Thursday 4 December 2014

ရန်ကုန်မြို့လမ်းဆုံသုံးခုတွင် ခုံးတံတားထပ်မံဆောက်ရန် ကျပ်ဘီလီယံ ၅၀ ကျော်သုံးမည်

လာမည့် ၂၀၁၅အတွင်း ရန်ကုန်မြို့၏အချက်အချာနေရာများဖြစ်သော တာမွေ လမ်းဆုံ၊ ၈ မိုင်လမ်းဆုံနှင့် ကုက္ကိုင်း လမ်းဆုံများတွင် ခုံးကျော်တံတားများကို ငွေကျပ် ၅၄ ဘီလီယံကျော်အသုံးပြု တည်ဆောက် သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုပါတံတားသုံးစင်း တည်ဆောက်ရေးလုပ်ငန်းကိုအထူးစီမံကိန်းများအဖြစ်  သတ်မှတ်၍ ရန်ကုန် တိုင်းဒေသကြီး အစိုးရမှတာဝန်ယူကာ လာမည့် ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်နိုင်ရန် ဘတ်ဂျက်တွင် ထည့်သွင်းတောင်းခံထား ခြင်းဖြစ်သည်။

ယခုလ ၃ ရက်တွင် စတင် ပြုလုပ်သောရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အထူးအစည်းအဝေး၌ ရန်ကုန် တိုင်းဒေသကြီး အစိုးရမှတင်သွင်းသည့် ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ် ရန်ကုန်တိုင်း ဒေသကြီး၏ ရသုံးမှန်း ခြေငွေ စာရင်းလျာထားချက်တွင် အဆို ပါတံတားသုံးစင်းတည်ဆောက်ရန် ရန်ပုံငွေထည့်သွင်းတောင်းခံ ထားခြင်းဖြစ်သည်။

‘‘ဒီကိစ္စကို အခုဘတ်ဂျက် တင်တော့မှသိတာ။ ဘယ်လိုလုပ် မယ်ဆိုတာတော့  သေချာမသိ ရသေးဘူး။ ကုမ္ပဏီတွေကိုပြန် ပေးမှာလား။ အစိုးရကတာဝန်ခံ ပြီးကိုယ်တိုင်ဆောက်မလားဆို တာလည်း မသိသေးဘူး။ ဒါပေမဲ့ အခုက လွှတ်တော်ကိုတင်ထား တုန်းပဲရှိပါသေးတယ်။ လွှတ် တော်ကခွင့်ပြုချက် ကျမှဆောက် လုပ်ရမှာပေါ့။ ဒါကတော့ လုပ် ကိုလုပ်သင့်တဲ့လုပ်ငန်းပါ’’ဟု ရန်ကုန်တိုင်းဒေသကြီး  လွှတ် တော်ကိုယ်စားလှယ်တစ်ဦးက ပြောသည်။

တံတားများတည်ဆောက် ရာတွင်ကုန်ကျမည့်  တည်ဆောက်ရေးစရိတ်များအဖြစ် တာမွေခုံးကျော်အတွက် ကျပ်၂၂ ဘီလီယံကျော်၊ ၈မိုင်လမ်းဆုံခုံးကျော်အတွက် ၁၆ ဘီလီယံကျော်နှင့် ကုက္ကိုင်းလမ်းဆုံ ခုံးကျော်အတွက်၁၅ ဘီလီယံကျော်ကိုဘတ်ဂျက်တွင်  ထည့်သွင်းတောင်းခံထားသည်။

 ‘‘ခုံးတံတားတွေဆောက်ဖို့ ကတော့လိုအပ်ပါတယ်။ ဒါပေမဲ့ အဲဒါတွေဆောက်လိုက်ရုံနဲ့တော့ ယာဉ်ကြော ကျပ်မှုကိုဖြေရှင်းနိုင် မယ်မထင်ဘူး။ အခုလည်း လှည်း တန်းတို့၊ ဘုရင့်နောင်တို့ တံတား တွေဆောက် ထားတာပဲ။ ထင် သလောက်လည်းယာဉ်ကြော ချောင်မလာပါဘူး။ အခုတံတား ထိုးမယ်ဆိုတဲ့နေ ရာတွေ လည်း ဒီလိုပဲဖြစ်သွားနိုင်တယ်’’  ဟု အငှားယာဉ်မောင်းကိုအောင်မျိုး ကပြောသည်။

ရန်ကုန်မြို့တွင်းဖြစ်ပေါ်နေသည့် ယာဉ်ကြောကျပ်တောက်မှုများကို ဖြေရှင်းနိုင်ရေးမြို့တွင်းအဓိက နေရာ များ ဖြစ်သည့် လှည်းတန်းလမ်းဆုံ၊ ဘုရင့်နောင်လမ်းဆုံများတွင် ခုံးကျော်တံတားများ တည်ဆောက် ခဲ့ပြီး လက်ရှိတွင် မြေနီကုန်းလမ်းဆုံ၌  ခုံးကျော်တံတားတစ်စင်းတည်ဆောက်ဆဲဖြစ်သည်။

7Day DAILY 

No comments:

Post a Comment