Thursday 4 December 2014

ပင်လယ်ရေအောက်ဆက်ကြောင်း တိုးချဲ့ရန် နေရာလေ့လာလျက်ရှိ

Photo: ပင်လယ်ရေအောက်ဆက်ကြောင်း တိုးချဲ့ရန် နေရာလေ့လာလျက်ရှိ
Thursday, December 4, 2014

 နိုင်ငံတကာ ပင်လယ်ရေအောက်ဆက်ကြောင်း SMW-5 နှင့် ချိတ်ဆက်၍ အင်တာနက်ဘန်ဝှစ်3TB(3000GB) အထိ တိုးချဲ့နိုင်ရန် ငွေဆောင်မှတစ်ဆင့် ဆက်ကြောင်း ပြေးဆွဲနိုင်ရေး ပြည်ပအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ပင်လယ်မျက်နှာပြင်အနေအထားကို လေ့လာနေကြောင်း မြန်မာ့ဆက်သွယ် ရေးလုပ်ငန်းမှ သတင်းရရှိသည်။

‘‘ဆက်ကြောင်းပြေးဆွဲဖို့အတွက် နိုင်ငံတကာအဖွဲ့အစည်း တွေနဲ့ သဘောတူညီမှုရပြီးသွားပါပြီ။ ပင်လယ်ထဲမှာ ဆက် ကြောင်းပြေးဆွဲပြီး ချိတ်ဆက်နိုင်ဖို့အတွက် ပြည်ပအဖွဲ့အစည်း တွေက လေ့လာမှုတွေပြုလုပ်ပေးနေပါတယ်’’ဟု မြန်မာ့ဆက် သွယ်ရေးလုပ်ငန်း ပြည်ပဆက်သွယ်ရေးစခန်းမှ အင်ဂျင်နီယာ မှူးဦးဇော်ဌေးကပြောသည်။

SMW-5ပင်လယ်ရေအောက်ကေဘယ်ဆက်ကြောင်းကို ငွေဆောင်မှတစ်ဆင့် ချိတ်ဆက်သွားမည်ဖြစ်ပြီးအဆင်သင့်ချိတ်ဆက်နိုင်ရန် ပြည်တွင်း၌ ရန်ကုန်မှငွေဆောင်အထိ  ဖိုက်ဘာဆက်ကြောင်း တစ်ခုပြေးဆွဲထားပြီးဖြစ်ကြောင်း သတင်းရရှိသည်။

‘‘ပြည်တွင်းကနေ အဆင်သင့်ချိတ်ဆက်နိုင်ဖို့အတွက်ကိုတော့ လုပ်ပြီးသွားပြီ။ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ လေ့လာမှုတွေပြုလုပ်ပြီးတာနဲ့ SMW-5နဲ့ ချိတ်ဆက်နိုင်ဖို့လုပ်သွားမှာပါ’’ ဟု ဦးဇော်ဌေးကပြောသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် လက်ရှိတွင် နိုင်ငံ တစ်ဝန်း၌ ကုန်း တွင်းဖြတ်ကျော် ဖိုက်ဘာဆက်ကြောင်းသုံးခုနှင့် ပင်လယ်ရေအောက်ဖိုက်ဘာ ဆက်ကြောင်း SMW-3တို့မှ အင် တာနက်ဘန်ဝှစ် 32GBကို ချိတ်ဆက် ရယူထားကြောင်း သိရ သည်။

7Day DAILY

နိုင်ငံတကာပင်လယ်ရေအောက်အင်တာနက်ဆက်ကြောင်းတစ်ခု
နိုင်ငံတကာပင်လယ်ရေအောက်အင်တာနက်ဆက်ကြောင်းတစ်ခု
 နိုင်ငံတကာ ပင်လယ်ရေအောက်ဆက်ကြောင်း SMW-5 နှင့် ချိတ်ဆက်၍ အင်တာနက်ဘန်ဝှစ် 3TB (3000GB) အထိ တိုးချဲ့နိုင်ရန် ငွေဆောင်မှတစ်ဆင့် ဆက်ကြောင်း ပြေးဆွဲနိုင်ရေး ပြည်ပအဖွဲ့အစည်း များနှင့် ပူးပေါင်း၍ ပင်လယ်မျက်နှာပြင်အနေအထားကို လေ့လာနေကြောင်း မြန်မာ့ဆက်သွယ် ရေးလုပ် ငန်း မှ သတင်းရရှိသည်။

‘‘ဆက်ကြောင်းပြေးဆွဲဖို့အတွက် နိုင်ငံတကာအဖွဲ့အစည်း တွေနဲ့ သဘောတူညီမှုရပြီးသွားပါပြီ။ ပင်လယ် ထဲမှာ ဆက် ကြောင်းပြေးဆွဲပြီး ချိတ်ဆက်နိုင်ဖို့အတွက် ပြည်ပအဖွဲ့အစည်း တွေက လေ့လာမှုတွေပြုလုပ် ပေးနေပါတယ်’’ဟု မြန်မာ့ဆက် သွယ်ရေးလုပ်ငန်း ပြည်ပဆက်သွယ်ရေးစခန်းမှ အင်ဂျင်နီယာ မှူးဦးဇော်ဌေးက ပြောသည်။

SMW-5ပင်လယ်ရေအောက်ကေဘယ်ဆက်ကြောင်းကို ငွေဆောင်မှတစ်ဆင့် ချိတ်ဆက်သွားမည်ဖြစ်ပြီး အဆင်သင့်ချိတ်ဆက်နိုင်ရန် ပြည်တွင်း၌ ရန်ကုန်မှငွေဆောင်အထိ  ဖိုက်ဘာဆက်ကြောင်း တစ်ခုပြေးဆွဲ ထားပြီးဖြစ်ကြောင်း သတင်းရရှိသည်။

‘‘ပြည်တွင်းကနေ အဆင်သင့်ချိတ်ဆက်နိုင်ဖို့အတွက်ကိုတော့ လုပ်ပြီးသွားပြီ။ နိုင်ငံတကာအဖွဲ့အစည်းတွေ နဲ့ လေ့လာမှုတွေပြုလုပ်ပြီးတာနဲ့ SMW-5နဲ့ ချိတ်ဆက်နိုင်ဖို့လုပ်သွားမှာပါ’’ ဟု ဦးဇော်ဌေးကပြောသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် လက်ရှိတွင် နိုင်ငံ တစ်ဝန်း၌ ကုန်း တွင်းဖြတ်ကျော် ဖိုက်ဘာ ဆက်ကြောင်းသုံးခုနှင့် ပင်လယ်ရေအောက်ဖိုက်ဘာ ဆက်ကြောင်း SMW-3တို့မှ အင် တာနက်ဘန်ဝှစ် 32GBကို ချိတ်ဆက် ရယူထားကြောင်း သိရ သည်။

7Day DAILY 

No comments:

Post a Comment