် ပြည်သူ့ စစ်ခေါင်းဆောင်များအကြား နိုင်ငံရေးအားပြိုင်မှု များဖြင့် လစ်ဗျားမှာ မငြိမ်မသက်ဖြစ်နေခဲ့သည်။

နိုင်ငံအရှေ့ပိုင်းတွင်လည်း အစ္စလာမ္မစ်အဖွဲ့ပေါင်းများစွာ အာဏာပြိုင်လာပြီး လက်နက်ကိုင်အစ္စလာမ္မစ် အချို့က IS ကို သစ္စာခံကြသည်။

“အခုချိန်ထိတော့ လေ့ကျင့်ရေးစခန်းတွေရဲ့ အင်အားက သေးငယ်သေးတယ်၊ ဒါပေမဲ့ ဘယ်လောက်အထိ ကြီးထွားလာမလဲဆိုတာ စောင့်ကြည့်ရမယ်” ဟု ဗိုလ်ချုပ် ရော့ဒရီဂတ်ဇ်က ၀ါရှင်တန်တွင် ပြောကြားသည်။

လက်ရှိ ရွေးကောက်တင်မြှောက်ထားသည့် အစိုးရသည် နိုင်ငံရေး အကျပ် အတည်း များနှင့် ရင်ဆိုင်နေရ စဉ် လစ်ဗျား၏ မြို့သုံးမြို့ကို ဆုံးရှုံးခဲ့ရသည်။

ဘင်ဂါဇီမြို့မှာ နိုင်ငံ၏ ဒုတိယ မြို့တော်ဖြစ်ပြီး ယခုအခါ အစ္စလာမ္မစ် စစ် သွေးကြွ များ လက်တွင်းသို့ ကျရောက်နေသည်။ နိုင်ငံတကာမှ အသိ အမှတ်ပြုထားသည့် လစ်ဗျား၏ လွှတ်တော်မှာလည်း နိုင်ငံအရေး ပိုင်းမှ တိုဘရတ် ကမ်းရိုးတန်းမြို့တွင် တည်ရှိနေသည်။

မကြာသေးမီ လပိုင်းမှ စ၍ အီရတ်နှင့် ဆီးရီးယားရှိ IS စစ်သွေးကြွများအား လေကြောင်းဖြင့် တိုက်ခိုက် ချေမှုန်း ရန် အမေရိကန်က ဦးဆောင်ပြီး နိုင်ငံတကာ ညွန့်ပေါင်းအဖွဲ့တစ်ခု ဖွဲ့စည်းခဲ့သည်။

ကျော်လင်းထွန်း
Ref: BBC

No comments:

Post a Comment