Thursday 4 December 2014

တကသအဆောက်အဦ ပြန်ဆောင်ခွင့်ပေးရန် တကိုယ်တော်ဆန္ဒပြမည်

Photo: တကသအဆောက်အဦ ပြန်ဆောင်ခွင့်ပေးရန် တကိုယ်တော်ဆန္ဒပြမည်
Thursday, December 4, 2014 

၁၉၆၂ စစ်တပ် အာဏာသိမ်းပြီးနောက် ဖျက်ဆီးခံလိုက်ရတဲ့ ရန်ကုန်တက္ကသိုလ် ၀င်းထဲက သမိုင်းဝင် တကသ အဆောက်အဦကို  ပြန်လည်တည်ဆောက် ခွင့်ပေးဖို့ ရန်ကုန်မြို့မှာ ဆန္ဒပြသွားမယ်လို့  ထင်ရှားတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်း ဒေါက်တာ အောင်ခင်ဆင့်က ပြောပါတယ်။

ကျောင်းသားသမဂ္ဂတွေကို တရားဝင်ဖွဲ့စည်းခွင့်ပေးမယ်လို့ သမ္မတက ပြောဆိုထားပြီးဖြစ်တဲ့အတွက် ကျောင်းသားသမဂ္ဂ အဆောက်အဦကိုလည်း ပြန်လည်တည်ဆောက်ခွင့်ပေးဖို့ တောင်းဆိုရတာလို့ ပြောပါတယ်။

တကိုယ်တော် ဆန္ဒပြပွဲကို ဒီဇင်ဘာ ၆ ရက်နေ့ မနက် ၉ နာရီ မြို့တော်ခန်းမရှေ့မှာ စတင်မှာဖြစ်ပြီး လွတ်လပ်ရေးပန်းခြံဆီကို ချီတက်မယ်လို့ ပြောပါတယ်။

ဒေါက်တာအောင်ခင်ဆင့်ဟာ ၁၉၉၀ ရွေးကောက်ပွဲမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် မင်္ဂလာတောင်ညွန့် မြို့နယ်က ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ်တဦးဖြစ်ခဲ့ပြီး စစ်အစိုးရ ကျင်းပခဲ့တဲ့ အမျိုးသားညီလာခံကို ဗြောင်ကျကျ ဝေဖန်ကန့်ကွက်ခဲ့တာကြောင့် ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခံခဲ့ရသူဖြစ်ပါတယ်။

ဒီဗွီဘီ
၁၉၆၂ စစ်တပ် အာဏာသိမ်းပြီးနောက် ဖျက်ဆီးခံလိုက်ရတဲ့ ရန်ကုန်တက္ကသိုလ် ၀င်းထဲက သမိုင်းဝင် တကသ အဆောက်အဦကို  ပြန်လည်တည်ဆောက် ခွင့်ပေးဖို့ ရန်ကုန်မြို့မှာ ဆန္ဒပြသွားမယ်လို့  ထင်ရှား တဲ့ နိုင်ငံရေး အကျဉ်းသားဟောင်း ဒေါက်တာ အောင်ခင်ဆင့်က ပြောပါတယ်။

ကျောင်းသားသမဂ္ဂတွေကို တရားဝင်ဖွဲ့စည်းခွင့်ပေးမယ်လို့ သမ္မတက ပြောဆိုထားပြီးဖြစ်တဲ့အတွက် ကျောင်းသားသမဂ္ဂ အဆောက်အဦကိုလည်း ပြန်လည်တည်ဆောက်ခွင့်ပေးဖို့ တောင်းဆိုရတာလို့ ပြောပါတယ်။

တကိုယ်တော် ဆန္ဒပြပွဲကို ဒီဇင်ဘာ ၆ ရက်နေ့ မနက် ၉ နာရီ မြို့တော်ခန်းမရှေ့မှာ စတင်မှာဖြစ်ပြီး လွတ်လပ်ရေးပန်းခြံဆီကို ချီတက်မယ်လို့ ပြောပါတယ်။

ဒေါက်တာအောင်ခင်ဆင့်ဟာ ၁၉၉၀ ရွေးကောက်ပွဲမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် မင်္ဂလာတောင်ညွန့် မြို့နယ်က ရွေးကောက်ခံလွှတ်တော် ကိုယ်စားလှယ်တဦးဖြစ်ခဲ့ပြီး စစ်အစိုးရကျင်းပခဲ့တဲ့ အမျိုးသား ညီလာခံ ကို ဗြောင်ကျကျ ဝေဖန်ကန့်ကွက်ခဲ့တာကြောင့် ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခံခဲ့ရသူဖြစ်ပါတယ်။

ဒီဗွီဘီ 

No comments:

Post a Comment