Thursday 4 December 2014

တရားရင်ဆိုင်နေရသော လန်ဒန်ဆရာတော် အပါအဝင် သံဃာငါးပါး၏ မဟာသံဃနာယက အစည်းအဝေးမှတ်တမ်းအား သက်သေခံအဖြစ် တင်ပြလျှောက်ထားမှု ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးပယ်ချ

Photo: တရားရင်ဆိုင်နေရသော လန်ဒန်ဆရာတော် အပါအဝင် သံဃာငါးပါး၏ မဟာသံဃနာယက အစည်းအဝေးမှတ်တမ်းအား သက်သေခံအဖြစ် တင်ပြလျှောက်ထားမှု ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးပယ်ချ
Thursday, December 4, 2014

လန်ဒန်ဆရာ တော်အပါအဝင် သံဃာငါးပါးအား စွဲဆိုထားသည့် သံဃာ့အဖွဲ့အစည်း ဆိုင်ရာဥပဒေ ၂ဝ/၉ဝနှင့်ပတ်သက် ပြီး မဟာသံဃနာယက အစည်းအ ဝေးမှတ်တမ်းအား သက်သေခံအဖြစ် တင်ပြလျှောက်ထားမှုကို ရန်ကုန်အ ရှေ့ပိုင်းခရိုင်တရားရုံးမှခရိုင်တွဲဖက် တရားသူကြီးဦးငြိမ်းမြင့်မှ ဒီဇင်ဘာ ၃ရက်တွင် ပယ်ချခဲ့ကြောင်း သိရ သည်။

အစည်းအဝေးမှတ်တမ်းသည် ကန့်သတ်မှတ်တမ်းဖြစ်သည့် အတွက် သက်သေခံအဖြစ်တင်သွင်းမှုအား ပယ်ချလိုက်ခြင်းဖြစ်သည်။

တရားလွှတ်တော်ရှေ့နေ ဦးသိမ်း ဝင်းက''အစည်းအဝေး မှတ်တမ်းက ကန့်သတ်မှတ်တမ်းဖြစ်တဲ့အတွက် ပယ်ကြောင်း ခရိုင် တရားရုံးက ဆုံး ဖြတ်တယ်။ ဒီအစည်းအဝေးစာရွက် ဟာ ကန့်သတ်မှန်ပေမယ့် အများ ပြည်သူမြို့နယ် သံဃမဟာနာယ ကတွေကို ပျံ့နေပြီးသား။ ဒီစာရွက် ဟာ အမှုအတွက် အရေးပါတဲ့စာရွက် ဖြစ်တဲ့အတွက် သက်သေခံအဖြစ် တင်ပြတာပါ''ဟု ပြောသည်။

အဆိုပါအစည်းအဝေးမှတ်တမ်း ကို သက်သေခံအဖြစ် တာမွေတရား ရုံးတွင် တင်ပြခဲ့ရာတွင် ပယ်ချခံခဲ့ရ သည့်အတွက် အရှေ့ပိုင်းခရိုင်တရား ရုံးသို့တင်ပြခဲ့ခြင်းဖြစ်ကာ ယခုကဲ့ သို့ ထပ်မံပယ်ချလိုက်သည့်အတွက် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ် တော် သို့ဆက်လက်တင်ပြသွားမည် ဖြစ်ကြောင်းသိရသည်။ ဒီဇင်ဘာ ၃ရက် ရုံးချိန်းတွင် သက်သေအဖြစ် တင်သွင်းသည့်အချက်များမှာ သံ ဃာဆိုင်ရာ ဥပဒေပုဒ်မ-၁၄နှင့် ၂၉၅ (က)သာသနာတော်အကြည်ညိုပျက် စေမှုတို့ကို ခရိုင်တရားရုံးမှ ပယ်ချကာ မြို့နယ် တရားရုံးတွင်သာ ပြန်လည် တရား ရင်ဆိုင်ရန်အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

ဦးသိမ်းဝင်းက''ဒီအမှု တွဲပြန် ကျရင်ရက်ပေါင်း ၆ဝ အတွင်းဆက် တင်ပြရမှာပေါ့။ ခန့်မှန်းခြေ ဒီလ အတွင်း ဆက်လက်တင်ပြဖို့ရှိတယ်။ အဆင့်ဆင့်ဆက်လက် တင်ပြသွားဖို့ ရှိတယ်။ တရားဥပဒေအကြောင်းအရ တော့ ဖြတ်သန်းရမယ့်အဆင့်တွေက အများကြီးကျန်နေသေးတယ်။ ဘာလို့ လဲဆိုတော့ ခုထိတရားလိုကိုပဲ စစ်ရ သေးတယ်။ အဆင့်အဆင့်အများကြီး ဖြတ်သန်းရဦးမှာ။ အမှုတွဲနဲ့ပတ် သက်ပြီး ပြောဖို့က အများကြီးလို ပါသေးတယ်''ဟုပြောသည်။

မဟာသန­္တိသုခကျောင်းတိုက် တွင် သီတင်းသုံးနေသည့် လန်ဒန် ဆရာတော်ဦးဥတ္တရ အပါအဝင်သံ ဃာတော်ငါးပါးကို ဇွန်၁ဝရက် ည ၁ဝနာရီအချိန်တွင် အင်အားသုံး ဖယ် ရှားခဲ့ပြီး လန်ဒန်ဆရာတော် အပါအ ဝင်သံဃာငါးပါးအား ရန်ကုန်တိုင်းဒေ သကြီး သာသနာရေးမှူးမှ တရား လိုပြုလုပ်ကာ ပြစ်မှုဆိုင်ရာဥပဒ ပုဒ်မ ၂၉၅(က)သာသနာအကြည်ညို ပျက်စေမှုနှင့် သံဃာ့အဖွဲ့အစည်းဆိုင် ရာ ဥပဒေ ၂ဝ/၉ဝ တို့ဖြင့် တာမွေ မြို့နယ် တရားရုံးတွင် တရားစွဲဆိုထား ခြင်း ဖြစ်သည်။

ဆရာတော်ဦးဥတ္တရက''သူတို့ ဘက်က ဒါဟာနိုင်ငံတော် ကန့် သတ်ချက်ဖြစ်တယ်လို့ပြောတယ်။ ဒါကိုဦးပဉ္ဇင်းတို့ဘက်ကအကျိုး အ ကြောင်း ခိုင်လုံမှုမရှိဘူးလို့ယူဆတယ်။ ဘာလို့လဲဆိုတော့ဒီအကြောင်းအရာ အားလုံးက ပြည်သူတွေလက်ထဲမှာ လဲ ပျံ့နှံနေပြီ။ ပြီးတော့နိုင်ငံတော် ကန့်သတ်ချက်ဆို အစိုးရလက်ထဲမှာ ပဲရှိသင့်တာပေါ့''ဟုပြောသည်။

သာသနာအကြည်ညို ပျက်စေ မှု ပုဒ်မ-၂၉၅ (က) ကို ပယ်ဖျက်ပေး ရန်အတွက်လည်း ရန်ကုန်တိုင်းဒေသ ကြီးတရား လွှတ်တော်သို့တင်ပြထား ကြောင်း သိရသည်။

သံဃာ့အဖွဲ့အစည်းစည်းမျဉ်းဆိုင် ရာ ဥပဒေ ၂ဝ/၉ဝ နှင့်ပတ်သက်ပြီး ဒီဇင်ဘာ ၅ရက်တွင် တာမွေတရား ရုံးတွင် စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။ 

Yangon Media Group
လန်ဒန်ဆရာ တော်အပါအဝင် သံဃာငါးပါးအား စွဲဆိုထားသည့် သံဃာ့အဖွဲ့အစည်း ဆိုင်ရာဥပဒေ ၂ဝ/၉ဝ နှင့် ပတ်သက် ပြီး မဟာသံဃနာယက အစည်းအ ဝေးမှတ်တမ်းအား သက်သေခံအဖြစ် တင်ပြလျှောက် ထားမှုကို ရန်ကုန်အ ရှေ့ပိုင်းခရိုင်တရားရုံးမှခရိုင်တွဲဖက် တရားသူကြီးဦးငြိမ်းမြင့်မှ ဒီဇင်ဘာ ၃ရက်တွင် ပယ်ချခဲ့ကြောင်း သိရသည်။

အစည်းအဝေးမှတ်တမ်းသည် ကန့်သတ်မှတ်တမ်းဖြစ်သည့် အတွက် သက်သေခံအဖြစ်တင်သွင်းမှုအား ပယ်ချလိုက်ခြင်းဖြစ်သည်။

တရားလွှတ်တော်ရှေ့နေ ဦးသိမ်း ဝင်းက''အစည်းအဝေး မှတ်တမ်းက ကန့်သတ်မှတ်တမ်းဖြစ်တဲ့အတွက် ပယ်ကြောင်း ခရိုင် တရားရုံးက ဆုံး ဖြတ်တယ်။ ဒီအစည်းအဝေးစာရွက် ဟာ ကန့်သတ်မှန်ပေမယ့် အများ ပြည်သူမြို့နယ် သံဃမဟာနာယ ကတွေကို ပျံ့နေပြီးသား။ ဒီစာရွက် ဟာ အမှုအတွက် အရေးပါတဲ့စာရွက် ဖြစ်တဲ့အတွက် သက်သေခံအဖြစ် တင်ပြတာပါ''ဟု ပြောသည်။

အဆိုပါအစည်းအဝေးမှတ်တမ်း ကို သက်သေခံအဖြစ် တာမွေတရား ရုံးတွင် တင်ပြခဲ့ရာတွင် ပယ်ချခံခဲ့ရ သည့်အတွက် အရှေ့ပိုင်းခရိုင်တရား ရုံးသို့တင်ပြခဲ့ခြင်းဖြစ်ကာ ယခုကဲ့ သို့ ထပ်မံပယ်ချလိုက်သည့် အတွက် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ် တော် သို့ဆက်လက်တင်ပြသွားမည် ဖြစ်ကြောင်းသိရသည်။ ဒီဇင်ဘာ ၃ရက် ရုံးချိန်းတွင် သက်သေအဖြစ် တင်သွင်းသည့်အချက်များမှာ သံဃာဆိုင်ရာ ဥပဒေပုဒ်မ-၁၄နှင့် ၂၉၅ (က)သာသနာတော်အကြည်ညိုပျက် စေမှုတို့ကို ခရိုင်တရားရုံးမှ ပယ်ချကာ မြို့နယ် တရားရုံး တွင် သာ ပြန်လည် တရား ရင်ဆိုင်ရန်အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

ဦးသိမ်းဝင်းက''ဒီအမှု တွဲပြန် ကျရင်ရက်ပေါင်း ၆ဝ အတွင်းဆက် တင်ပြရမှာပေါ့။ ခန့်မှန်းခြေ ဒီလ အတွင်း ဆက်လက်တင်ပြဖို့ရှိတယ်။ အဆင့်ဆင့်ဆက်လက် တင်ပြသွားဖို့ ရှိတယ်။ တရားဥပဒေအကြောင်းအရ တော့ ဖြတ်သန်းရမယ့်အဆင့်တွေက အများကြီးကျန်နေသေးတယ်။ ဘာလို့ လဲဆိုတော့ ခုထိတရားလိုကိုပဲ စစ်ရ သေးတယ်။ အဆင့်အဆင့်အများကြီး ဖြတ်သန်းရဦးမှာ။ အမှုတွဲနဲ့ပတ် သက်ပြီး ပြောဖို့က အများကြီး လို ပါသေးတယ်''ဟုပြောသည်။

မဟာသန­္တိသုခကျောင်းတိုက်တွင် သီတင်းသုံးနေသည့် လန်ဒန် ဆရာတော်ဦးဥတ္တရ အပါအဝင် သံဃာ တော် ငါးပါးကို ဇွန်၁ဝရက် ည ၁ဝနာရီအချိန်တွင် အင်အားသုံး ဖယ် ရှားခဲ့ပြီး လန်ဒန်ဆရာတော် အပါအ ဝင်သံဃာငါးပါးအား ရန်ကုန်တိုင်းဒေ သကြီး သာသနာရေးမှူးမှ တရား လိုပြုလုပ်ကာ ပြစ်မှုဆိုင်ရာဥပဒ ပုဒ်မ ၂၉၅(က)သာသနာအကြည်ညို ပျက်စေမှုနှင့် သံဃာ့အဖွဲ့အစည်းဆိုင် ရာ ဥပဒေ ၂ဝ/၉ဝ တို့ဖြင့် တာမွေ မြို့နယ် တရားရုံးတွင် တရားစွဲဆိုထား ခြင်း ဖြစ်သည်။

ဆရာတော်ဦးဥတ္တရက''သူတို့ ဘက်က ဒါဟာနိုင်ငံတော် ကန့် သတ်ချက်ဖြစ်တယ်လို့ပြောတယ်။ ဒါကိုဦးပဉ္ဇင်းတို့ဘက်ကအကျိုး အ ကြောင်း ခိုင်လုံမှုမရှိဘူးလို့ယူဆတယ်။ ဘာလို့လဲဆိုတော့ဒီအကြောင်း အရာ အားလုံးက ပြည်သူတွေလက်ထဲမှာ လဲ ပျံ့နှံနေပြီ။ ပြီးတော့နိုင်ငံတော် ကန့်သတ်ချက်ဆို အစိုးရ လက်ထဲမှာ ပဲရှိသင့်တာပေါ့''ဟုပြောသည်။

သာသနာအကြည်ညို ပျက်စေ မှု ပုဒ်မ-၂၉၅ (က) ကို ပယ်ဖျက်ပေး ရန်အတွက်လည်း ရန်ကုန်တိုင်းဒေသ ကြီးတရား လွှတ်တော်သို့တင်ပြထား ကြောင်း သိရသည်။

သံဃာ့အဖွဲ့အစည်းစည်းမျဉ်းဆိုင် ရာ ဥပဒေ ၂ဝ/၉ဝ နှင့်ပတ်သက်ပြီး ဒီဇင်ဘာ ၅ရက်တွင် တာမွေတရား ရုံးတွင် စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။ 

Yangon Media Group 

No comments:

Post a Comment