Thursday 4 December 2014

မြန်မာလုပ်သားနှစ်ဦးကို ပုဒ်မ ခုနစ်ခုဖြင့် အမှုတွဲတင်ကာ တရားစွဲ

Photo: မြန်မာလုပ်သားနှစ်ဦးကို ပုဒ်မ ခုနစ်ခုဖြင့် အမှုတွဲတင်ကာ တရားစွဲ
Thursday, December 4, 2014

ရန်ကုန်- လိပ်ကျွန်းလူသတ်မှုတွင် ဖမ်းဆီးခံထားရသော မြန်မာလုပ်သားနှစ်ဦး ကို ထိုင်းအစိုးရရှေ့နေများအဖွဲ့က ယနေ့နံနက်တွင် ပုဒ်မ ခုနစ်ခုဖြင့် အမှုတွဲ တင်ကာ တရားစွဲဆိုလိုက်ကြောင်း သတင်းရရှိသည်။
    
မြန်မာလုပ်သားနှစ်ဦးအား တရားစွဲဆိုရာတွင် စာမျက်နှာ ၈၀၀ ကျော်ပါသည့် အမှုတွဲကို ထိုင်းနိုင်ငံအစိုးရရှေ့နေများအဖွဲ့က လက်မှတ်ထိုး၍ ကော့စမွီခရိုင် တရားသူကြီးထံသို့ တင်သွင်းခဲ့ပြီး တရားသူကြီးက လက်ခံစွဲဆိုလိုက်ခြင်းဖြစ် ကြောင်း မြန်မာသံရုံးအထူးအဖွဲ့မှ ရှေ့နေဦးအောင်မျိုးသန့်က 7Day သို့ ပြောသည်။

‘‘ပုဒ်မ ခုနစ်ခုနဲ့ တရားရုံးတင်လိုက်ပါတယ်။ ဒီနေ့မှာ တရားခံတွေကို ထုတ်မပြ ပါဘူး။ ပုဒ်မတွေလည်း မပြောပါဘူး။ ဒါပေမဲ့ ပုဒ်မခုနစ်ခုနဲ့ တရားစွဲလိုက်တယ် ဆိုတာတော့ ပြောတယ်။ လာမယ့် တနင်္လာနေ့မှာ တရားခံတွေကို ပြသမယ်လို့ ပြောပါတယ်’’ ဟု ဦးအောင်မျိုးသန့်က ပြောသည်။

ယခင်ထိုင်းအစိုးရရှေ့နေအဖွဲ့မှ တင်ပြသော အမှုတွဲမှာ မပြည့်စုံသဖြင့် တရားသူကြီးက လက်မခံခဲ့ဘဲ ယနေ့တွင်မှ လက်ခံခဲ့ခြင်းဖြစ်သည်။

7Day DAILY 

ထိုင်းအစိုးရ ရှေ့နေအဖွဲ့မှ တာဝန်ရှိသူများက အမှုတွဲတင်ပြီးနောက် သတင်းထောက်များ၏ မေးမြန်းမှုကို ဖြေကြားပေးနေစဉ်
ထိုင်းအစိုးရ ရှေ့နေအဖွဲ့မှ တာဝန်ရှိသူများက အမှုတွဲတင်ပြီးနောက် သတင်းထောက်များ၏ မေးမြန်းမှုကို ဖြေကြားပေးနေစဉ်
ရန်ကုန်- လိပ်ကျွန်းလူသတ်မှုတွင် ဖမ်းဆီးခံထားရသော မြန်မာလုပ်သားနှစ်ဦး ကို ထိုင်းအစိုးရရှေ့နေများ အဖွဲ့က ယနေ့နံနက်တွင် ပုဒ်မ ခုနစ်ခုဖြင့် အမှုတွဲတင်ကာတရားစွဲဆိုလိုက်ကြောင်း သတင်းရရှိသည်။

မြန်မာလုပ်သားနှစ်ဦးအား တရားစွဲဆိုရာတွင် စာမျက်နှာ ၈၀၀ ကျော်ပါသည့် အမှုတွဲကို ထိုင်းနိုင်ငံအစိုးရ ရှေ့နေများအဖွဲ့က လက်မှတ်ထိုး၍ ကော့စမွီခရိုင် တရားသူကြီးထံသို့ တင်သွင်းခဲ့ပြီး တရားသူကြီးက လက်ခံစွဲဆိုလိုက်ခြင်းဖြစ် ကြောင်း မြန်မာသံရုံးအထူးအဖွဲ့မှ ရှေ့နေဦးအောင်မျိုးသန့်က 7Day သို့ ပြော သည်။

‘‘ပုဒ်မ ခုနစ်ခုနဲ့ တရားရုံးတင်လိုက်ပါတယ်။ ဒီနေ့မှာ တရားခံတွေကို ထုတ်မပြပါဘူး။ ပုဒ်မတွေလည်း မပြော ပါဘူး။ ဒါပေမဲ့ ပုဒ်မခုနစ်ခုနဲ့ တရားစွဲလိုက်တယ် ဆိုတာတော့ ပြောတယ်။ လာမယ့် တနင်္လာနေ့မှာ တရားခံ တွေကို ပြသမယ်လို့ ပြောပါတယ်’’ ဟု ဦးအောင်မျိုးသန့်က ပြောသည်။

ယခင်ထိုင်းအစိုးရရှေ့နေအဖွဲ့မှ တင်ပြသောအမှုတွဲမှာ မပြည့်စုံသဖြင့် တရားသူကြီးကလက်မခံခဲ့ဘဲ ယနေ့ တွင်မှ လက်ခံခဲ့ခြင်းဖြစ်သည်။

7Day DAILY 

No comments:

Post a Comment