Thursday 4 December 2014

ပါလက်စတိုင်းအား နိုင်ငံအဖြစ် အသိအမှတ်ပြုရန် ပြင်သစ် ပါလီမန် မဲခွဲဆုံးဖြတ်

Photo: ပါလက်စတိုင်းအား နိုင်ငံအဖြစ် အသိအမှတ်ပြုရန် ပြင်သစ် ပါလီမန် မဲခွဲဆုံးဖြတ်
Thursday, December 4, 2014

ပါလက်စတိုင်းအား နိုင်ငံတစ် ခုအဖြစ် အသိအ မှတ်ပြုရန် ပြင်သစ် လွှတ်တော် အမတ်များက ဒီဇင်ဘာ ၂ ရက်တွင် မဲခွဲဆုံး ဖြတ်ခဲ့ ရာအဆိုပါ လုပ်ရပ်သည် တစ်ဖက်သတ် ဆန်ပြီး အရှေ့အလယ်ပိုင်း ဒေသငြိမ်းချမ်း ရေးအတွက် အဟန့်အတား ဖြစ်စေနိုင်ကြောင်း အစ္စရေးက ပြန်လည်တုံ့ပြန် လိုက်သည်။

အရှေ့အလယ် ပိုင်းဒေသ ပြဿနာ အတွက် တိကျသည့် ဆုံးဖြတ်ချက် ရရှိစေ ရေးအတွက် ပြင်သစ် အစိုးရ အနေဖြင့် ပါလက် စတိုင်းအား နိုင်ငံတစ် ခုအဖြစ် အသိအမှတ် ပြုရေးကို လွှတ်တော်အ မတ်များက ထောက်ခံမဲ ၃၃၉ မဲ၊ ကန့်ကွက်မဲ ၁၅၁ မဲဖြင့် အတည်ပြု လိုက်ခြင်းဖြစ်သည်။

အစ္စရေးနှင့် ပါလက်စတိုင်း တို့အကြား ရပ်ဆိုင်း ထားရသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ပြန်လည်စ တင်နိုင်ရန် ဥရောပ နိုင်ငံများက နည်းလမ်း အမျိုးမျိုးကို ရှာဖွေ လျက်ရှိရာ ဗြိတိန်နှင့် စပိန်နိုင်ငံတို့က လည်း ပါလက် စတိုင်းအား အသိအမှတ် ပြုခဲ့ပြီး ဆွစ်ဇာလန် နိုင်ငံက အသိအမှတ် ပြုခဲ့ရာတွင် အစ္စရေး က ၎င်း၏ သံအမတ်ကြီးကို ပြန်လည်ခေါ် ယူသည်အထိ တင်းမာခဲ့သည်။

သို့သော် ပြင်သစ် လွှတ်တော်၏ ယခုဆုံးဖြတ် ချက်သည် မှားယွင်းပြီး ငြိမ်းချမ်းရေး အတွက် ဆန့်ကျင် ဘက်ရလဒ်ကို ဖြစ်စေနိုင်ကြောင်း အစ္စရေးက တုံ့ပြန် ထားသည်။

Ref: AFP
Mizzima - News in Burmese 

ပါလက်စတိုင်း နိုင်ငံ ဂျေရုဆလင်မြို့
ပါလက်စတိုင်း နိုင်ငံ ဂျေရုဆလင်မြို့
ပါလက်စတိုင်းအား နိုင်ငံတစ် ခုအဖြစ် အသိအ မှတ်ပြုရန် ပြင်သစ် လွှတ်တော် အမတ်များက ဒီဇင်ဘာ ၂ ရက်တွင် မဲခွဲဆုံး ဖြတ်ခဲ့ ရာအဆိုပါ လုပ်ရပ်သည် တစ်ဖက်သတ် ဆန်ပြီး အရှေ့အလယ်ပိုင်း ဒေသငြိမ်းချမ်း ရေးအတွက် အဟန့်အတား ဖြစ်စေနိုင်ကြောင်း အစ္စရေးက ပြန်လည်တုံ့ပြန် လိုက်သည်။

အရှေ့အလယ် ပိုင်းဒေသ ပြဿနာ အတွက် တိကျသည့် ဆုံးဖြတ်ချက် ရရှိစေ ရေးအတွက် ပြင်သစ် အစိုးရ အနေဖြင့် ပါလက် စတိုင်းအား နိုင်ငံတစ် ခုအဖြစ် အသိအမှတ် ပြုရေးကို လွှတ်တော်အ မတ်များက ထောက်ခံမဲ ၃၃၉ မဲ၊ ကန့်ကွက်မဲ ၁၅၁ မဲဖြင့် အတည်ပြု လိုက်ခြင်းဖြစ်သည်။

အစ္စရေးနှင့် ပါလက်စတိုင်း တို့အကြား ရပ်ဆိုင်း ထားရသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ပြန်လည်စ တင်နိုင်ရန် ဥရောပ နိုင်ငံများက နည်းလမ်း အမျိုးမျိုးကို ရှာဖွေ လျက်ရှိရာ ဗြိတိန်နှင့် စပိန်နိုင်ငံတို့က လည်း ပါလက် စတိုင်းအား အသိအမှတ် ပြုခဲ့ပြီး ဆွစ်ဇာလန် နိုင်ငံက အသိအမှတ် ပြုခဲ့ရာတွင် အစ္စရေး က ၎င်း၏ သံအမတ်ကြီးကို ပြန်လည်ခေါ် ယူသည်အထိ တင်းမာခဲ့သည်။

သို့သော် ပြင်သစ် လွှတ်တော်၏ ယခုဆုံးဖြတ် ချက်သည် မှားယွင်းပြီး ငြိမ်းချမ်းရေး အတွက် ဆန့်ကျင် ဘက်ရလဒ် ကို ဖြစ်စေနိုင်ကြောင်း အစ္စရေးက တုံ့ပြန် ထားသည်။

Ref: AFP
Mizzima - News in Burmese 

No comments:

Post a Comment