Thursday 4 December 2014

ရွေးကောက်ပွဲ စောစော ကျင်းပရန် အစ္စရေး ဝန်ကြီးချုပ် တောင်းဆို

Photo: ရွေးကောက်ပွဲ စောစော ကျင်းပရန် အစ္စရေး ဝန်ကြီးချုပ် တောင်းဆို
Thursday, December 4, 2014

အစ္စရေး ဝန်ကြီးချုပ် ဘန်ဂျမင်နေ တန်ယာဟုက အစ္စရေးနိုင်ငံတွင် ရွေးကောက်ပွဲကို ဆောလျင်စွာ ကျင်းပရန် ဒီဇင်ဘာလ ၂ရက် ကတောင်းဆို လိုက်ပြီး ညွန့်ပေါင်း အစိုးရ အဖွဲ့မှ ဝန်ကြီး နှစ်ဦး ကိုလည်း အစိုးရ မူဝါဒကို ဆန့်ကျင်မှုဖြင့် ဝန်ကြီးရာ ထူးများမှ ထုတ်ပယ် လိုက်သည်။

ယင်းကဲ့သို့ ထုတ်ပယ် လိုက်ခြင်းသည် အစ္စရေး နိုင်ငံရေး အကျပ်အ တည်းအတွင်း နောက်ဆုံး လုပ်ဆောင်မှု တစ်ရပ်ဖြစ်ကာ ဒီဇင်ဘာ ၃ ရက်တွင် လွှတ်တော် အမတ်များက လွှတ်တော် ဖျက်သိမ်းရေး ဥပဒေကြမ်း တစ်ရပ်နှင့် ပတ်သတ်၍ မဲခွဲဆုံး ဖြတ်ကြမည် ဖြစ်သည်။

လွှတ်တော်ဖျက် သိမ်းလိုက် ပါက လာမည့်နှစ် မတ်လ သို့မဟုတ် ဧပြီလတွင် အထွေထွေ ရွေးကောက်ပွဲ ကျင်းပ ဖွယ်ရှိကာ ထိုရွေးကောက်ပွဲမှာ ၂ နှစ်ကျော် ကာလ အတွင်းမှာပင် အစ္စရေးနိုင်ငံ၏ ဒုတိယ အကြိမ်မြောက် အထွေထွေ ရွေးကောက်ပွဲ ဖြစ်သည်။

ဘဏ္ဍာ ရေးဝန်ကြီး ယိုင်ယာ လာပစ်နှင့် တရားရေး ဝန်ကြီး ဇီပီလစ်ဗ်နီ တို့အား ဝန်ကြီးရာ ထူးများမှ ထုတ်ပယ်ပစ် လိုက်ခြင်းနှင့် ပတ်သတ်၍ နေတန် ယာဟု က “ကျွန်တော့် အစိုးရ အဖွဲ့ထဲမှာ ဘယ်လို ဆန့်ကျင် မှုမျိုးကိုမှ ကျွန်တော် သည်းခံမှာ မဟုတ်ပါဘူး။ ဝန်ကြီး တွေဟာ အတွင်းစည်း ထဲကနေပြီး မူဝါဒ နဲ့ အစိုး ရ အဖွဲ့ကို တိုက်ခိုက် တာမျိုးကို ကျွန်တော် လက်ခံမှာ မဟုတ်ပါဘူး” ဟု နေတန် ယာဟုက ပြောကြားသည်။

အစ္စရေး နိုင်ငံအား ဦးဆောင် ရာတွင် ရှင်းလင်း ပြတ်သားသော လုပ်ပိုင် ခွင့်အာဏာ ရရှိလာ ရေးအတွက် လွှတ်တော်အား တတ်နိုင်သမျှ စောစော ဖျက်သိမ်း   နိုင်ရန် တောင်းဆို သွားမည် ဖြစ်ကြောင်းလည်း နေတန် ယာဟုက ဆိုခဲ့သည်။ ယခုညွန့်ပေါင်း အစိုးရ အဖွဲ့အား ၂၀၁၃ ခုနှစ် ဇန်နဝါရီလ အထွေထွေရွေး   ကောက်ပွဲ အပြီးတွင် ဖွဲ့စည်း ခဲ့ခြင်း ဖြစ်သည်။ ပုံမှန်အားဖြင့် နောက်ထပ် ရွေးကောက်ပွဲကို ၂၀၁၇ ခုနှစ် နိုဝင်ဘာလ နောက်ပိုင်း တွင်သာ ကျင်းပရ မည်ဖြစ် သည်။

လွှတ်တော်ဖျက် သိမ်းရေးအတွက် အမတ် ၁၂၀ ဦးရှိသော အစ္စရေး လွှတ်တော်တွင် မဲအများစု ရရှိရန် လိုအပ်ရာ လက်ရှိ အာဏာရ ညွန့်ပေါင်း အစိုးရ အဖွဲ့ ထဲမှ အဖွဲ့ဝင်များက လွှတ်တော် ဖျက်သိမ်း ရေးအား ထောက်ခံ မဲပေးရန် လိုအပ်သည်။ ညွန့်ပေါင်း အစိုးရ အဖွဲ့ထဲမှ အဖွဲ့ဝင်များ အနေဖြင့် လွှတ်တော် ဖျက် သိမ်းရေး ဥပဒေ ကြမ်းအား ထောက်ခံကြ ဖွယ်ရှိကြောင်း နေတန်ယာဟု၏ လီကွတ် ပါတီထဲမှ သတင်းရင်း မြစ်များက ပြောကြားသည်။

အစိုးရအဖွဲ့ ရှေ့ဆက်နိုင်ရေး အတွက်ဟု ဆိုကာ နေတန်ယာဟုသည် ဘဏ္ဍာရေး ဝန်ကြီး ယိုင်ယာလာ ပစ်ထံမှ အချက်ငါးချက် တောင်းဆို ခဲ့ပြီး၊ ပထမအ ကြိမ်အိမ် ဝယ်ယူမှု များတွင် စည်းကြပ်ခွန် လုံးဝမ ကောက်ခံရေး ယိုင်ယာ လာပစ်၏ ကြိုးပမ်းမှုအား ရပ်ဆိုင်းပေးရေး နှင့် ဂျူးနိုင်ငံတော် အဖြစ်ပြ ဌာန်းရေး ဥပဒေ ကြမ်းအား ယိုင်ယာ လာပစ်က ထောက်ခံ ပေးရေး တောင်းဆို ချက်များ ပါဝင်သည်။

ထိုအချက် များအား လိုက်လျော ပေးရေးကို လာပစ်က ငြင်းဆန် ခဲ့ကာ၊ နေတန် ယာဟုသည် ပြည်သူလူထု၏ အကျိုးစီးပွားထက် ကိုယ်ပိုင်အကျိုးစီးပွား ကိုရှေ့ တန်း တင်ကာ တာဝန်မဲ့စွာ လုပ်ဆောင်နေ သူဖြစ်ကြောင်း သူက စွပ်စွဲခဲ့ပြီး၊ အစ္စရေးတွင် မလိုအပ်ဘဲ ရွေးကောက်ပွဲ ကျင်းပရမည့် အခြေအနေ မျိုးဖြစ်အောင်   နေတန်ယာဟုက ဆုံးဖြတ်ခဲ့ သည်ဟုလည်း သူက ဝေဖန်ခဲ့သည်။

Ref: AFP
Mizzima - News in Burmese 

အစ္စရေး ၀န်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု
အစ္စရေး ၀န်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု 
အစ္စရေး ဝန်ကြီးချုပ် ဘန်ဂျမင်နေ တန်ယာဟုက အစ္စရေးနိုင်ငံတွင် ရွေးကောက်ပွဲကို ဆောလျင်စွာ ကျင်းပရန် ဒီဇင်ဘာလ ၂ရက် ကတောင်းဆို လိုက်ပြီး ညွန့်ပေါင်း အစိုးရ အဖွဲ့မှ ဝန်ကြီး နှစ်ဦး ကိုလည်း အစိုးရ မူဝါဒကို ဆန့်ကျင်မှုဖြင့် ဝန်ကြီးရာ ထူးများမှ ထုတ်ပယ် လိုက်သည်။

ယင်းကဲ့သို့ ထုတ်ပယ် လိုက်ခြင်းသည် အစ္စရေး နိုင်ငံရေး အကျပ်အ တည်းအတွင်း နောက်ဆုံး လုပ်ဆောင် မှု တစ်ရပ်ဖြစ်ကာ ဒီဇင်ဘာ ၃ ရက်တွင် လွှတ်တော် အမတ်များက လွှတ်တော် ဖျက်သိမ်းရေး ဥပဒေကြမ်း တစ်ရပ်နှင့် ပတ်သတ်၍ မဲခွဲဆုံး ဖြတ်ကြမည် ဖြစ်သည်။

လွှတ်တော်ဖျက် သိမ်းလိုက် ပါက လာမည့်နှစ် မတ်လ သို့မဟုတ် ဧပြီလတွင် အထွေထွေ ရွေးကောက်ပွဲ ကျင်းပ ဖွယ်ရှိကာ ထိုရွေးကောက်ပွဲမှာ ၂ နှစ်ကျော် ကာလ အတွင်းမှာပင် အစ္စရေးနိုင်ငံ၏ ဒုတိယ အကြိမ် မြောက် အထွေထွေ ရွေးကောက်ပွဲ ဖြစ်သည်။

ဘဏ္ဍာ ရေးဝန်ကြီး ယိုင်ယာ လာပစ်နှင့် တရားရေး ဝန်ကြီး ဇီပီလစ်ဗ်နီ တို့အား ဝန်ကြီးရာ ထူးများမှ ထုတ်ပယ်ပစ် လိုက်ခြင်းနှင့် ပတ်သတ်၍ နေတန် ယာဟု က “ကျွန်တော့် အစိုးရ အဖွဲ့ထဲမှာ ဘယ်လို ဆန့်ကျင် မှုမျိုးကိုမှ ကျွန်တော် သည်းခံမှာ မဟုတ်ပါဘူး။ ဝန်ကြီး တွေဟာ အတွင်းစည်း ထဲကနေပြီး မူဝါဒ နဲ့ အစိုး ရ အဖွဲ့ကို တိုက်ခိုက် တာမျိုးကို ကျွန်တော် လက်ခံမှာ မဟုတ်ပါဘူး” ဟု နေတန် ယာဟုက ပြောကြားသည်။

အစ္စရေး နိုင်ငံအား ဦးဆောင် ရာတွင် ရှင်းလင်း ပြတ်သားသော လုပ်ပိုင် ခွင့်အာဏာ ရရှိလာ ရေးအတွက် လွှတ်တော်အား တတ်နိုင်သမျှ စောစော ဖျက်သိမ်း   နိုင်ရန် တောင်းဆို သွားမည် ဖြစ်ကြောင်းလည်း နေတန် ယာဟုက ဆိုခဲ့သည်။ ယခုညွန့်ပေါင်း အစိုးရ အဖွဲ့အား ၂၀၁၃ ခုနှစ် ဇန်နဝါရီလ အထွေထွေရွေး   ကောက်ပွဲ အပြီးတွင် ဖွဲ့စည်း ခဲ့ခြင်း ဖြစ်သည်။ ပုံမှန်အားဖြင့် နောက်ထပ် ရွေးကောက်ပွဲကို ၂၀၁၇ ခုနှစ် နိုဝင်ဘာလ နောက်ပိုင်း တွင်သာ ကျင်းပရ မည်ဖြစ် သည်။

လွှတ်တော်ဖျက် သိမ်းရေးအတွက် အမတ် ၁၂၀ ဦးရှိသော အစ္စရေး လွှတ်တော်တွင် မဲအများစု ရရှိရန် လိုအပ်ရာ လက်ရှိ အာဏာရ ညွန့်ပေါင်း အစိုးရ အဖွဲ့ ထဲမှ အဖွဲ့ဝင်များက လွှတ်တော် ဖျက်သိမ်း ရေးအား ထောက်ခံ မဲပေးရန် လိုအပ်သည်။ ညွန့်ပေါင်း အစိုးရ အဖွဲ့ထဲမှ အဖွဲ့ဝင်များ အနေဖြင့် လွှတ်တော် ဖျက် သိမ်းရေး ဥပဒေ ကြမ်းအား ထောက်ခံကြ ဖွယ်ရှိကြောင်း နေတန်ယာဟု၏ လီကွတ် ပါတီထဲမှ သတင်းရင်း မြစ်များက ပြောကြားသည်။

အစိုးရအဖွဲ့ ရှေ့ဆက်နိုင်ရေး အတွက်ဟု ဆိုကာ နေတန်ယာဟုသည် ဘဏ္ဍာရေး ဝန်ကြီး ယိုင်ယာလာ ပစ်ထံမှ အချက်ငါးချက် တောင်းဆို ခဲ့ပြီး၊ ပထမအ ကြိမ်အိမ် ဝယ်ယူမှု များတွင် စည်းကြပ်ခွန် လုံးဝမ ကောက်ခံရေး ယိုင်ယာ လာပစ်၏ ကြိုးပမ်းမှုအား ရပ်ဆိုင်းပေးရေး နှင့် ဂျူးနိုင်ငံတော် အဖြစ်ပြ ဌာန်းရေး ဥပဒေ ကြမ်းအား ယိုင်ယာ လာပစ်က ထောက်ခံ ပေးရေး တောင်းဆို ချက်များ ပါဝင်သည်။

ထိုအချက် များအား လိုက်လျော ပေးရေးကို လာပစ်က ငြင်းဆန် ခဲ့ကာ၊ နေတန် ယာဟုသည် ပြည်သူ လူထု၏ အကျိုးစီးပွားထက် ကိုယ်ပိုင်အကျိုးစီးပွား ကိုရှေ့ တန်း တင်ကာ တာဝန်မဲ့စွာ လုပ်ဆောင်နေ သူဖြစ်ကြောင်း သူက စွပ်စွဲခဲ့ပြီး၊ အစ္စရေးတွင် မလိုအပ်ဘဲ ရွေးကောက်ပွဲ ကျင်းပရမည့် အခြေအနေ မျိုးဖြစ်အောင်   နေတန်ယာဟုက ဆုံးဖြတ်ခဲ့ သည်ဟုလည်း သူက ဝေဖန်ခဲ့သည်။

Ref: AFP
Mizzima - News in Burmese 

No comments:

Post a Comment