Thursday 4 December 2014

ကျောက်မျက်အများပိုင်ဘဏ် တည်ထောင်ရန် မတည်ငွေရင်း ကျပ် ၅၀ ဘီလီယံ သတ်မှတ်

Photo: ကျောက်မျက်အများပိုင်ဘဏ် တည်ထောင်ရန် မတည်ငွေရင်း ကျပ် ၅၀ ဘီလီယံ သတ်မှတ်
Thursday, December 4, 2014

ကျောက်မျက်သယံဇာတ ဖွံ့ဖြိုးရေးအများပိုင်ဘဏ် တည်ထောင်ရေးအတွက် ထည့်ဝင် မတည်ငွေရင်းကို ကျပ်ငွေ ဘီလီယံ ၅၀ သတ်မှတ်ထားသည်ဟု ၎င်းအများ ပိုင် ဘဏ်ဖြစ်မြောက်ရေး ကော်မတီက ဒီဇင်ဘာ ၁ ရက်တွင် ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း မှ ကျောက်မျက်သယံဇာ တ ဖွံ့ဖြိုးရေးအတွက် အထောက်အကူပြုနိုင်ရန် အများပိုင် ဘဏ် ဖြစ်မြောက်ရေး ကော်မတီ(ယာယီ) ဖွဲ့စည်းဆောင်ရွက်နေပြီး ဘဏ်၏ ထည့်ဝင် မတည်ရင်းငွေကို သတ်မှတ်နိုင်ခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း၏ တွဲဖက်အတွင်းရေးမှူး ဦးထွန်းလှအောင်က “ကျောက်မျက် ရတနာက တန်ဖိုးဖြတ်ရခက်ခဲတဲ့အတွက် ဘဏ်တွေက အပေါင်လက်မခံဘူး။ ကျွန်တော်တို့ ကျောက်မျက်ဘဏ်ကို တည်ထောင်တာ ကလည်း ကျောက်မျက်လုပ်ငန်းရှင်တွေ ချေးငွေလိုအပ်တဲ့အချိန် မှာ ကျောက်စိမ်းတုံးနှင့် ကျောက်မျက်ရတနာတွေကို အပေါင်အာမခံ ထားပြီး ချေးငွေယူနိုင်အောင်ပါပဲ” ဟု ပြောသည်။

ဘဏ်၏ မတည်ငွေရင်းတွင် မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင် များအသင်းနှင့် အသင်းခွဲတို့မှ လုပ်ငန်းရှင်များအားလုံး ပါဝင်နိုင်စေရန် ကျောက် မျက် လုပ်ငန်းရှင်များသည် မိမိဆန္ဒအလျောက် ကနဦး ထည့်ဝင်လိုသည့်ငွေကို ဒီဇင်ဘာ ၁၅ ရက် နောက်ဆုံး ထားပြီး မြန်မာနိုင် ငံ ကျောက် မျက်လုပ်ငန်းရှင်များ အသင်းသို့ ပေးပို့ရ မည် ဖြစ်သည်။

ကျောက်မျက်လုပ်ငန်းရှင်များသည် ကနဦးထည့်ဝင်မည့်ငွေရင်းကို အဆိုပြုလွှာတင်ပြ ရမည်ဖြစ်ပြီး မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ဘဏ်လုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင် ထုတ်ပေးခြင်းမပြုမီအထိ ဘဏ်ဒါရိုက် တာအဖွဲ့၏ ဆုံးဖြတ်ချက်မပြုမီ ထည့်ဝင်ပြီး မတည်ငွေရင်းအပေါ် အကျိုးခံစားခွင့် မရှိဟု အဆို ပြုလွှာစည်း မျဉ်းစည်းကမ်းသတ်မှတ်ချက်တွင် ဖော်ပြထားသည်။

လက်ရှိအချိန်တွင် ကျောက်မျက်ဖွံ့ဖြိုးရေး အများပိုင်ဘဏ် အကောင်အထည်ပေါ် လာနိုင်ရေးအတွက် ဗဟိုဘဏ်၏ လမ်းညွှန်ချက်များအတိုင်း စီစဉ်ဆောင် ရွက်လျက်ရှိပြီး နိုဝင်ဘာ ၂၅ ရက်တွင် ကျောက်မျက် အသင်းဝင်လုပ်ငန်းရှင် များနှင့် တွေ့ ဆုံဆွေး နွေးမှုများ ပြုလုပ်ခဲ့သည်။

မြန်မာနိုင်ငံတွင် လက်ရှိဘဏ်လုပ်ငန်း လုပ်ကိုင်လျက်ရှိသည့် လုပ်ငန်းရှင်ကြီး များသည် မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များ အသင်းတွင် ပါဝင်လျက်ရှိပြီး ကမ္ဘောဇဘဏ်ပိုင်ရှင် ဦးအောင်ကိုဝင်းနှင့် အာရှဖွံ့ဖြိုးရေး ဘဏ်ပိုင်ရှင် ဦးတေဇတို့သည် ကျောက်မျက်အသင်း၏ နာယကများ ဖြစ်သည်။

လက်ရှိအစိုးရ လက်ထက်တွင် စီးပွားရေး ကဏ္ဍအလိုက် ပိုမိုဖွံ့ဖြိုးရေးအတွက် သက်ဆိုင်ရာကဏ္ဍအလိုက် ဘဏ်များတည်ထောင် ရန်အားပေးလျက် ရှိပြီး ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်ကို တည်ထောင် ဖွင့်လှစ် ခဲ့ပြီး ဖြစ် သည်။ ဆက်လက်၍ ကျောက်မျက် ဖွံ့ဖြိုးရေးဘဏ်အပြင် ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးရေးဘဏ်၊ တောင်သူလယ်သမား ဖွံ့ဖြိုးရေးဘဏ်များ တည်ထောင် ရန် ဆောင်ရွက်လျက်ရှိသည်။

Mizzima - News in Burmese
ကျောက်မျက်သယံဇာတ ဖွံ့ဖြိုးရေးအများပိုင်ဘဏ် တည်ထောင်ရေးအတွက် ထည့်ဝင် မတည်ငွေရင်းကို ကျပ်ငွေ ဘီလီယံ ၅၀ သတ်မှတ်ထားသည်ဟု ၎င်းအများ ပိုင် ဘဏ်ဖြစ်မြောက်ရေး ကော်မတီက ဒီဇင်ဘာ ၁ ရက်တွင် ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း မှ ကျောက်မျက်သယံဇာ တ ဖွံ့ဖြိုးရေးအတွက် အထောက်အကူပြုနိုင်ရန် အများပိုင် ဘဏ် ဖြစ်မြောက်ရေး ကော်မတီ(ယာယီ) ဖွဲ့စည်းဆောင်ရွက်နေပြီး ဘဏ်၏ ထည့်ဝင် မတည်ရင်းငွေကို သတ်မှတ်နိုင်ခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း၏ တွဲဖက်အတွင်းရေးမှူး ဦးထွန်းလှအောင်က “ကျောက်မျက် ရတနာက တန်ဖိုးဖြတ်ရခက်ခဲတဲ့အတွက် ဘဏ်တွေက အပေါင်လက်မခံဘူး။ ကျွန်တော်တို့ ကျောက်မျက်ဘဏ်ကို တည်ထောင်တာ ကလည်း ကျောက်မျက်လုပ်ငန်းရှင်တွေ ချေးငွေလိုအပ်တဲ့အချိန် မှာ ကျောက်စိမ်းတုံးနှင့် ကျောက်မျက်ရတနာတွေကို အပေါင်အာမခံ ထားပြီး ချေးငွေယူနိုင်အောင်ပါပဲ” ဟု ပြောသည်။

ဘဏ်၏ မတည်ငွေရင်းတွင် မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင် များအသင်းနှင့် အသင်းခွဲတို့မှ လုပ်ငန်းရှင်များအားလုံး ပါဝင်နိုင်စေရန် ကျောက် မျက် လုပ်ငန်းရှင်များသည် မိမိဆန္ဒအလျောက် ကနဦး ထည့်ဝင်လိုသည့်ငွေကို ဒီဇင်ဘာ ၁၅ ရက် နောက်ဆုံး ထားပြီး မြန်မာနိုင်ငံ ကျောက်မျက်လုပ်ငန်းရှင်များ အသင်းသို့ ပေးပို့ရ မည် ဖြစ်သည်။

ကျောက်မျက်လုပ်ငန်းရှင်များသည် ကနဦးထည့်ဝင်မည့်ငွေရင်းကို အဆိုပြုလွှာတင်ပြ ရမည်ဖြစ်ပြီး မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ဘဏ်လုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင် ထုတ်ပေးခြင်းမပြုမီအထိ ဘဏ်ဒါရိုက် တာအဖွဲ့၏ ဆုံးဖြတ်ချက်မပြုမီ ထည့်ဝင်ပြီး မတည်ငွေရင်းအပေါ် အကျိုးခံစားခွင့် မရှိဟု အဆို ပြုလွှာစည်း မျဉ်းစည်းကမ်းသတ်မှတ်ချက်တွင် ဖော်ပြထားသည်။

လက်ရှိအချိန်တွင် ကျောက်မျက်ဖွံ့ဖြိုးရေး အများပိုင်ဘဏ် အကောင်အထည်ပေါ် လာနိုင်ရေးအတွက် ဗဟိုဘဏ်၏ လမ်းညွှန်ချက်များအတိုင်း စီစဉ်ဆောင် ရွက်လျက်ရှိပြီး နိုဝင်ဘာ ၂၅ ရက်တွင် ကျောက်မျက် အသင်းဝင်လုပ်ငန်းရှင် များနှင့် တွေ့ ဆုံဆွေး နွေးမှုများ ပြုလုပ်ခဲ့သည်။

မြန်မာနိုင်ငံတွင် လက်ရှိဘဏ်လုပ်ငန်း လုပ်ကိုင်လျက်ရှိသည့် လုပ်ငန်းရှင်ကြီးများသည် မြန်မာနိုင်ငံ ကျောက်မျက်ရတနာလုပ်ငန်းရှင်များ အသင်းတွင် ပါဝင်လျက်ရှိပြီး ကမ္ဘောဇဘဏ်ပိုင်ရှင် ဦးအောင်ကိုဝင်း နှင့် အာရှဖွံ့ဖြိုးရေး ဘဏ်ပိုင်ရှင် ဦးတေဇတို့သည် ကျောက်မျက်အသင်း၏ နာယကများ ဖြစ်သည်။

လက်ရှိအစိုးရ လက်ထက်တွင် စီးပွားရေး ကဏ္ဍအလိုက် ပိုမိုဖွံ့ဖြိုးရေးအတွက် သက်ဆိုင်ရာကဏ္ဍအလိုက် ဘဏ်များတည်ထောင် ရန်အားပေးလျက် ရှိပြီး ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်ကို တည်ထောင် ဖွင့်လှစ် ခဲ့ပြီးဖြစ်သည်။ ဆက်လက်၍ ကျောက်မျက် ဖွံ့ဖြိုးရေးဘဏ်အပြင် ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးရေးဘဏ်၊ တောင်သူလယ်သမား ဖွံ့ဖြိုးရေးဘဏ်များ တည်ထောင် ရန် ဆောင်ရွက်လျက်ရှိသည်။

Mizzima - News in Burmese 

No comments:

Post a Comment