Thursday 4 December 2014

ပညာရေးဥပဒေ ဆန့်ကျင်ဘက် အုပ်စုများ စာတမ်းဖတ်မည်

လက်ရှိအတည်ပြုပြဋ္ဌာန်းထားသည့်အမျိုးသား ပညာရေးဥပဒေအပေါ် NNER အပါ အဝင် ပညာရေး နယ်ပယ်မှ ပညာ ရှင်များ၏အမြင်နှင့် ပညာရေး စနစ်ပြုပြင်ပြောင်းလဲရေး ၎င်းတို့ ၏အကြံပြုချက်များ    ရေးသား ထားသည့် စာတမ်းဖတ်ပွဲတစ်ခုကို ဒီဇင်ဘာ ၅ ရက်တွင် နာရေးကူညီ မှုအသင်း (ရန်ကုန်)၌ ပြုလုပ် မည်ဖြစ်ကြောင်း သတင်းရရှိ သည်။

အဆိုပါစာတမ်းဖတ်ပွဲကို ‘ပညာရေးပြုပြင်ပြောင်းလဲမှုနှင့် အမျိုးသားပညာရေးဥပဒေ’ဟု ခေါင်းစဉ် ပေးထားပြီး အမျိုးသားပညာရေးဥပဒေကို တက္ကသိုလ်ကျောင်းသားများကန့်ကွက် သပိတ်မှောက်ရာတွင် ဦးဆောင်ခဲ့သည့် ဒီမိုကရေစီပညာရေးလှုပ်ရှားမှုဦးဆောင် ကော်မတီက စီစဉ်ပြုလုပ်ခြင်းဖြစ်သည်။

စာတမ်းဖတ်ပွဲတွင် ပညာရေးစနစ်   ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER)၊မြန်မာနိုင်ငံလုံး ဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်၊ တိုင်းရင်း သားပါတီများနှင့် ပညာရေးလှုပ်ရှားဆောင်ရွက်နေသည့် ပညာရှင်များ   ပါဝင်ဖတ်ကြားမည်ဖြစ် ကြောင်းသိရသည်။

‘‘အမျိုးသားပညာရေးဥပဒေ ကောင်းကြောင်းတွေကို အစိုးရ က သတင်းမီဒီယာတွေကနေ ထုတ်လွှင့်နေတဲ့ အချိန်မှာ ပညာ ရှင်တွေကဖတ်တဲ့ အမျိုးသား ပညာရေးဥပဒေပေါ်အမြင်၊ ပညာရေးစနစ်ပြုပြင် ပြောင်းလဲမှုမှာ ဘာတွေလုပ်သင့်တယ်ဆိုတဲ့ သူတို့ရဲ့အကြံဉာဏ်တွေကို စာ တမ်းဖတ်မှာပါ။ တစ်နိုင်ငံလုံးမှာ ရှိတဲ့ပညာရှင်တော်တော်များများ ကိုပါအောင် ကျွန်တော်တို့ကြိုး စားထားပါတယ်။ သူတို့ပြောနေ တာ အစစ်အမှန်မဟုတ်ဘူးဆို တာကို သက်သေပြတဲ့ပွဲပါ’’ဟု သပိတ်မှောက်ဆန္ဒပြရာတွင် ဦးဆောင်ခဲ့သည့် ဒီမိုကရေစီပညာ ရေးလှုပ်ရှားမှုဦးဆောင်ကော် မတီဝင် ကိုဇေယျာလွင်ကပြော သည်။ ‘ပညာရေးပြုပြင်ပြောင်းလဲ မှုနှင့် အမျိုးသားပညာရေးဥပဒေ’ စာတမ်းဖတ်ပွဲကို ဒဂုံ(မြောက်ပိုင်း)မြို့နယ်ရှိ နာရေးကူညီမှုအသင်း (ရန်ကုန်)၊ သုခခန်းမတွင် ဒီဇင်ဘာ၅ရက် နံနက် ၉ နာရီမှ ညနေ ၅နာရီအထိ   ကျင်းပပြုလုပ်မည် ဖြစ်ကြောင်း ယင်းကော်မတီမှသိရသည်။

လွှတ်တော်တွင် အမျိုးသား ပညာရေးဥပဒေမူကြမ်းကို စတင်ဆွေးနွေးစဉ်ကတည်းက ကျောင်းသား သမဂ္ဂများ၊ ဆရာအသင်းများနှင့် အရပ်ဘက်ပညာရေး အဖွဲ့အစည်းများက ဗဟိုချုပ်ကိုင် မှုများရှိနေဆဲ ဖြစ်ကြောင်း ဝိုင်း ဝန်းကန့်ကွက်ခဲ့ကြသည်။ စက် တင်ဘာ ၃၀ ရက်စွဲဖြင့် ပြည် ထောင်စုလွှတ်တော်က အတည် ပြုပြဋ္ဌာန်းထားသည့် အမျိုးသား ပညာရေးဥပဒေတွင် ဗဟိုချုပ် ကိုင်မှုများပါဝင်နေခြင်း၊ ကျောင်း သား၊ ပြည်သူကိုအခြေမခံခြင်းနှင့် ကျောင်းသားသမဂ္ဂများဖွဲ့စည်း ခွင့်မရရှိခြင်းတို့ကြောင့် နိုဝင်ဘာ အတွင်းက ရန်ကုန်မြို့၌ လေး ရက်ကြာသပိတ်မှောက်ဆန့်ကျင် ကန့်ကွက်ခဲ့ကြသည်။

7Day DAILY 

No comments:

Post a Comment